November 29, 2022

မြန်မာနဲ့လာအိုကို ထိုင်းလူကုန်ကူးဂိုဏ်းတွေ ပို့ဆောင်ထားတဲ့ ကင်ညာနိုင်ငံသား ၆၀ကို ကယ်ဆယ်နိုင်ခဲ့

ဘန်ကောက်၊ နိုဝင်ဘာ (၂၉) ဆိုက်ဘာရာဇဝတ်မှုတွေ၊ လိမ်လည်လှည့်ဖျားရတဲ့ ဖုန်းခေါ်ဆိုရေး အလုပ်အကိုင်တွေနဲ့ ပြည့်တန်ဆာလုပ် ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့အတွက် လာအိုနဲ့ မြန်မာနိုင်ငံကို ထိုင်းလူကုန်ကူးဂိုဏ်းတွေရဲ့ လူကုန်ကူးခံခဲ့ရတဲ့ ကင်ညာနိုင်ငံသား ၆၀ ကျော်ကို ထိုင်းနိုင်ငံက ကယ်ဆယ်ထားနိုင်ခဲ့ပါတယ်။ ကင်ညာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ကယ်ဆယ်ခဲ့စဉ်က စစ်ဆင်ရေးတစ်ခုကြောင့် အနည်းဆုံး ကင်ညာလူမျိုးတစ်ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ဟိုတယ်စီမံခန့်ခွဲမှုပညာရပ်နဲ့…

တရုတ်နိုင်ငံမှာ ကိုဗစ်လော့ခ်ဒေါင်းချမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပျံ့နှံ့ပြီးနောက် ရုန်းရင်း ဆန်ခတ်မှုတွေဖြစ်ပွားနေ

ရှန်ဟိုင်း – နိုဝင်ဘာ(၂၉) တရုတ်နိုင်ငံရဲ့ တင်းကြပ်တဲ့ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် နိုင်ငံအနှံ့သုံးရက်ကြာ ဆန္ဒပြပွဲ တွေဖြစ်ပွားနေပြီး ရှန်ဟိုင်းမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့နိုဝင်ဘာလ (၂၇) ရက်နေ့ညပိုင်းက ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်။ သမ္မတရှီကျင်းဖျင် အာဏာရလာချိန်ကစပြီး တရုတ်နိုင်ငံမှာ အာဏာဖီဆန်မှုလှိုင်းဟာ မကြုံစဖူး ဖြစ်ပေါ်နေပြီး ရှီရဲ့ ကိုဗစ်သုလ မူဝါဒကို သုံးနှစ်နီးပါးကြာအောင် မကျေနပ်မှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။…

ထိုင်းနိုင်ငံ တစ်ဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်ခွင့်ပေး

ဘန်ကောက် – နိုဝင်ဘာ(၂၉) ထိုင်းနိုင်ငံရဲ့ အမှားပြင်ဆင်ရေးဌာန (Department of Corrections _DoC) ဟာ နိုင်ငံတဝှမ်းက အကျဉ်းသားတွေကို ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲထုတ်လွှင့်မှုတွေကို ကြည့်ရှု့ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကာတာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၀) ရက်နေ့က စတင်ကျင်းပနေတဲ့ ကမ္ဘော့ဖလားပွဲတွေကို လာမယ့် ဒီဇင်ဘာလ(၁၈) ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာတော့ အခမဲ့ ရုပ်သံ…

ထိုင်းနိုင်ငံ တစ်ဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်ခွင့်ပေး

ဘန်ကောက် – နိုဝင်ဘာ(၂၉) ထိုင်းနိုင်ငံရဲ့ အမှားပြင်ဆင်ရေးဌာန (Department of Corrections _DoC) ဟာ နိုင်ငံတဝှမ်းက အကျဉ်းသားတွေကို ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲထုတ်လွှင့်မှုတွေကို ကြည့်ရှု့ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကာတာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၀) ရက်နေ့က စတင်ကျင်းပနေတဲ့ ကမ္ဘော့ဖလားပွဲတွေကို လာမယ့် ဒီဇင်ဘာလ(၁၈) ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာတော့ အခမဲ့ ရုပ်သံ…

မိုးဗြဲမြို့ပေါ်မှာ ကလေးငယ် သုံးဦး မြေမြှုပ်မိုင်းနင်းမိပြီး တစ်ဦးစိုးရိမ်ရ

မိုးဗြဲ၊ နိုဝင်ဘာ (၂၉) ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်မိုးဗြဲမြို့ စက်တော်ရာဘုရားအနီးမှာ ဒေသခံကလေးငယ်(၃)ဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၇) ရက်နေ့က မိုးဗြဲမြို့ပေါ်က စက်တော်ရာဘုရားအနီးမှာ စစ်ရှောင်စခန်းကနေ နေရပ်ပြန်လာနေတဲ့ ကလေးငယ် ၃ ဦး ငှက်ပစ်ထွက်ရင်း မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ကလေးငယ် ၃ ဦးလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး…

ကြာအင်းဆိပ်ကြီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရွာ ၂ ရွာကို မီးရှို့သွား

ကြာအင်းဆိပ်ကြီး၊ နိုဝင်ဘာ (၂၉) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်တိုက်နယ်ထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရွာ ၂ ရွာကို မီးရှို့သွားတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီကနေ့ နိုဝင်ဘာ(၂၈)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲခန့်မှာ တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်တိုက်နယ် ပုလိန်ကျေးရွာမှာ စစ်ကြောင်းထိုးရောက်ရှိလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတစ်ဦးရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားခဲ့သလို ငြိမ်းချမ်းမြိုင်ကျေးရွာကိုလည်း မီးရှို့သွားခဲ့တယ်လို့…

စစ်အာဏာသိမ်း (၆၆၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၄၆ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၂၉) AAPP ရဲ့ နိုဝင်ဘာလ (၂၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၆၆)ရက်အတွင်း ပြည်သူ (၂၅၄၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၄၆၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မွန်ပြည်နယ်မှာ ထိုင်းနိုင်ငံထုတ် စားသုံးဆီတွေကို စစ်ကောင်စီ လိုက်လံဖမ်းဆီးသိမ်းယူနေ

မော်လမြိုင်၊ နိုဝင်ဘာ (၂၉) မွန်ပြည်နယ်မှာ မြဝတီနယ်စပ်ကနေတဆင့် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံထုတ် စားသုံးဆီတွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေက ပွဲရုံတွေနဲ့ ဈေးတွေအတွင်း လိုက်လံဖမ်းဆီးသိမ်းယူနေတယ်လို့ ပွဲရုံ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီကတော့ ထိုင်းနိုင်ငံထုတ် ဇွန်နှစ်ကောင်တံဆိပ်ပါတဲ့ စားသုံးဆီတွေဟာ အခွန်မဆောင်ဘဲ တရားမဝင် ဝင်ရောက်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး လိုက်လံဖမ်းဆီးသိမ်းယူနေတာ…

KNU တပ်မဟာ(၁) ဌာနချုပ်ရုံးဟောင်းနေရာကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲ

သထုံ၊ နိုဝင်ဘာ (၂၉) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ၊ တိုတယ်ခီးဌာနချုပ်ရုံးဟောင်းနေရာကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် ဗုံးကြဲသွားတယ်လို့ KNU သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းမြို့နယ်ထဲမှာ ရှိတဲ့ KNU တပ်မဟာ(၁) ဌာနချုပ်ရုံးဟောင်းနေရာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ ည ၁၁…