အယ်လ်ဂျီးရီးယား၊ နိုဝင်ဘာ (၂၆)

ပြီးခဲ့တဲ့နှစ်က တောမီးရှို့တဲ့သူဆိုပြီး သံသယရှိသူ အမျိုးသားတစ်ဦးကို မှားယွင်းစွာ သတ်ဖြတ်ခဲ့တဲ့ လူ ၄၉ ဦးကို အယ်လ်ဂျီးရီးယားတရားရုံးက သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း သေဒဏ်ပေးမှုတွေကို ဆိုင်းငံ့ထားတဲ့အတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ လျှော့ချနိုင် ဖွယ်ရှိနေတာပါ။

၂၀၂၁ ခုနှစ်မှာ အယ်လ်ဂျီးရီးယားနိုင်ငံရဲ့သမိုင်းမှာ အဆိုးရွားဆုံးမီးလောင်ကျွမ်းမှုကို ကြုံတွေ့ခဲ့ပြီး လူဦးရေ (၉၀) သေဆုံးခဲ့ရတဲ့ အဲဒီမီးလောင်မှုမှာ ဘန်အစ်စမေးလ်ဆိုသူဟာ တောမီးကို ငြိမ်းသတ်ဖို့ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အထင်လွဲမှားမှုတွေဖြစ်ခဲ့ပြီး မီးရသူလို့ စွပ်စွဲခံခဲ့ရတာပါ။

ပြီးခဲတဲ့နှစ် ဩဂုတ်လမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် အသက် ၃၈ နှစ်အရွယ်ရှိ အဲဒီအမျိုးသားဟာ သူ့ရဲ့ နေအိမ်ကနေ ကီလိုမီတာ ၃၂၀ (မိုင် ၂၀၀) ကျော်ခရီးနှင်ကာ ထိခိုက်မှုအများဆုံးဖြစ်တဲ့ မြို့တော် အယ်လ်ဂျီရီး ယားရဲ့ အရှေ့ဘက်ဒေသက မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ဖို့ ခရီးနှင်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။  

သူရောက်လာပြီး မကြာခင်မှာပဲ ဒေသခံတစ်ချို့က သူ့ကို မီးရှို့ခဲ့သူလို့ စွပ်စွဲခဲ့တာပါ။
ဩဂုတ်လ ၁၁ ရက်နေ့က ဘန်အစ်စမေးလ် တိုက်ခိုက်ခံရတဲ့ ဗီဒီယိုဟာ စတင်ပျံ့နှံ့ခဲ့ပြီး အလောင်းကို ရွာရင်ပြင် ကို မပို့ဆောင်မီ လူတွေက ညှဉ်းပန်းနှိပ်စက်ပြီး မီးရှို့ခဲ့ကြပုံကို ဖော်ပြထားပါတယ်။

မစ္စတာ ဘန်အစ်စမေးလ်ရဲ့ အစ်ကိုဖြစ်သူက တိုက်ခိုက်မှု ဗီဒီယိုဖိုင်ကို ဖျက်ပေးဖို့ ဆိုရှယ်မီဒီယာ အသုံးပြုသူ တွေကို တိုက်တွန်းခဲ့ပြီး အမေက သူ့သား ဘယ်လိုသေသွားမှန်း မသိသေးဘူးလို့ သူ့အကိုက ပြောပါတယ်။

“ကျွန်တော့်ရဲ့သားက သူ့အစ်ကိုတွေကို ကူညီဖို့ သူချစ်တဲ့ ဒီနေရာကနေ ထွက်သွားခဲ့တာ။ သူ့ကို အရှင်လတ် လတ် မီးရှို့သတ်ခဲ့ကြတယ်” လို့ သေဆုံးသူရဲ့ဖခင်ဖြစ်သူက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

အဲဒီတောမီးဟာ ခြောက်သွေ့တဲ့အခြေအနေနဲ့ အပူချိန် အလွန်မြင့်မားတဲ့ကြားမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာပိုင်တွေက သတ်ဖြတ်ခံရမှုအတွက် ရာဇဝတ်သားတွေကိုလည်း အပြစ်တင်ခဲ့ပါတယ်။

လူသတ်မှုနဲ့ ပတ်သက်တဲ့ အခြားပြစ်မှုတွေနဲ့ အတ ူလူ (၂၈) ဦးကို ထောင်ဒဏ် ၂ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခဲ့တယ်လို့လည်း နိုင်ငံပိုင်သတင်းအေဂျင်စီတွေမှာ ဖော်ပြထားခဲ့ပါတယ်။
Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.