ဆစ်ဒနီ၊ နိုဝင်ဘာ (၂၃)

ဩစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ဘဏ်လုပ်ငန်းရှင်တွေကို ပိတ်ဆို့အရေးယူသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်က ပြောကြား လိုက်ပါတယ်။

မစ္စတာ ရှောင်တာနဲလ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာအကျဉ်းထောင်က လွတ်မြောက်လာပြီးတဲ့ နောက်မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံမေးမြန်းခန်းမှာ ဒီလိုပြောကြားခဲ့တာပါ။

တနင်္လာနေ့ထုတ် The Australian သတင်းစာကို ပြောကြားရာမှာတော့ တာနဲလ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ဖမ်းဆီးခံရပြီးနောက် ရက်ပေါင်း ၆၅၀ ခန့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကိုလိုနီခေတ် အင်းစိန် အကျဉ်းထောင်နဲ့ နေပြည်တော်ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုမှာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီရဲ့  ရဲအရာရှိတွေက တာနဲလ် ကို ဗြိတိန်ရဲ့  MI6 သေနတ်တွေနဲ့ ပတ်သက်ပြီး  မှောင်ခိုလုပ်ငန်းလုပ်ငန်းနေတယ်လို့ စွပ်စွဲခဲ့တာပါ။

ဖမ်းဆီးထားချိန်မှာ ရိုက်နှက်ခြင်းမပြုပေမယ့်လည်း သူ့ကို ညစ်ပတ်လွန်းတဲ့ အချုပ်ခန်းမှာ ထိန်းသိမ်းထားခဲ့တာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

“ပို့ပေးတဲ့ အစားအစာတွေကို ရက်ပေါင်း ၆၅၀ လုံးလုံး ပုံးတစ်ပုံးကိုပဲ အသုံးပြုပြီး စားခဲ့ရသလို နေပြည်တော် မှာဆို အစာထည့်တဲ့ ပုံးအသစ်မပေးပါဘူး” လို့ သူက ဆိုပါတယ်။

တာနဲလ်ဟာ တရားမဝင်လျှို့ဝှက်ချက်တွေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတို့ကို ချိုးဖောက်မှုတွေနဲ့ စက်တင်ဘာ လမှာ  ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတာပါ။

အကျဉ်းသား ၆၀၀၀ နီးပါးအပါအဝင် မစ္စတာ ရှောင်တာနဲလ်နဲ့ အခြားနိုင်ငံခြားသား သုံးဦးကို စစ်ကောင်စီမှ ပြီးခဲ့တဲ့  ကြာသပတေးနေ့မှာ အစုလိုက်အပြုံလိုက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့  ပြန်လွှတ်ပေးခဲ့ပါတယ်။

အင်းစိန်မှာ အိမ်သာမရှိတဲ့  (ပေ ၂၀ နှင့် ၈ ပေ) အချုပ်ခန်းထဲမှာ  တာနဲလ်ကို သော့ခတ်ထားပြီး သူဟာ ထောင်ကျနေစဉ်အတွင်း ကိုဗစ် ရောဂါကို ၅ ကြိမ်တိုင်တိုင်ခံစားခဲ့ရပြီး အိပ်ရာမပါဘဲ လပေါင်းများစွာ အကျဉ်းထောင်ထဲမှာ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

တာနဲလ်ဟာ မြန်မာပြည်သူတွေရဲ့ အိပ်မက်တွေ လုံးလုံးလျားလျား ပြိုပျက်သွားပြီးလို့  ပြောကြားခဲ့ပြီး စစ်အစိုးရ အရာရှိတွေနဲ့ မြန်မာဘဏ်လုပ်ငန်းရှင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ထောက်ခံတယ်လို့ ပြောကြားခဲ့ တာပါ။

တစ်ဖက်မှာလည်း  သြစတြေးလျ နိုင်ငံထဲ လက်နက်တင်ပို့မှုကို တားမြစ်ထားပြီး မြန်မာ စစ်ဘက်ဆိုင်ရာ တပ်မှူးငါးဦးကိုလည်း ကန့်သတ်ထားခဲ့ပါတယ်။

တာနဲလ်ရဲ့ လွတ်မြောက်မှုဟာ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့မှ ဖိအားပေးခြင်း အပါအဝင် လနဲ့ချီတဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.