မနီလာ – နိုဝင်ဘာ(၂၃) 

အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လည်မှာ ကင်းလှည့်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံး သင်္ဘာပေါ်မှာ လိုက်ပါလာတဲ့ အမေရိကန်ဒုတိယသမ္မတက ဖိလစ်ပိုင်ရဲ့ ရေကြောင်းတရားဥပဒေ စိုးမိုးရေး အေဂျင်စီတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် အမေရိကန်ဒေါ်လာ (၁၀.၃) သန်း ထောက်ပံ့ဖို့ လျာထားပေးတယ်လို့ နိုင်ဝင်ဘာလ(၂၂) ရက်နေ့က ကြေငြာခဲ့ပါတယ်။ 

ဒီရန်ပုံငွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိက ကြုံတွေ့နေရတဲ့ တရားမဝင် ငါးဖမ်းတဲ့ ကိစ္စကို ပိုမို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့ စောင့်ကြည့်ရေးစနစ်တွေ တိုးမြှင့်ပြီး တောင်တရုတ်ပင်လယ်နဲ့ ဆက်စပ်ဧရိယတွေအတွင်း ကင်းလှည့်ချိန်မှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း အဆင့်မြှင့် တင်နိုင်မှာ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။ 

အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အမာခံနယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ ဖိလစ်ပိုင်အနောက်ဘက်က ပါလာဝမ်ကျွန်းက ပူရာတို ပရင့်ဆက်ဆာ မြို့တော်ကို ကမ်မလာဟားရစ်ဟာ ပထမဆုံးရောက်ရှိခဲ့တဲ့ အမေရိကန်အရာရှိဖြစ်ပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံခုံရုံးဟာ အငြင်းပွားနေတဲ့ ရေပိုက်နက်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အချက်(၉) ချက် ပါ အရေးဆိုမှုကို ပယ်ချခဲ့ပြီး အနောက်ဖိလစ်ပိုင်ပင်လယ်ဟာ တရုတ်နိုင်ငံပိုင်မဟုတ်ဘဲ ဖိလစ်ပိုင် ရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်လို့ ဆိုခဲ့ပြီး နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်း ကျရောက်နေ တဲ့တောင်တရုတ်ပင်လယ်ရဲ့ အရှေ့ဘက်ခြမ်းတွေကို တရားဝင်သတ်မှတ်တာဖြစ်ပြီး နိုင်ငံရဲ့ အထူးစီးပွားရေးဇုံ အတွင်းကျရောက်နေတယ်လို့ သိရပါတယ်။ 

ဒါပေမယ့် တရုတ်ဟာ ဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်း မှာတည်ရှိနေတဲ့ တောင်တရုတ်ပင်လယ်နယ်နိမိတ်တွေမှာ သောင်တူးတာနဲ့ ကျွန်းတုတည်ဆောက် တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

“ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိပြီး လေးစားရပါမယ်။ ကျွန်ုပ်တို့၏ မဟာမိတ်များနှင့် မိတ်ဖက်များဟာ ဥပဒေမဲ့ နှင့် တာဝန်မဲ့သော အပြုအမူကို ဆက်လက် ဆန့် ကျင်ရပါမယ်။ နိုင်ငံတကာ စည်းမျဥ်းအခြေခံတဲ့ အမိန့်ကို တနေရာရာမှာ ခြိမ်းခြောက် ခံရတာ ဟာ နေရာတိုင်းမှာ ခြိမ်းခြောက်ခံနေရသာဖြစ်ပါတယ်” လို့ အမေရိကန် ဒုသမ္မတ ဟားရစ်က ‌‌ပြောခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ပလာဝန်ဒေသခံ အစုအဖွဲ့တွေနဲ့ မိတ်ဖက်ပြုလုပ်ပြီး ရိုးရာ အသက်မွေးဝမ်းကျောင်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငါးဖမ်းတဲ့ အလေ့အကျင့်တွေကို ပံ့ပိုးပေးမယ့်အစီအစဉ်တွေအပြင် တောင်တရုတ်ပင်လယ်ရဲ့ ထိခိုက်လွယ်တဲ့ ဂေဟစနစ် ထိန်းသိမ်းရေးတွေကို လည်းလုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါ တယ်။ 

တောင်တရုတ်ပင်လယ်နဲ့ ကပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့အတွက် မဟာဗျူဟာမြောက် နိုင်ငံဖြစ်သလို ထိုင်ဝမ်နဲ့လည်း (၁၉၃) ကီလိုမီတာ အကွာမှာရှိနေတာ ဖြစ်ပါတယ်။ 

အရှေ့တောင်အာရှမှာ တရုတ်ရဲ့ လွှမ်းမိုးမှု၊ ကြီးထွားလာမှုနဲ့ ထိုင်ဝမ်အပေါ်ဖြစ်နိုင်ခြေရှိတဲ့ ပဋိပက္ခတွေကြားမှာ အမေရိကန်က ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးခိုင်မာဖို့ ကြိုးပမ်းနေ တယ်လို့ သိရပါတယ်။ 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာက တရုတ်လိုလားတဲ့ သမ္မတဟောင်း ဒူတာတေးရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်ပြီး ဖိလစ်ပိုင်ရဲ့ ရေပိုင်နက်အခွင့်အရေးကို ကာကွယ်သွားမှာဖြစ် တယ်လို့ ဆိုခဲ့ပါတယ်။ 

Ref:The Straits time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.