November 23, 2022

နည်းပြ ဂွါဒီယိုလာကို မန်စီးတီးအသင်း ၂၀၂၅ ခုနှစ်ထိ စာချုပ်သက်တမ်း ထပ်တိုး

မော်လမြိုင်၊ နိုဝင်ဘာ၊ (၂၃) ပရီးမီးယားလိဂ်ကလပ်အသင်း မန်စီးတီးအသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ ဂွါဒီယိုလာကို ၂၀၂၅ ခုနှစ်ထိ သက်တမ်းရှိတဲ့ ၂ နှစ်စာချုပ် ထပ်မံချုပ်ဆိုလိုက်တယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၅၁ နှစ်အရွယ် စပိန်နည်းပြ ပတ်ဂွါဒီယိုလာဟာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့အတွက် မန်စီးတီးအသင်းက နောက်ထပ် ၂ နှစ် စာချုပ်သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။…

မြန်မာစစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုမှန်သမျှ ထောက်ခံပြီး နောက်ထပ် ပိတ်ဆို့မှုတွေပြုလုပ်ဖို့ ရှောင်တာ နဲလ် တိုက်တွန်း

ဆစ်ဒနီ၊ နိုဝင်ဘာ (၂၃) ဩစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ဘဏ်လုပ်ငန်းရှင်တွေကို ပိတ်ဆို့အရေးယူသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်က ပြောကြား လိုက်ပါတယ်။ မစ္စတာ ရှောင်တာနဲလ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာအကျဉ်းထောင်က လွတ်မြောက်လာပြီးတဲ့ နောက်မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံမေးမြန်းခန်းမှာ ဒီလိုပြောကြားခဲ့တာပါ။ တနင်္လာနေ့ထုတ် The Australian သတင်းစာကို ပြောကြားရာမှာတော့ တာနဲလ်ဟာ…

တရုတ်အလယ်ပိုင်းက စက်ရုံမှာ မီးလောင်မှုကြောင့် လူပေါင်း ၃၆ဦးသေဆုံး

ပေကျင်း – နိုဝင်ဘာ(၂၃) တရုတ်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ စက်ရုံတစ်ရုံမှာ မီးလောင်မှု ဖြစ်ပွားပြီးနောက် လူပေါင်း ၃၆ဦးသေဆုံးကာ ၂ဦးပျောက်ဆုံးနေပြီး ၂ဦးဆေးရုံတင်ထားရကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် အန်းယန် မြို့ရှိ စက်ရုံတစ်ရုံမှာ နိုဝင်ဘာ (၂၁) ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့တာပါ။ Kaixinda Trading Co Ltd…

ဖိလစ်ပိုင် ရေကြောင်းအင်အားမြှင့်တင်ဖို့ အမေရိကန်ဒေါ်လာ ဆယ်မီလျံကျော် ထောက်ပံ့မယ် လို့ အမေရိကန်ဒုသမ္မတ ကြေငြာ

မနီလာ – နိုဝင်ဘာ(၂၃) အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လည်မှာ ကင်းလှည့်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံး သင်္ဘာပေါ်မှာ လိုက်ပါလာတဲ့ အမေရိကန်ဒုတိယသမ္မတက ဖိလစ်ပိုင်ရဲ့ ရေကြောင်းတရားဥပဒေ စိုးမိုးရေး အေဂျင်စီတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် အမေရိကန်ဒေါ်လာ (၁၀.၃) သန်း ထောက်ပံ့ဖို့ လျာထားပေးတယ်လို့ နိုင်ဝင်ဘာလ(၂၂) ရက်နေ့က ကြေငြာခဲ့ပါတယ်။ ဒီရန်ပုံငွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိက ကြုံတွေ့နေရတဲ့ တရားမဝင်…

ရေးမြို့မရဲစခန်းမှူးဒုရဲမှူးလှဌေးအပါအဝင် (၃) ဦးပစ်သတ်ခံရ

ရေး၊ နိုဝင်ဘာ(၂၃) ရေးမြို့နယ်၊ ကျုံ လောင်းရွာသစ် ရေး-ထားဝယ်ကားလမ်းပေါ်မှာ ဒီနေ့ နိုဝင်ဘာလ(၂၃) ရက်နေ့ မနက်ပိုင်းက ရေးမြို့မရဲစခန်းမှူးအပါအဝင် (၃) ဦးပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနက်(၈) နာရီကျော်လောက်က ရေးမြို့နယ်ဘက်ကနေ မြို့မစခန်းမှူးနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံလိုက်ရတဲ့အတွက် (၃) ဦးနေရာမှာသေဆုံးသွားပြီး ကားကိုပါ မီးရှို့သွားကြတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ အခင်းဖြစ်ပွားရာနေရာအနီးမှာ အခြေအနေတွေရှုပ်ထွေးနေပြီး…

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြား ပညာသင်နေကြရတဲ့ ကလေးငယ်များ

နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူပြီးနောက် ခုခံတော်လှန်မှုများ နိုင်ငံအနှံ့မှာ ပေါ်ပေါက်လာရာ မြေပြင်တွင်အခြေမလှတော့တဲ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများ အသုံးပြုလာပြီး နယ်မြေတစ်ချို့မှာ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းများကိုပါ ပစ်မှတ်အဖြစ် သတ်မှတ်တိုက်ခိုက်လာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေအချို့မှာ ကလေးတွေပညာရေးအတွက် ကိုယ်ထူကိုယ် ထ ကျောင်းလေးတွေကို ကြိုးစားဖွင့်လှစ် သင်ကြားပေးနေကြတာပါ။ ဒါပေမယ့် စစ်ကောင်စီဟာ ကလေးတွေ စာသင်ကြားနေတဲ့…

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက သတ္တုမိုင်းလုပ်ငန်းခွင်တွေကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးထပ်ကြဲ

ကြဲကြာအင်းဆိပ်ကြီး ၊ နိုဝင်ဘာ (၂၃) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက သတ္တုမိုင်းလုပ်ငန်းခွင်တွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်လာတယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။ KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲက သတ္တုတွင်းတွေဖြစ်တဲ့ အမှတ်(၁)မိုင်းတွင်းနဲ့ အမှတ် (၂)မိုင်းတွင်းတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ(၂၂)ရက်နေ့ မနက်ပိုင်းမှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ဒီလိုပစ်ခတ်မှုကြောင့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့…

စစ်အာဏာသိမ်း (၆၆၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၃၀ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၂၃) AAPP ရဲ့ နိုဝင်ဘာလ (၂၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၆၀)ရက်အတွင်း ပြည်သူ (၂၅၃၀)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၃၈၈ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၃၉၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

စစ်ကောင်စီ ညွှန်ကြားချက်ကြောင့် မွန်ပြည်နယ်မှာ ရော်ဘာအရောင်းအဝယ် ရပ်တန့်သွားပြီ

မော်လမြိုင်၊ နိုဝင်ဘာ (၂၃) အာဏာသိမ်း စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်ရငွေကို အလုပ်လုပ်ရက် (၁) ရက်အတွင်း လဲလှယ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် မွန်ပြည်နယ် ရော်ဘာဈေးကွက်မှာ အရောင်းအဝယ်တွေ လုံးဝရပ်တန့်သွားပြီလို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်ရငွေရဲ့ (၆၅) ရာခိုင်နှုန်းကို စစ်ကောင်စီ သတ်မှတ်ထားတဲ့ ဈေးနှုန်း အတိုင်း အလုပ်လုပ်ရက် (၁)ရက်အတွင်း…