November 22, 2022

သတင်းထောက် မသူဇာ ကို စစ်ကောင်စီထောင်(၂) နှစ်ချမှတ်

ရန်ကုန် – နိုဝင်ဘာ(၂၂) အလွတ်တန်းသတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာကို ဒီနေ့ နိုဝင်ဘာလ(၂၂) ရက်နေ့ နေ့လည်ပိုင်းက အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်မသူဇာကို ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့မရဲစခန်းကနေ နိုင်ငံတော်ဆူပူမှုဖြစ်အောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်…

လူထုအားကိုးရတဲ့ အစိုးရဖြစ်ဖို့ ကြိုးစားနေတယ်လို့ NUG ပြော

မော်လမြိုင် – နိုဝင်ဘာ(၂၂) အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ လူထုရဲ့ ရှေ့မှာ မားမား မတ်မတ်ရပ်တည်နေတဲ့ အစိုးရဖြစ်သလို တည်ဆောက်ရေးမှာလည်း လူထုအားကိုးရတဲ့ အစိုးရ ဖြစ်ဖို့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ နိုဝင်ဘာလ(၂၂) ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၇၅) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။ “စစ်တပ်ကို အလျင်အမြန် မသုတ်သင်…

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲလို့ ဒေသခံ (၂၀,၀၀၀) ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ညောင်လေးပင်၊ နိုဝင်ဘာ (၂၂) ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ကောင်စီတပ်က တစ်ရက်ထဲ လေယာဉ်နဲ့ (၁၄) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၂၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၂)ရက်နေ့တုန်းက KNU ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း(၃)ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က…

စစ်အာဏာသိမ်း (၆၅၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၂၅ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၂၂) AAPP ရဲ့ နိုဝင်ဘာလ (၂၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၅၉)ရက်အတွင်း ပြည်သူ (၂၅၂၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၃၁၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၃၇၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မြေမြှုပ်မိုင်းအသုံးပြုမှု အများဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင်လာ

နယူးယောက်၊ နိုဝင်ဘာ (၂၂) နိုင်ငံတကာ မိုင်းတားမြစ်ရေးစာချုပ်ကို အတည်ပြုပြီး ၂၅ နှစ်အကြာ ၂၀၂၂ခုနှစ်မှာ မြေမြှုပ်မိုင်းတွေကို အင်နဲ့ အားနဲ့ အသုံးပြုနေတာဟာ မြန်မာနဲ့ ရုရှားနဲ့ တို့ နိုင်ငံနှစ်နိုင်ငံသာရှိတော့တယ်လို့ Human Right Watch Network က ဒီကနေ့ နိုဝင်ဘာ ၂၂ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာစစ်တပ်ဟာ ၁၉၉၉ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းတွေကို…

ထိုင်းမှာ နျုကလီးယား ဓာတ်ပေါင်းဖို အမေရိကန်အကူအညီနဲ့ တည်ဆောက်မယ်

ဘန်ကောက် – နိုဝင်ဘာ(၂၂) ထိုင်းနိုင်ငံမှာ အမေရိကန်နဲ့ ပူးပေါင်းပြီး အသေးစားနျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ စီစဉ်သွားမှာဖြစ်တယ်လို့ အမေရိကန်ရဲ့ ဒုတိယသမ္မတ ကာမလာဟားရစ်က ပြောပါတယ်။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ Net Zero World အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအတွင်း နျူစွမ်းအင်ထုတ်လုပ်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က…

အင်ဒိုနီးရှားမှာ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ (၂၀) လောက်သေဆုံး

အင်ဒိုနီးရှားမှာ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ (၂၀) လောက်သေဆုံး ဂျာကာတာ – နိုဝင်ဘာ(၂၂) အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ အနောက်ဘက် ဂျာဗား ခရိုင်ဒေသန္တရမှာ မက္ကနီကျု ၅.၆ အထိရှိ တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့အတွက် လူ(၂၀) လောက်သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေ က ပြောပါတယ်။ အစိုးရအာဏာပိုင်တစ်ဦးက ဂျာဗား အနောက်ဘက်ရှန်နယောမြို့မှာ ငလျင်ဗဟိုချက်တည်ခဲ့ တာဖြစ်ပြီး လူ(၃၀၀)…

စစ်ကောင်စီ UEC မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အသစ်ပြဌာန်းခွင့် မရှိဘူးလို့ ဆို

ရန်ကုန်၊ နိုဝင်ဘာ (၂၂) အာဏာသိမ်း စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အသစ်ပြဌာန်းဖို့ လုပ်ပိုင်ခွင့် မရှိဘူးလို့ တိုင်းရင်းသား အင်အားကြီး နိုင်ငံရေးပါတီတွေက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ UEC ပြောခွင့်ရ ဦးခင်မောင်ဦးက ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေ…

စစ်ကောင်စီ ဖိအားကြောင့် ကျောင်းပြန်ဖွင့်ထားပေမယ့် ရေးမြောက်ပိုင်းဒေသမှာ ကျောင်းတက်သူ မရှိသလောက် နည်းပါးနေ

ရေး၊ နိုဝင်ဘာ (၂၂) အာဏာသိမ်း စစ်ကောင်စီ ဖိအားကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြောက်ပိုင်းဒေသက စာသင် ကျောင်းတွေကို ကျောင်းပြန်ဖွင့်ထားပေမယ့် ကျောင်းတက်သူ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေနဲ့ ကျောင်းသားမိဘတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကျောင်းပိတ်ထားတဲ့ ရေးမြောက်ပိုင်းဒေသက စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စစ်ကောင်စီဘက်က စာသင်ကျောင်းတာဝန်ရှိသူတွေ…