ဖနွမ်းပင် – နိုဝင်ဘာ(၁၆) 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဘာလီမှာကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးကို ကိုဗစ်ကူးစက်ခံထားရတဲ့အတွက် တက်ရောက်နိုင်မှာမဟုတ်တော့ဘူးလို့ သူ့ရဲ့ လူမှုကွန်ရက်စာ မျက်နှာမှာ ရေးသားထားပါတယ်။ 

ဟွန်ဆန်ဟာ ပြင်သစ်သမ္မတ၊ တရုတ်ခေါင်းဆောင်တို့နဲ့ တွေ့ဆုံဖို့စီစဉ်ထားတဲ့ အစည်းအဝေးတွေ အပါအဝင် ဘယ်အစည်းအဝေးမှတက်ရောက်နိုင်မှာ မဟုတ်တာ့ဘူးလို့ဆိုထားတာပါ။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၃) ရက်နေ့က အာဆီယံနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး ကိုကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့ပါသေးတယ်။ 

အဲ့ဒီအစည်းအဝေးမှာ ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ပရရွတ် ချန်အိုချာမှာတော့ ကိုဗစ်ပိုးမတွေ့ခဲ့ရဘူးလို့ သိရပါတယ်။ 

ဒါ့အပြင် ဟွန်ဆန်အနေနဲ့ APEC 2022 အစည်းအဝေးကို အထူးဧည့်သည်အဖြစ် တက်ရောက်နိုင် မှာ မဟုတ်တော့ဘူးလို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံမှာ နိုဝင်ဘာလ(၁၅) ရက်နေ့နဲ့ (၁၆) ရက်နေ့တွေမှာ နိုင်ငံပေါင်း (၂၀) ပါဝင်မယ့် (၁၇) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတည်းက ဥက္ကဋ္ဌရာထူး ယူထားတဲ့ အင်ဒိုနီးရှာနိုင်ငံဟာ ၂၀၂၂ ခုနှစ်ကုန် ပိုင်းမှာ ထိပ်သီးဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသွားမှာဖြစ်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံဟာ G-20 အစည်းအဝေးအခမ်းအနားအတွက် အမေရိကန်ဒေါ်လာ (၄၅) မီလျံ အသုံးပြုဖို့ ဘတ်ဂျက်လျာထားပြီး အစည်းအဝေးအတွက် ရဲတပ်သား တစ်ယောက်နဲ့ စစ်သား တစ်သောင်းရှစ်ထောင်ကို လုံခြုံရေးယူပေးဖို့ အစိုးရက ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

G-20 အစည်းအဝေးကျင်းပနေချိန်အတွင်း ဘာလီကို ပျံသန်းလာမယ့် လေကြောင်းလိုင်းတွေ ကိုကန့်သတ်ထားမှာဖြစ်သလို စီးပွားဖြစ်လေကြောင်းလိုင်းတွေက လေယာဉ်တွေကိုလည်း ဘာလီကျွန်းပေါ်မှာ ညလုံးပေါက်ရပ်နားခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.