November 16, 2022

အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာ့နွေဦးတော်လှန်ရေးအတွက် အပြုသဘောဆောင် တယ်လို့ NUG ပြော

မော်လမြိုင် – နိုဝင်ဘာ(၁၆) အာဆီယံထိပ်သီးအစည်းအဝေးက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာ့နွေဦးတော်လှန်ရေး အတွက် အပြုသဘောဆောင်တဲ့ ရလဒ်ထွက်လာတာဟာ NUG နဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား တွေ ရဲ့ နိုင်ငံရေးစိတ်ဇော ထက်သန်ပြင်းပြမှုတွေကြောင့်ဖြစ်တယ်လို့ NUGယာယီသမ္မတဒူဝါလရှီးလ ကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၇၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အခုလိုပြောဆိုခဲ့တာပါ။ အာဆီယံအနေနဲ့…

ရုရှား-ယူကရိန်း ပဋိပက္ခကို သံတမန်ရေးအရ အဆုံးသတ်ဖို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ တောင်းဆို

နယူးဒေလီ၊ နိုဝင်ဘာ (၁၆) ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် သံခင်းတမန်ခင်း ပြန်လည်စတင်လုပ်ဆောင်နိုင်ကြရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက နိုဝင်ဘာ (၁၅) ရက်နေ့မှာတိုက်တွန်းခဲ့ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံးငြိမ်းချမ်းစေဖို့အတွက်လည်း တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယအနေနဲ့ မော်စကိုရဲ့ ယူကရိန်းအပေါ်ကျူးကျော်မှုကို ရှုတ်ချခြင်းမရှိပေမယ့်လည်း ပြီးခဲ့တဲ့ စက်တင် ဘာလမှာ မိုဒီက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို “ယနေ့ခေတ်ဟာ စစ်ဖြစ်ရမယ့်ခေတ်မဟုတ်ဘူး” လို့ ပြောကြားခဲ့ဖူးပါတယ်။…

ရှာရီယာ ဥပဒေအတိုင်းအပြစ်ပေးဖို့ တာလီဘန်ခေါင်းဆောင်ညွှန်ကြား

ကဘူးလ် – နိုဝင်ဘာ(၁၆) အာဖဂန်နစ္စတန်နိုင်ငံမှာ တချို့သော ပြစ်မှုတွေအတွက် လူမြင်ကွင်းမှာ ကိုယ်လက်အင်္ဂါ ဖြတ် တောက်တာ၊ ကျောက်ခဲနဲ့ ပစ်ပေါက်တာတွေနဲ့ အပြစ်ပေးအရေးယူဖို့တရားသူကြီးတွေကို တာလီဘန်ခေါင်းဆောင် ဟိုက်ဘတ်တူလာ အခူဇာဒါက အမိန့်ပေးခဲ့ပါတယ်။ လုယက်မှု၊ပြန်ပေးဆွဲမှု၊ဆူပူအုံကြွမှုစတဲ့ ပြစ်မှုတွေကို အစ္စလာမ်ရှာရီယာ ဥပဒေနဲ့အညီ အပြစ်ပေးအရေးယူရမယ်လို့ ဆိုခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက အာဏာရလာချိန်မှာ တာလီဘန်တို့က လူထုကို ကွပ်မျက်တာအပါအဝင်…

G-20 ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ကိုဗစ်ကူးစက်ခံထားရတာကြောင့် တက်ရောက်နိုင်မှာမဟုတ်

ဖနွမ်းပင် – နိုဝင်ဘာ(၁၆) ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဘာလီမှာကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးကို ကိုဗစ်ကူးစက်ခံထားရတဲ့အတွက် တက်ရောက်နိုင်မှာမဟုတ်တော့ဘူးလို့ သူ့ရဲ့ လူမှုကွန်ရက်စာ မျက်နှာမှာ ရေးသားထားပါတယ်။ ဟွန်ဆန်ဟာ ပြင်သစ်သမ္မတ၊ တရုတ်ခေါင်းဆောင်တို့နဲ့ တွေ့ဆုံဖို့စီစဉ်ထားတဲ့ အစည်းအဝေးတွေ အပါအဝင် ဘယ်အစည်းအဝေးမှတက်ရောက်နိုင်မှာ မဟုတ်တာ့ဘူးလို့ဆိုထားတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၃) ရက်နေ့က အာဆီယံနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး ကိုကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့ပါသေးတယ်။…

မင်္ဂလာဒုံမြို့နယ်က အိမ်ထောင်စု တစ်သောင်းကျော်ကို စစ်တပ်က ခြိမ်းခြောက်ပြီး အတင်းအဓမ္မဖယ်ရှားခိုင်း

ရန်ကုန်၊ နိုဝင်ဘာ (၁၅) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှာပါဝင်တဲ့ ကျေးရွာငါးခုက အိမ် ထောင်စု တစ်သောင်းကျော်ကို စစ်တပ်က ဖယ်ရှားပေးဖို့ အတင်းအဓမ္မ ဖိအားပေးလာတာကြောင့် ဒေသခံတွေ အခက်ကြုံတွေ့နေရပါတယ်။ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုက စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလ၊ မြဝတီစတဲ့ရပ်ကွက်ငါးခုက အိမ်ထောင်စု တစ်သောင်းကျော်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၈ရက်နေ့မှာ ပြောင်းရွေ့ဖို့ ဖိအားပေး…

တနင်္သာရီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

တနင်္သာရီ၊ နိုဝင်ဘာ (၁၆) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာနဲ့ ဗောဓိကမ်းကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၂) က ထုတ်ပြန်ပါတယ်။ မော်တုန်းကျေးရွာ အနောက်ဘက်ကမ်းကို တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့…

KNU တပ်မဟာ(၆)က သတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို စစ်ကောင်စီ ဗုံးကြဲ၊ တရုတ်နိုင်ငံသားတွေ အပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး

ဘုရားသုံးဆူ၊ နိုဝင်ဘာ ၁၆ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ သတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး တရုတ်နိုင်ငံသားတွေအပါအဝင် ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ(၁၆)ရက်နေ့ မနက်(၁)နာရီကျော်အချိန်ကစပြီး KNU တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ သတ္တုမိုင်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို စစ်ကောင်စီတပ်က ဖိုက်တာဂျက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို…

စစ်အာဏာသိမ်း (၆၅၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၄၆၃ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၆) AAPP ရဲ့ နိုဝင်ဘာလ (၁၅) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၅၃)ရက်အတွင်း ပြည်သူ (၂၄၆၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၁၉၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၉၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မွန်ပြည်နယ်က စပါးစိုက်တောင်သူတွေ အာဏာသိမ်းမှုကြောင့် နာလန်မထူနိုင်တော့

မော်လမြိုင်၊ နိုဝင်ဘာ (၁၆) မွန်ပြည်နယ်အတွင်းက တောင်သူလယ်သမားတွေဟာ အခုနှစ် မိုးစပါးရိတ်သိမ်းရာသီမှာ စပါးအထွက်နှုန်း လျော့ကျလာမှုနဲ့အတူ စစ်တပ် အာဏာသိမ်းပြီးနောက် အထွေထွေကုန်ကျစရိတ် အဆမတန်ကြီးမြင့်နေတဲ့အတွက် နာလန်မထူနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စပါးစိုက်တောင်သူတွေဟာ သံလွင်တိုင်းမ်ကို ပြောပါတယ်။ စပါးစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေး သွင်အားစု ကုန်ပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေသြဇာ ၊ ပိုးသတ်ဆေး အပါအဝင် စက်သုံးဆီဈေးနှုန်း…