ဘန်ကောက် – နိုဝင်ဘာ(၁၅) 

ထိုင်းနိုင်ငံမှာ လတ်တလောကောက်ခံနေတဲ့ စစ်တမ်းအရ မဲပေးသူတွေရဲ့ ရွေးချယ်မှုမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာရဲ့ သမီးဖြစ်သူ ဖယ်တုံတန် ရှင်နာဝါထရာ ကထပ်ဆုံးမှာ ဦးဆောင်နေတယ်လို့ သိရပါတယ်။ 

ဒီစစ်တမ်းကို ဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအင်စတီကျူက ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းစာရင်းမှာ မစ္စဖယ်တုံတန်၊ဒုတိယနေရာမှာ Move Forward ပါတီခေါင်းဆောင်ရှိနေပြီး လက်ရှိဝန်ကြီးချုပ် ပရရွတ်ချန်အိုချာကတော့ တတိယနေရာမှာ ရှိနေ တာပါ။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂) ရက်နေ့က (၅) ရက်နေ့အထိ ကောက်ယူခဲ့တဲ့ဒီစစ်တမ်းဟာ ခရိုင်ဒေသန္တ ရ(၁၇) ခုရဲ့ အသက်(၁၈) နှစ်အထက်ဖြေဆိုသူ(၂၀၀၂) ဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

ပြည်သူတွေက မစ္စဖယ်တုံတန်ကို မျိုးဆက်သစ်ဖြစ်သလို ဖီယူထိုင်းပါတီရဲ့ မူဝါဒတွေကိုနှစ် သက်သဘောကျကာ ရှင်နာဝါထရာမိသားစုကို သစ္စာစောင့်တာကြောင့်ဖြစ်တဲ့အတွက် ၂၄.၁၈ ရာခိုင်နှုန်းမဲပေးပြီး ပြည်သူအလိုလားဆုံးကိုယ်စားလှယ်ပေးလိုနေကြတာဖြစ်ပါတယ်။ 

ဒုတိယနေရာက Move Forward ပါတီခေါင်းဆောင်က ၁၆.၂၃ ရာခိုင်နှုန်း နဲ့ ဝန်ကြီးချုပ် ပရရွတ် ကိုတော့ တိုင်းပြည်ငြိမ်းချမ်းရေးယူပေးတဲ့သူအဖြစ် သတ်မှတ်ပြီး ၁၆.၂၃ ရာခိုင်နှုန်း အထိမဲပေးခဲ့ကြတာလို့ သိရပါတယ်။ 

စစ်တမ်းအရ ခရိုင်ဒေသန္တရက ဖီယူထိုင်းပါတီကိုမဲပေးတဲ့ ၃၄.၄၂ ရာခိုင်နှုန်းဟာ အခြေခံ ဥပဒေ ကို အခြေပြုပြီး ကိုယ်စားလှယ်လောင်းဆိုတဲ့ သတ်မှတ်ချက်ကြောင့် ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။ 

ဒီစစ်တမ်းမှာ Move Forward ပါတီက ၁၉.၉၈ ရာခိုင်နှုန်း မဖြေဆိုသူ ၁၃/၉၉ ရာခိုင်နှုန်းနဲ့ ဖလန် ဖရတ်ချာပါတီက ၁၀.၅၄ ရာခိုင်နှုန်းနဲ့ ဒီမိုကရက်ပါတီက ၇.၅၄) ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါ တယ်။ 

Ref: The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.