အမှန်/အမှား
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ ၊သတင်းမှား တွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ပုဏ္ဏားကျွန်းမြို့နယ် ရခိုင်ဒေသခံ ၈ ဦး သေဆုံး လျက်တွေ့ရှိရပြီး AAကထွက်ပြေးရင်းသတ်ဖြတ်သွား “ ဆိုတဲ့ သတင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့ အကြောင်းအရာတွေကို အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ KYAW SWARS တယ်လီဂရမ်တွေကနေ နိုဝင်ဘာလ (၁၂)ရက်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့ နယ် ရခိုင်ဒေသခံ၈ဦး သေဆုံးလျက်တွေ့ရပြီး AA က ထွက်ပြေးရင်း သတ်ဖြတ်သွားတာလို့ ရေးသားကာ ဓာတ်ပုံတွေနဲ့တကွ ဖြန့်ဝေနေတာပါ။
အဆိုပါ သတင်းအမှားလွှင့်နေတဲ့ ပေ့ချ်တွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
ပိုစ့်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှား တစ်ခုသာဖြစ်ပြီး ဆင်အင်းကြီးရွာကဒေသခံ ၉ဦး ကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်သွားတာကို စိစစ်တွေ့ရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ နိုဝင်ဘာ ၁၁ရက်က အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေက ရခိုင်ပြည်နယ်၊ ပုဏ္ဏား ကျွန်းမြို့နယ် ဆင်အင်းကြီးရွာအတွင်းကို ဝင်ရောက်ကာ ဒေသခံ ကျေးရွာသား ၉ယောက်ကို သတ်ဖြတ်သွား ခြင်းသာ ဖြစ်တယ်လို့ Narinjaraသတင်းဌာနက ဖော်ထုတ်ရေးသား ထားပါတယ်။
နိုဝင်ဘာ ၁၀ ရက် နံနက် အစောပိုင်းက စစ်ကောင်စီတပ်၏ ရိက္ခာကားတစ်စီးကို ရခိုင့်တပ်တော် AAက မိုင်းခွဲ တိုက်ခိုက်ပြီးနောက် နိုဝင်ဘာလ၁၁ရက် ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက ဆင်အင်းကြီးကျေးရွာထဲကို ဝင်ရောက်လာပြီး ရွာသားများကို သတ်ဖြတ်သွားတာဖြစ်တယ်လို့ Narinjaraသတင်းဌာနက ရေးသားပါတယ်။
ဒါ့အပြင်ဒေသခံတွေကို အစုလိုက်အပြုံ လိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ ပုဏ္ဏားကျွန်းအခြေစိုက် စစ်ကောင်စီ ခမရ ၅၅၀ ကို အပြင်းထန်ဆုံးလက်စားချေတုံ့ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA က သတိပေး ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
Narinjaraသတင်းဌာန
သံလွင်တိုင်းမ်သတင်းဖော်ပြချက်လင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ပုဏ္ဏားကျွန်းမြို့ နယ် ရခိုင်ဒေသခံ၈ ဦးသေဆုံးလျက်တွေ့ရပြီး AAကထွက်ပြေးရင်း သတ်ဖြတ်သွား”ဆိုတဲ့ သတင်းဟာ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ကာ ဖြန့်ဝေနေတဲ့ သတင်းအမှား တစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်