ကျိုက်မရော- နိုဝင်ဘာ (၁၄)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာနဲ့ ကျောက်ကွဲကျေးရွာကြားက လက်ပူ ကုန်းနေရာမှာ စစ်ကားတစ်စီးက လမ်းသွားနေတဲ့ ကားနဲ့ဆိုင်ကယ်တွေကို ပစ်ခတ်ခဲ့တဲ့တာ ကြောင့် ဆိုင်ကယ်မောင်းနေတဲ့အဘိုးအိုတစ်ဦး ကျည်(၃) ချက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၃) ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အင်အား(၃၀)ဝန်ကျင်ပါတဲ့ ကား ပေါ်က ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်မောင်းနေတဲ့ အသက်(၇၂) နှစ်အရွယ်အဘိုးအို ကျည်(၃) ချက်ထိမှန်ခဲ့ရတာပါ။

စစ်ကောင်စီတပ်သားတွေဟာ ကျောက်ကွဲကျေးရွာဘက်ကနေ မုဒုံမြို့ကို တက်လာတဲ့ စစ်ကား ပေါ်ကနေရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကျည်ထိမှန်ခဲ့တဲ့ အဘိုးအိုနဲ့ ရှေ့ဆင့်နောက်ဆင့်သွားနေတဲ့ ကားကတော့ စစ်ကောင်စီဘက်က ပစ်ခတ်နေလို့ အရှိန်နဲ့ မောင်းသွားတဲ့အတွက် လွတ်မြောက်သွားပြီး ဆိုင်ကယ်မောင်းနှင်နေတဲ့ အသက်(၇၂) နှစ်အရွယ်အဘိုးအိုဖြစ်သူကတော့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် ကျည်ထိမှန်သွားချိန်မှာလဲ စစ်ကောင်စီတပ်သားတွေဟာ ဆင်းကြည့်တာတွေ လုပ်ဆောင်တာမရှိသလို ဒီတိုင်းပြစ်ထားခဲ့တယ်လို့ သူက ပြောပါသေးတယ်။

လက်ရှိမှာတော့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အဘိုးအိုကို ဒေသခံတွေက နီးစပ်ရာ ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ချောင်းနှစ်ခွရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လုံခြုံရေးတိုးမြှင့်ထားပြီး ပြည်သူတွေကို လမ်းပိတ်စစ်ဆေးတာနဲ့ မထင်ရင်မထင်သလို သေနတ်ပစ်ဖောက်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

ချောင်းနှစ်ခွရဲစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီဘက်က ပြည်သူတွေနေထိုင်တဲ့ ကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အတွက် ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ လက်ရှိအချိန်ထိ သူတို့ရဲ့နေအိမ်တွေကို မပြန်ရသေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.