ရန်ကုန် – နိုဝင်ဘာ(၁၃)

မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပျက်စီးသွားတဲ့အတွက် ဒီနေ့ နိုဝင်ဘာလ(၁၃) ရက်နေ့မနက်ပိုင်းက YBS ကားတွေပေါ်မှာ ရန်ကုန် လူထုသပိတ်က Failed Law လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

Failed Law လှုပ်ရှားမှုမှာ ပါဝင်မယ့် ပြည်သူတွေအနေနဲ့ စာရွက်ပေါ်မှာ Failed Law လို့ရေးပြီး စစ်ကောင်စီလက်အောက်ခံ တရားရုံး၊ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို နောက်ခံထားပြီး ဓာတ်ပုံ ရိုက်ရ မှာဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် တင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်လူထုသပိတ်က ပြုလုပ်တဲ့ ဒီလှုပ်ရှားမှုမှာ ပြည်သူတွေပါဝင်ကြဖို့အပြင် စစ်ကောင်စီ ပြုလုပ် မယ့်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရန်ကုန်လူထုသပိတ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.