မော်လမြိုင် – နိုဝင်ဘာ(၁၃)

ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကိုဖမ်းဆီးရမိပြီဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၈) ရက်နေ့ ညပိုင်းက အလုပ်ကအပြန် လွိုင်ကထုံပွဲတော်ကို သွားရောက်လည်ပတ်ပြီးနောက် အလုပ်(၂) ရက်မဆင်းဘဲ ဖုန်းအဆက်အသွယ်မရတော့တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေက သူနေထိုင်တဲ့ အခန်းကို သွားရောက်ကြည့်ရှုချိန်မှာ သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတဲ့အတွက် ရဲစခန်းကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူကို လိုက်လံရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် သံသယရှိ သူတ ချို့နဲ့ မျက်မြင်သက်သေတွေကို ခေါ်ယူစစ်ဆေးချိန်မှာ တရားခံအမျိုးသားက ဝန်ခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ အမျိုးသားဟာ အိမ်ထောင်သည်တစ်ဦးဖြစ်သူ ထိုင်းရဲတပ်ဖွဲ့စစ်ဆေးချိန်မှာ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအမျိုးသမီးဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ အေကချိုင်(၈၉) လမ်းက တိုက်ခန်း မှာ တစ်ဦးတည်းနေထိုင်နေတဲ့ အသက်(၂၆) နှစ်အရွယ်မြန်မာရွှေ့ပြောင်းအလုပ်သမားဖြစ်ပြီး သူ့မှာ အမျိုးသားနဲ့ သမီးတစ်ဦးရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.