ဘာလီ – နိုဝင်ဘာ(၁၃) 

အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တွေ ဟာ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် G-20 ထပ်သီး ဆွေးနွေးပွဲမှာပထမဆုံးအကြိမ်မျက်နှာချင်းဆိုင် တွေ့ဆုံကြမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဌာနက အတည်ပြုခဲ့ပါတယ်။ 

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံက ခေါင်းဆောင်တွေဟာ ဖုန်းနဲ့ အကြိမ်ကြိမ်ပြောဆိုတာတွေရှိခဲ့ပြီး ကိုဗစ် ကြောင့် နိုင်ငံခြားသွားလာမှုနဲ့ပတ်သက်ပြီး သမ္မတရှီရဲ့ နောက်ဆက်တွဲပြဿနာတွေ ကြောင့် လူချင်းတွေ့ဆုံမှုကို တားမြစ်ခဲ့တာပါ။ 

သူတို့ဟာ အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်ဖို့နဲ့ တွက်ချက်မှု အမှား တွေကိုရှောင်ရှားဖို့အတွက် လုပ်ဆောင်နေချိန်အမေရိကန်နဲ့ ဆွေးနွေးချိန် သူတို့ရဲ့ အကျိုးစီးပွား တွေကို အခိုင်အမာ ကာကွယ်သွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါ တယ်။ 

“ဆက်သွယ်ရေးလမ်းကြောင်းတွေကို နက်ရှိုင်းအောင် ကြိုးပမ်းသွားမှာဖြစ်ပြီး ပြိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲကာ ကျွန်ုပ်တို့ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီအောင် ဘယ်လိုတာဝန်ယူမလဲ” ဆိုတာတွေနဲ့ ပတ်သက်ပြီး  ခေါင်းဆောင်တွေဆွေးနွေးဖို့စီစဉ်ထားတယ်လို့ အိမ်ဖြူတော်က ပြောခဲ့ပါတယ်။ 

အာရှ-ပစိဖိတ်ဒေသမှာ အင်အားကြီး နှစ်နိုင်ငံစလုံးရဲ့ စစ်ရေးနဲ့ သံတမန်ရေးဩဇာလွှမ်းမိုမှုတွေ နဲ့ စိန်ခေါ်ထားကြပြီး သူတို့ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ တရုတ်နိုင်ငံရှင်ကျန်းဒေသက လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စရပ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းရဲ့ အခြေအနေ တွေအပါအဝင် ပြဿနာတွေကြောင့် တင်းမာမှုတွေရှိနေကြတာဖြစ်ပါတယ်။ 

ကမ္ဘာ့စီးပွားရေးကို အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ဦးဆောင်မှုကြောင့် ကမ္ဘာ့စီးပွားရေးဟာ အပိုင်းနှစ်ပိုင်းကွဲသွားနိုင်ပြီး ကြီးထွားလာနိုင်တဲ့ အန္တရာယ်ကို ကုလအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

“ကွဲပြားတဲ့စည်းမျဉ်းနှစ်ခု၊ အားကောင်းတဲ့ငွေကြေးနှစ်ခု၊ အင်တာနက်နှစ်ခုနှင့် ဉာဏ်ရည်တု ဆိုင်ရာ ကွဲလွဲနေတဲ့ဗျူဟာနှစ်ခုနဲ့ ကမ္ဘာ့စီးပွားရေးဟာ နှစ်ပိုင်းကွဲသွားပြီး ကျွန်ုပ်တို့ ကြုံတွေ့ နေရသည့် စိန်ခေါ်မှုတွေကို တုံ့ပြန်ရန် ကမ္ဘာ့စွမ်းဆောင်ရည်တွေကို ထိခိုက်စေလိမ့်မယ်” လို့ ဂူတာရက်စ်က ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လက ကျင်းပတဲ့ ကွန်မြူနစ်ပါတီကွန်ဂရက်မှာ ရှီက အမေရိကန်ကို အမည်မဖော်ပြပေ မယ့် စိန်ခေါ်မှုရှိတဲ့ ပထဝီဝင်နိုင်ငံရေးအကြောင်းနဲ့ပတ်သက်ပြီး သတိပေးခဲ့ပါသေးတယ်။ 

အမေရိကန်ခေါင်းဆောင် ဘိုင်ဒင်ကတော့ ပဋိပက္ခမဟုတ်ဘဲ ပြိုင်ဆိုင်မှုကို ရှာဖွေနေတာဖြစ် တယ်လို့ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တရုတ်သမ္မတရှီကို ပြောခဲ့ပါတယ်။ 

G-20 ထိပ်သီးအစည်းအဝေးဟာ တရုတ်နိုင်ငံရဲ့ တတိယအကြိမ်မြောက် သမ္မတအဖြစ် တာဝန် ယူပြီးနောက်ပိုင်း ရှီကျင့်ဖျင်ရဲ့ သံတမန်ရေးရာ အခင်းအကျင်းမှာ ပြန်လည်ဆောင်ရွက်မှာ ဖြစ် တယ်လို့ သိရပါတယ်။ 

ကိုဗစ်ကြောင့် သုံးနှစ်နီးပါး သီးခြားနေခဲ့ပြီး နိုင်ငံတကာသံတမန်ရေးရာတွေကို အွန်လိုင်းတွေ့ဆုံ မှုတွေသာ ပြုလုပ်လာခဲ့ပြီးနောက် တရုတ်ဟာ ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာကြီးမတည်မငြိမ်ဖြစ် နေချိန်မှာ သူတို့ရဲ့ ကမ္ဘာ့မဟာမိတ်တွေမြှင့်တင်ဖို့ ရည်မှန်းနေတာဖြစ်တယ်လို့ သိရပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.