ရန်ကုန် – နိုဝင်ဘာ(၁၂)
အလုပ်မဖြစ်တဲ့ အာဆီယံမူငါးချက်ကို ဆွဲကိုင်နေမှုတွေ ရပ်တန့်ဖို့နဲ့ တရားမဝင်စစ်ကောင်စီရဲ့ တရားမဝင်ပြုလုပ်ဖို့ ကြံရွယ်နေတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်ပယ်ချဖို့ ရည်ရွယ် တောင်းဆိုတဲ့ လှုပ်ရှားမှုကို ဒီနေ့ နိုဝင်ဘာလ(၁၂) ရက်နေ့မှာ ရန်ကုန်တော်လှန်လူငယ်တွေက ပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်မြို့တစ်နေရာမှာ တော်လှန်လူငယ်တွေက “ No More ASEAN 5 PC”“ Anti Sham 2023 Election” ဆိုတဲ့ စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။ ဒါ့အပြင် နိုင်ငံတကာကို လှည့်စားဖို့ ကြံရွယ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲ ၊တရားမဝင်တဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။
ဓာတ်ပုံ- AJAY