တိုကျို၊ နိုဝင်ဘာ (၁၃)
ဂျပန်ဝန်ကြီးချုပ်အနေနဲ့ တရုတ်ဝန်ကြီးချုပ် လီခချန်ဟာ တရုတ်နဲ့ ဂျပန်နှစ်နိုင်ငံအကြား “အပြုသဘော ဆောင်ပြီး တည်ငြိမ်သော” ဆက်ဆံရေးကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ (နိုဝင်ဘာ ၁၂ ရက်) မှာ ပြောကြားလိုက်ပါတယ်။
တရုတ်ဝန်ကြီးချုပ်လီဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီ ယံ) အစည်း အဝေးအပြင် ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ပါ နှစ်နိုင်ငံအကြား အစည်းအဝေးတွေ ပြုလုပ် သွားဖို့ရှိ နေတယ်လို့ ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
ဂျပန် – တရုတ် ဆက်ဆံရေးရဲ့ အရေးပါမှုကို ရည်ညွှန်းတဲ့ အစည်းဝေးဖြစ်လာဖို့လည်း မျှော်လင့်ထားတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
အာဆီယံ plus 3 ဆွေးနွေးပွဲ မိန့်ခွန်းမှာ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါ က မကြာသေးမီကာလအတွင်း ဂျပန်နိုင်ငံ အပေါ် ကျော်လွန်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုဟာ နိုင်ငံတကာ အသိုက်အဝန်း အတွက် ပြတ်သားပြီး ပြင်းထန်တဲ့ ခြိမ်းခြောက်မှုဖြစ်တာကြောင့် လက်ခံနိုင်ဖွယ်မရှိကြောင်း ဂျပန်နိုင်ငံရဲ့ အမြင်ကို ကိုယ်စားပြုပြီး ထပ်လောင်းပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ လက်နက်တွေကို အပြီးအပြတ်ဖျက်သိမ်းရေးမှာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့လည်း သူကတောင်းဆိုခဲ့ပါတယ်။
ကီရှီဒါရဲ့ တစ်ပတ်ကြာခရီးစဉ်မှာ ကမ္ဘောဒီးယားနိုင်ငံဟာ ပထမဆုံး သွားရောက်တဲ့နိုင်ငံဖြစ်ပြီး ဒုတိယ ခရီးစဉ် အဖြစ်G20 အတွက် အင်ဒိုနီးရှားနိုင်ငံခရီးစဉ်ကို ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။
ဒါ့အပြင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ခေါင်းဆောင်တွေ အစည်းအဝေးအတွက် ထိုင်းနိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
ကီရှီဒါ Kishida အနေနဲ့ ဘန်ကောက်မှာ ကျင်းပမယ့် APEC အစည်းအဝေးအတွင်း တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း အစီအစဉ်တွေ ပြုလုပ်နေတယ်လို့ ဂျပန် သတင်းအေဂျင်စီ NHK က ဖော်ပြခဲ့ပါတယ်။
Ref;CNA