November 13, 2022

ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေး ပိုမိုကူညီပေးဖို့ ဂျာမနီအဓိပတိ ကတိပြု

ဘာလင်၊ နိုဝင်ဘာ (၁၃) ယူကရိန်းနိုင်ငံရဲ့ မြို့တွေကို ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကနေ ခုခံကာကွယ်ဖို့နဲ့ အခြေခံအဆောက် အအုံတွေ ပြန်လည်တည်ဆောက်ရာမှာ ဦးစားပေး ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်တယ်လို့ ဂျာမန်အဓိပတိ အိုလက်ဖ် စကော့ဖ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကတည်းက ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းက ဒုက္ခသည်တွေကို ထပ်မံလက်ခံဖို့ ဥရောပအနေနဲ့ ပြင်ဆင်ထားသင့်တယ်လို့ သောကြာနေ့က RND သတင်းစာနဲ့…

Failed Law လှုပ်ရှားမှုကို YBS ကားတွေပေါ်မှာ ပြုလုပ်

ရန်ကုန် – နိုဝင်ဘာ(၁၃) မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပျက်စီးသွားတဲ့အတွက် ဒီနေ့ နိုဝင်ဘာလ(၁၃) ရက်နေ့မနက်ပိုင်းက YBS ကားတွေပေါ်မှာ ရန်ကုန် လူထုသပိတ်က Failed Law လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ Failed Law လှုပ်ရှားမှုမှာ ပါဝင်မယ့် ပြည်သူတွေအနေနဲ့ စာရွက်ပေါ်မှာ Failed Law လို့ရေးပြီး စစ်ကောင်စီလက်အောက်ခံ တရားရုံး၊ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို…

ဂျပန်ဝန်ကြီးချုပ်က တရုတ်နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတစ်ရပ် ပြုလုပ်ဖို့တောင်းဆို

တိုကျို၊ နိုဝင်ဘာ (၁၃) ဂျပန်ဝန်ကြီးချုပ်အနေနဲ့ တရုတ်ဝန်ကြီးချုပ် လီခချန်ဟာ တရုတ်နဲ့ ဂျပန်နှစ်နိုင်ငံအကြား “အပြုသဘော ဆောင်ပြီး တည်ငြိမ်သော” ဆက်ဆံရေးကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ (နိုဝင်ဘာ ၁၂ ရက်) မှာ ပြောကြားလိုက်ပါတယ်။ တရုတ်ဝန်ကြီးချုပ်လီဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီ ယံ) အစည်း အဝေးအပြင်…

တရုတ်နဲ့ အမေရိကန်ခေါင်းဆောင်တွေ G-20 ထိပ်သီးအစည်းအဝေးမှာ တွေ့မယ်

ဘာလီ – နိုဝင်ဘာ(၁၃) အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တွေ ဟာ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် G-20 ထပ်သီး ဆွေးနွေးပွဲမှာပထမဆုံးအကြိမ်မျက်နှာချင်းဆိုင် တွေ့ဆုံကြမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဌာနက အတည်ပြုခဲ့ပါတယ်။ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံက ခေါင်းဆောင်တွေဟာ ဖုန်းနဲ့ အကြိမ်ကြိမ်ပြောဆိုတာတွေရှိခဲ့ပြီး ကိုဗစ် ကြောင့် နိုင်ငံခြားသွားလာမှုနဲ့ပတ်သက်ပြီး သမ္မတရှီရဲ့ နောက်ဆက်တွဲပြဿနာတွေ ကြောင့် လူချင်းတွေ့ဆုံမှုကို တားမြစ်ခဲ့တာပါ။ သူတို့ဟာ အပြန်အလှန်အကျိုးရှိတဲ့…

စစ်တပ်အာဏာသိမ်းပြီးတဲ့ (၂) နှစ်နီးပါးအတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အပြည့်အဝပေးတာမရှိတော့

မော်လမြိုင်၊ နိုဝင်ဘာ (၁၃) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်(၂) နှစ်နီးပါးအတွင်း ဌာနဆိုင်ရာတွေဟာ ပြည်သူတွေကို ပေးရမယ့် ဝန်ဆောင်မှုတွေကို အပြည့်အဝပေးတာမရှိတော့ဘူးလို့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေဟာ ပြည်သူတွေကို ပုံမှန်ဝန်ဆောင်မှုပေးရမယ့် လုပ်ငန်းတွေဖြစ်တဲ့ လျှပ်စစ်မီးဖြန့်ဝေတာ၊ ရေပေးဝေတာနဲ့ အမှုအခင်းပြဿနာတွေကိုတောင် ဖြေရှင်းပေးတာမရှိတော့တဲ့ အခြေအနေဖြစ်နေတာပါ။ သူတို့တွေဟာ လုံခြုံရေးအကြောင်းပြပြီး ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဆောင်ရွက် ပေးတာမရှိတော့သလို…

ဘုံသဘောတူညီချက်တွေကို မလိုက်နာတဲ့ စစ်ကောင်စီက အာဆီယံကို စိန်ခေါ်တာဖြစ်တယ်လို့ဆို

မော်လမြိုင်၊နိုဝင်ဘာ (၁၃) အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကိုအခုချိန်ထိ မလိုက်နာတာဟာ စစ်ကောင်စီက အာဆီယံကို စိန်ခေါ်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင် တွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်မှု အားနည်းနေသလို ကတိကဝတ်တွေကို လိုက်နာဖို့ လိုတယ်လို့ စစ်ကောင်စီကို သတိပေးခဲ့တာပါ။ အာဆီယံဘုံသဘောတူညီချက်ငါးရပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး…

ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းနဲ့ ဂိတ်စခန်းတစ်ခု ထပ်မံ တိုက်ခိုက်ခံရ

ဘီးလင်း၊ နိုဝင်ဘာ (၁၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာမှာ နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းနဲ့ ဂိတ်စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောတယ်။ ဒီကနေ့ မနက် ၆ နာရီက ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို…

စပါးတင်း ၁၀၀ ကို အခြေခံရည်ညွှန်းဈေးနှုန်း ကျပ် ၆၃၀,၀၀၀ သတ်မှတ်

မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) စစ်ကောင်စီလက်အောက်ခံ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အခုနှစ် မိုးစပါးနဲ့ လာမယ့်နှစ် နွေစပါးအတွက် စပါးတင်း ၁၀၀ ကို အခြေခံရည်ညွှန်းဈေး ကျပ် ၆၃၀,၀၀၀ အဖြစ် သတ်မှတ်ကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့ကထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊သဲ၊ခဲ…

ဘန်ကောက်မှာ မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်သူကို ဖမ်းဆီးရမိ

မော်လမြိုင် – နိုဝင်ဘာ(၁၃) ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကိုဖမ်းဆီးရမိပြီဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၈) ရက်နေ့ ညပိုင်းက အလုပ်ကအပြန် လွိုင်ကထုံပွဲတော်ကို သွားရောက်လည်ပတ်ပြီးနောက် အလုပ်(၂) ရက်မဆင်းဘဲ ဖုန်းအဆက်အသွယ်မရတော့တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေက သူနေထိုင်တဲ့ အခန်းကို သွားရောက်ကြည့်ရှုချိန်မှာ သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတဲ့အတွက် ရဲစခန်းကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့…

ပခုက္ကူမြို့နယ် အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေ NUG ရဲ့ မူဝါဒအတိုင်းလုပ်ဆောင်မယ်

ပခုက္ကူ – နိုဝင်ဘာ(၁၂) မကွေးတိုင်း ပခုက္ကူမြို့နယ်မှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြို့နယ် ပ.က.ဖ နဲ့အတူရပ်တည် သွားမှာဖြစ်ပြီး NUG ရဲ့ မူဝါဒတွေနဲ့အညီစစ်ရေးလှုပ်ရှားမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ Pakokku People’s Defence Force သတင်းပြန်ကြားရေးနဲ့ ပြင်ပ ဆက်ဆံရေးတာဝန်ခံ က ပြောပါတယ်။ အခုလို မြို့နယ် ပကဖနဲ့ အတူရပ်တည်ပြီး လုပ်ငန်းဆောင်ရွက်တာဟာ တော်လှန်ရေး အင်အားစု တွေကို…