ဘန်ကောက်၊ နိုဝင်ဘာ (၁၂)

အကြီးစားလုပ်ငန်းတွေအတွက်သာ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တာကြောင့်  APEC 2022 အစည်းအဝေး ကို ဆန့်ကျင်ဆန္ဒပြမယ်လို့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမားအဖွဲ့တွေက ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

 ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ်ပရာရွတ်လက်ခံကျင်းပတဲ့ အာရှပစိဖိတ်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေး APEC 2022 ဟာ အကြီးစားပူးပေါင်းဆောင်ရွက်မှုကိုသာ အကျိုးဖြစ်ထွန်းစေလို့ ပရာရွတ်ရဲ့ Bio-Circular-Green Economic Model (BCG Model) ကို   ဆန့်ကျင် ဆန္ဒပြမယ်လို့ စုပေါင်းကြေငြာချက် ထုတ်လိုက်တာပါ။

ဆန္ဒထုတ်ဖော်မှုတွေကို လာမယ့် သီတင်းပတ် ထိပ်သီးအစည်းအဝေးပွဲ ကျင်းပချိန်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပြီး စုဝေးမယ့် နေရာအတိအကျကိုတော့  ထည့်သွင်း ပြောဆိုထားတာ မရှိပါဘူး။

ဗိုလ်ချုပ်ကြီး ပရာရွတ်ဟာ လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်တစ်ကြိမ်ကို မကြာမီ ကာလ အတွင်း ကျင်းပနိုင်ဖို့နဲ့ လုပ်သားတွေအပေါ် အလွဲသုံးစားပြုမှုတွေကို ပြည်ဖုံးကားချနိုင်ဖို့အတွက် BCG Model တစ်ရပ် တွန်းတိုက်လုပ်ဆောင်နေမှုကို ရပ်တန့်ဖို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက တောင်းဆို ထားခဲ့တာပါ။

လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် APEC 2022 ကာလအတောအတွင်း ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေက စီစဉ်နေတာကို သိရှိရပြီးနောက် ထိုင်းရဲတပ်ဖွဲ့ဟာ အဲဒီလူတွေထံ သွားရောက်ပြီး ရှာဖွေဝရမ်း တစ်စုံတစ်ရာမပါဘဲ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ တက်ကြွလှုပ်ရှားအဖွဲ့ ၉ ဖွဲ့ဟာ APEC 2022 ထိပ်သီးအစည်းအဝေးကျင်းပချိန် ညနေပိုင်းမှာ  ဆန္ဒထုတ်ဖော်မယ်လို့ ဆိုထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ လူထုအတွက်မဟုတ်ပဲ လုပ်ငန်းကြီးတွေအတွက်သာ အကျိုးဖြစ်ထွန်းစေမယ့်(BCG) ကို အခုထိပ်သီးအစည်းအဝေး ပွဲမှတဆင့် မိတ်ဆက်သွားမှာဖြစ်ပြီး တက်ကြွလှုပ်ရှားသူတွေက ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ APEC အစည်းအဝေးကို သုံးကြိမ်အထိ လက်ခံကျင်းပထားဖူးပြီး ၁၉၉၂ တွင် APEC ဝန်ကြီးဌာနများအစည်းအဝေးတစ်ကြိမ်၊ ၂၀၀၃ ခုနှစ်မှာ ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး တစ်ကြိမ်နဲ့ အခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ကျင်းပမယ့် APEC 2022 တို့ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပမယ့် ကာလအတွင်း လုံခြုံရေးအတိုင်းအတာတွေကို တိုးမြှင့် သတ် မှတ်တယ်လို့ ဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက် ဖမ်းဆီးလျှက်ရှိပါတယ်။ 

Ref;ThaiEnquirer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.