radio Than Lwin Times(11/11)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
ဆိုးလ်၊ နိုဝင်ဘာ (၁၂) တောင်ကိုရီးယား ဆိုးလ်မြို့က လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့တဲ့ ဟောလိုဝင်းပွဲတော် လူအုပ်ပိမှုဖြစ်စဉ် စုံစမ်း စစ်ဆေးနေတဲ့ ရဲအရာရှိတစ်ဦးကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၅၅ နှစ်အရွယ် အမျိုးသားဖြစ်သူ Jeong(ဂျောင်) လို့ ဖော်ပြထားတဲ့ အဲဒီရဲအရာရှိကို ဆိုးလ်မြို့ရှိ သူ့ရဲ့…
ကရာချီ – နိုဝင်ဘာ(၁၂) ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရမ်ခမ်းဟာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး တစ်ပတ် အကြာမှာ သူ့ရဲ့ ထောက်ခံသူတွေကို အစိုးရဆန့်ကျင်ရေး ချီတက်ပွဲတွေ ဆက်လုပ်ဖို့ ပြောဆို ခဲ့ပြီး တစ်ဦးတည်သော သေနတ်သမားက သူ့ကိုသတ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ရဲအစီရင်ခံစာကို လည်းပယ်ချလိုက်ပါတယ်။ အသက်(၇၀) အရွယ် ခရစ်ကတ်ချန်ပီယံဟောင်းဖြစ်တဲ့ ခမ်းဟာ ပြီးခဲ့တဲ့ ဧပြီလက ပါလီမန်မှာ…
ဘန်ကောက်၊ နိုဝင်ဘာ (၁၂) အကြီးစားလုပ်ငန်းတွေအတွက်သာ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တာကြောင့် APEC 2022 အစည်းအဝေး ကို ဆန့်ကျင်ဆန္ဒပြမယ်လို့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမားအဖွဲ့တွေက ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ်ပရာရွတ်လက်ခံကျင်းပတဲ့ အာရှပစိဖိတ်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေး APEC 2022 ဟာ အကြီးစားပူးပေါင်းဆောင်ရွက်မှုကိုသာ အကျိုးဖြစ်ထွန်းစေလို့ ပရာရွတ်ရဲ့ Bio-Circular-Green Economic…
ဘီးလင်း၊ နိုဝင်ဘာ (၁၂) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာမှာ နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းနဲ့ ဂိတ်စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောတယ်။ ဒီကနေ့ မနက် ၆ နာရီက ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို…
ကျိုက်မရော၊ နိုဝင်ဘာ (၁၂) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို ဒီကနေ့ မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ(၁၂)ရက်နေ့ မနက်(၅)နာရီအချိန်ခန့်ကစပြီး ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့က…
ရေး၊ နိုဝင်ဘာ (၁၂) စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်တော့မှာ ဖြစ်တဲ့အတွက် မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းက စာသင်ကျောင်းတွေ ပိတ်ထားပေးဖို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPDF)က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPDF)ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေ၊ စစ်ကောင်စီ စခန်းတွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်…
မော်လမြိုင်၊ နိုဝင်ဘာ (၁၂) AAPP ရဲ့ နိုဝင်ဘာလ (၁၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၄၉)ရက်အတွင်း ပြည်သူ (၂၄၄၄)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၁၅၆ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၉၂) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။…
မော်လမြိုင်၊ နိုဝင်ဘာ (၁၂) မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းမှုနဲ့အတူ အထွေထွေအကျပ်အတည်းတွေကြောင့် မကြာမီကာလအတွင်း ပြိုလဲလာနိုင်တယ်လို့ အဝေးပြေးယာဉ်ပိုင်ရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ခရီးသည်နဲ့ ကုန်ပစ္စည်း ရရှိမှု သိသိသာသာ ကျဆင်းလာတဲ့အတွက် ဆက်လက် ရပ်တည်ဖို့ အခက် ကြုံနေရတာပါ။ ဒါ့အပြင် အဝေးပြေးယာဉ်လိုင်းတွေဟာ…
သထုံ၊ နိုဝင်ဘာ (၁၂) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး တိုက်ခိုက်ခံရတာကြောင့် သေဆုံးပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်မွှေနေတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ဝင်းစိန်ကျေးရွာ ဒေသခံတစ်ဦးကို…