ကရာချီ၊ နိုဝင်ဘာ (၈)

ပါကစ္စတန် ဝန်ကြီးချုပ်ရှာဟ်ဘတ်ဇ် ရှရစ်ဖ်က အတိုက်အခံခေါင်းဆောင် အိုင်ရမ်ခန်းကို လုပ် ကြံမှုမှာပါဝင်တယ်ဆိုတဲ့ စွဲချက်တွေကို ပယ်ချခဲ့ပြီးနောက် အဲ့ဒီပစ်ခတ်မှုကို စုံစမ်းစစ်ဆေးပေး ဖို့ အတိုက်အခံခေါင်းဆောင်ကို ထောက်ခံသူတွေက ဆန္ဒပြတောင်းဆိုနေကြပါတယ်။  

ခန်းဟာ  လွန်ခဲ့တဲ့ နိုဝင်ဘာ ၃ရက်နေ့က ပြုလုပ်တဲ့ အစိုးရဆန့်ကျင်ရေးစုဝေးမှုမှာ ခြေထောက်ပိုင်းကို ပစ်ခတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ ခရစ်ကတ် ကစားသမားဘဝကနေ နိုင်ငံရေးသမားဖြစ်လာတဲ့ ခန်းဟာ သူ့ကို လုပ်ကြံ သတ်ဖြတ်ဖို့ ရည်ရွယ်တယ်ဆိုပြီး လက်ရှိ ပါကစ္စတန်ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေကို ဝေဖန်နေကြတာပါ။

“ဒီကိစ္စနဲ့ ပါဝင်ပတ်သက်တယ်လို့ သက်သေ တစ်စုံတရာရှိရင်တော့ ကျွန်တော်က ရုံးထဲဘယ်နေလို့ရပါမလဲ။ တကယ်လို့ ဒါဖြစ်လာတယ်ဆိုရင်တောင် နိုင်ငံရေးကို ထာဝရ စွန့်လွှတ်သွားမှာပါ” ဝန်ကြီးချုပ် ရှာရစ်ဖ် က ပြော ကြားခဲ့ပြီး ခန်းအားလုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တယ်ဆိုတာ  သက်သေမရှိပါလို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် ရှရစ်ဖ် ကတော့  ဝန်ကြီးချုပ်ဟောင်းဟာ တိုင်းပြည်ကို မှားယွင်းပြီး တန်ဖိုးနည်းပါးတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်  စွပ်စွဲချက်တွေကို ထုတ်ဖော်နိုင်ဖို့ စုံစမ်းစစ်ဆေးပေးဖို့အတွက် တရားရုံးကော်မရှင် တစ်ခုဖွဲ့စည်းဖို့ အထူးတရားရုံးတော်ကို တောင်းဆိုထား ခဲ့တာပါ။

ပါကစ္စတန် အီလက်ထရွန်နစ်မီဒီယာဥပဒေ အာဏာပိုင်တွေအနေနဲ့ ခန်းရဲ့ မိန့်ခွန်းတွေကို ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ခြင်းကို တားမြစ်ဖို့ ဆုံးဖြတ်ချက်တစ်ရပ် ပြင်ဆင်ရန် ပါကစ္စတန် အစိုးရအဖွဲ့က စနေနေ့မှာ  အမိန့် တစ်ရပ်ကို ညွှန်ကြားခဲ့ပါတယ်။

ပါကစ္စတန်သတင်းအချက်အလက်ဝန်ကြီး က လွတ်လပ်သော ပြောရေးဆိုခွင့်နဲ့ ဒီမိုကရေစီ စံနှုန်းတွေကို ယုံကြည်သော်လည်း ခန်းရဲ့ လူထုကို ပြောကြားတဲ့ စကားတွေအတွက် မရပ်တည်ပေးနိုင်ပါဘူးလို့ ပြောကြားခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ခန်းကို  ထောက်ခံသူတွေဟာ တရားမျှတမှုကို တောင်းဆိုနေပြီး ခန်းကို လုပ်ကြံ သတ်ဖြတ်ဖို့ ရည်ရွယ်တဲ့ ပုဂ္ဂိုလ် ၃ ဦးကို ရာထူးမှ နှုတ်ထွက်ပေးရန် ပါကစ္စတန်ရဲ့ မြို့ကြီးတွေမှာဆန္ဒပြ တောင်းဆိုနေကြပါတယ်။

Ref: Ajazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.