သံဖြူဇရပ် – နိုဝင်ဘာ (၈)
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲဘိုတောင်ကျေးရွာက နှစ်တစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းဟာ ဒီနေ့ နိုဝင်ဘာလ(၈) ရက်နေ့ မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
မီးလောင်မှုကြောင့် ပေ ၈၀-ပေ-၁၂၀ ရှိတဲ့ နှစ်ထပ်ကျောင်းဆောင်ရဲ့ ခေါင်မိုးပိုင်းနဲ့ အတွက်းပိုင်း ပစ္စည်းအကုန်နီးပါး မီးလောင်ပျက်စီးသွားပြီး ကျောင်းနေ သံဃာတော်တွေတော့ ထိခိုက်ဒဏ်ရာ ရရှိတာမရှိဘူးလို့ သိရပါတယ်။
ဒီနေ့မနက် (၇) နာရီကျော်မှာ လျှပ်စစ်မိန်းဘုတ်မီးအဝင်နေရာကနေစတင်မီးလောင်မှုဖြစ်ပွားခဲ့ တာဖြစ်ပြီး ဘုန်းကြီးကျောင်း ရဲ့အပေါ်ပိုင်းတွေ မီးထဲပါသွားတဲ့အခြေအနေရှိတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မီးလောင်ခဲ့တဲ့ ဘုန်းကြီးကျောင်းကို ဒေသလူမှုကူညီရေးအသင်းတွေ၊ သံဖြူဇရပ်မီးသတ်တပ်ဖွဲ့ နဲ့ ဒေသခံတွေဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြတဲ့အတွက် မနက် (၉) နာရီကျော်မှာ မီးငြိမ်းသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဝဲဘိုတောင်ကျေးရွာက နှစ်တစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းဘုန်းကြီးကျောင်း မီးလောင်မှုနဲ့ ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုးတိတိကျကျ မသိရသေးဘဲ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ ကလည်း အသေးစိတ်မသိရသေးဘူးလို့ သံလွင်တိုင်းမ် ကိုပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ