ရောမ – နိုဝင်ဘာ(၈) 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကူညီရာမဲ့သူတွေ ရောက်ရှိ လာတဲ့ နိုင်ငံတွေတင်မဟုဘဲ ရွှေ့ပြောင်းနေထိုင်သူတွေကို ခေါ်ယူဖို့ တာဝန်ခွဲဝေယူသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

ရွှေ့ပြောင်းအခြေချမှုတွေဟာ အီတလီနိုင်ငံမှာ နိုင်ငံရေးတင်းမာမှု ဖြစ်ပေါ်နေချိန်မှာ အစိုးရနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ပရဟိတ သင်္ဘောတွေပေါ်က ဆင်းဖို့ ကြိုးပမ်းချိန် အငြင်း အခုံဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့တာပါ။ 

“ဥရောပသမဂ္ဂအနေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မူဝါဒကို ချမှတ်ရမှာ ဖြစ်ပါတယ်။ ဆိုက်ပရပ်စ်၊ ဂရိ၊ အီတလီနဲ့ စပိန်တို့က ကမ်းပေါ်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူအားလုံးရဲ့ တာဝန်တွေကို ချန်လှပ်ထားလို့မရပါဘူး” လို့ သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

အီတလီနိုင်ငံရဲ့ ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေးအဖွဲ့ချုပ် ပါတီရဲ့ အကြီးအကဲနဲ့ လက်ယာ ယိမ်းအစိုးရသစ် လက်ထောက်ဝန်ကြီးချုပ် ဖရန်စစ်ရဲ့ ဉာဏ်ပညာကြီးမြတ်သော စကား အတွက် လည်း ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။ 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေက အီတလီဟာ ပင်လယ်ပြင်က ထွက်ခွာလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခွင့်မပြုဘဲ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ အစီရင် ခံတင်ပြထားကြပါတယ်။ 

“ဥရောပသမဂ္ဂရဲ့ အစိုးရတစ်ခုစီက ရွှေ့ပြောင်းနေထိုင်သူတွေ ဘယ်လောက်ယူ နိုင်တယ်ဆိုတာ ကို သဘောတူသင့်ပါတယ်” လို့ ဖရန်စစ်က ဆိုခဲ့ပြီး ရွှေ့ပြောင်းနေထိုင်မှု မူဝါဒကို နိုင်ငံတိုင်းက သဘောတူရမယ်၊ သဘောတူညီမှုမရှိရင် မူဝါဒဆိုတာ မဖြစ်နိုင်ပါဘူး” လို့  ပုပ်ဖရန်စစ်ကပြော ပါတယ်။  

ကာတာနီးယားက ကယ်ဆယ်ရေးသင်္ဘောတွေဟာ နောက်ဆုံးလူတိုင်း ဆင်းသက်ဖို့ ခွင့်ပြုချက် ကိုစောင့်ဆိုင်းနေချိန်မှာ အန္တရာယ်ရှိတဲ့ မြေထဲပင်လယ်ဖြတ်ကူးမှုမှာ ခက်ခက်ခဲခဲ ပြေးလွှေား နေကြတယ်လို့ ရွှေ့ပြောင်းကယ်ဆယ်ရေးအဖွဲ့က အစီရင်ခံထားပါတယ်။ 

အီတလီနိုင်ငံဟာ (၂၁၅) ဦးကို ပြည်ဝင်ခွင့် ငြင်းဆိုခဲ့ပေမယ့် အစောပိုင်းကတော့ အာဏာပိုင်တွေ ဟာ ကလေးတွေနဲ့ နာမကျန်းသူတွေပါအဝင် လူ(၁၄၄) ဦးကို သင်္ဘောပေါ်က လက်ခံခဲ့ပြီး အရွယ် ရောက်ပြီးသူ အမျိုးသား(၃၅) ဦးကိုတော့ ပယ်ချထားတယ်လို့ သိရပါတယ်။ 

“ပင်လယ်ရဲ့ ဥပဒေက ရှင်းပါတယ်၊ ကယ်ဆယ်ထားသူအားလုံးကို ဘေးကင်းရာအရပ်မှာ သင်္ဘောပေါ်ကနေ ချထားပြီးတာနဲ့ ကယ်ဆယ်ခြင်းအဆုံးသတ်ခဲ့လို့ ခွဲခြားဆက်ဆံတာကိုရပ်ဖို့” လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အီတလီကို တိုက်တွန်းခဲ့ပါတယ်။

Ref: TRT World

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.