မော်လမြိုင် – နိုဝင်ဘာ(၈)

မြန်မာနိုင်ငံမှာ လူမဆန်တဲ့ စစ်အာဏာရှင်တွေ မရှိတော့မယ့် တစ်နေ့မှာ ပြည်သူတစ်ရပ်လုံး တည်ထောင်ချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ထောင်နိုင်မှာဖြစ်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ(NUG/JCC) တို့ ကြားချိတ်ဆက်ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်တဲ့ အစည်း အဝေးမှာ ဝန်ကြီးချုပ်ကပြောခဲ့တာပါ။

“ဒီအချိန်ဒီကာလကတော့ တခြားအကြောင်းအရာတွေထက် ဆိုးရွားလွန်းတဲ့ အကြမ်းဖက် စစ်ကောင် စီကို အမြစ်ဖြတ် နိုင်ဖို့က ပထမဦးစားပေးဖြစ်တယ်လို့ ကျွန်တော်တော့ ရိုးရိုးသားသား ယုံကြည်ပါ တယ်။ လူမဆန်တဲ့ အာဏာရူး အကြမ်းဖက်သမားတွေ မရှိတော့မယ့် တစ်နေ့မှာ ကျွန်တော်တို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ ကျွန်တော်တို့ တည်ထောင်ချင်ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ တော်သစ်ကြီးကို တည်ထောင်နိုင်မယ်လို့ အသေအချာ ယုံကြည်ပါတယ်” လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရ ဖြေရှင်းဆွေးနွေးရမယ့် ကိစ္စတွေဟာ စစ်အာဏာရှင်တွေ ကျဆုံးသွားတဲ့ နေ့ ရောက်မှသာ ပြေလည်နိုင်မှာဖြစ်ပြီး တော်လှန်ရေးဦးဆောင်နေတဲ့ အဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို အမြန်ဆုံးတိုက်ထုတ်နိုင်ဖို့ ပိုမိုကြိုးစားပေးဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက NUCC- NUG/JCC ချိတ်ဆက်ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ကျဉ်းချုပ်ပြောတာ၊ သက်ဆိုင်ရာ JCC ကိုယ်စားပြု ဝန်ကြီးတွေက JCC တစ်ခုချင်းစီအလိုက် ဆွေးနွေးတင်ပြတာတွေကို လည်း ပြုလုပ်ခဲ့ ကြပါတယ်။

အဲ့ဒီနောက် ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင် သန်းတို့က နိဂုံးချုပ်အမှာစကာ ပြောခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.