ဆိုးလ်၊ နိုဝင်ဘာ (၆) 

မြောက်ကိုရီးယားက စစ်ရေးလေ့ကျင်မှုတွေမှာ လက်နက်စမ်းသပ်မှုတွေကို လုပ်ဆောင်လာ ပြီးတဲ့နောက်မှာ တော့ အမေရိကန်-တောင်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်နေတဲ့ စစ်ရေး လေ့ကျင့်မှုမှာ မဟာဗျူဟာ ဗုံးကြဲလေယာဉ် B-1B ကို အမေရိကန်လေတပ်ကနေ ထည့်သွင်း အသုံးပြုတော့မယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ရေးအတွက် ဆိုးလ်နဲ့ ဝါရှင်တန်အစိုးရဟာ (နိုးကြားပြီး သတိဝီရိယရှိတဲ့ မုန်တိုင်း) လို့ အမည်ပေးထားတဲ့ လေတပ်စစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့ ကတည်းက စတင်လုပ်ဆောင်နေခဲ့တာပါ။

၂၀၁၇ ခုနှစ်နောက်ပိုင်းကနေစပြီး အသုံးပြုခြင်းမရှိခဲ့တဲ့ ဗုံးကြဲလေယာဉ် B-1B ကို အမေရိကန်-တောင်ကို ရီးယား စစ်ရေးလေ့ကျင်မှုတွေမှာ အခုချိန်မှာ ပထမဆုံးအကြိမ် ပြန်လည် အသုံးပြုတာလည်း ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အောက်တိုဘာလအတွင်းကတည်းက ဗုံးကြဲလေယာဉ် လေးစင်းကို ထားရှိထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

တောင်ကိုရီးယားဟာ B-1B အပါအဝင် လေယာဉ်တင်သင်္ဘောတွေ၊ နျူကလီးယား ရေငုပ်သင်္ဘောတွေနဲ့ တာဝေးပစ်ဒုံးတွေကဲ့သို့ ဗျူဟာကျပစ္စည်းတွေကို စစ်ရေးလေ့ကျင့်မှုတွေမှာ တိုးမြှင့်အသုံးပြုဖို့ အမေရိကန်အစိုးရကို တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားအာဏာပိုင်တွေကတော့ ဒီလိုသတင်းတွေနဲ့ ပတ်သက်ပြီး တစ်စုံတရာ မတုံ့ပြန်ခဲ့ပါဘူး။

ဝါရှင်တန်မှာ ပြီးခဲ့တဲ့  နိုဝင်ဘာ ၄ရက်၊ ကြာသပတေးနေ့က  အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့  တောင်ကိုရီး ယား ကာကွယ်ရေးဝန်ကြီးတို့အကြားတွေ့ဆုံပြီးနောက် ကျွန်းဆွယ်တဝိုက်မှာ မဟာဗျူဟာမြောက်စစ် သုံးယာဉ်တွေကို  ပိုမိုများပြားစွာ ဖြန့်ကျက်ထားဖို့အတွက် သဘောတူခဲ့ကြတာပါ။

Ref;CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.