မန္တလေး – နိုဝင်ဘာ(၅)

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် စစ်တပ်သိမ်းယူထားတဲ့ မြေနေရာတွေကို အကွက်ရိုက်ရောင်းချနေတဲ့ နွေဦးနှင်းဆီ မြေကွက် စီမံကိန်းမှာ ကျန်ရှိနေတဲ့ မြေကွက် (၁၀) ကို တစ်ဦးတည်းကအမေရိကန်ဒေါ်လာ (၂.၄) သန်းဖိုးဝယ်ယူသွားတယ်လို့The End of Dictatorship ကအသိပေးထားပါတယ်။

အဲ့ဒီမြေကွက်တွေဟာ မန္တလေးမြို့ ဒေါ်အောင်ဆန်းစုကြည် လမ်းတောင်ဘက်က စစ်တပ်သိမ်းယူ ထားတဲ့ မြေနေရာတွေပါ။

“ပမာဏများများ ဝယ်ယူအားပေးသူများနည်းတူ မိမိတို့ နိုင်သမျှ တဦးချင်း တကွက်ချင်း ဝယ်ယူ အားပေးကြသူများအားလုံးနှင့် နိုင်ရာဝန်ထမ်းနေကြတဲ့ တော်လှန်ပြည်သူအားလုံးကို တော်လှန်ရေး အောင်စိတ်ဖြင့် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်” လို့ အမျိုးသားညီညွတ်ရေး အစိုးရဘဏ္ဍာ ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ကသူ့ရဲ့လူမှုကွန်ရက်စာ မျက်နှာမှာရေးသားထားပါတယ်။

ပေ(၁၀၀) ပတ်လည်မြေကွက်တစ်ကွက်ကို ဒေါ်လာ(၂၄၀၀၀၀)နဲ့ မြေကွက် (၂၀) ဖော်ဆောင်ကာ ပြီးခဲ့ တဲ့အောက်တိုဘာလ(၁) ရက်နေ့ကစတင်ရောင်းချခဲ့တာဖြစ်ပြီး နိုဝင်ဘာလ(၄)ရက်နေ့အထိမြေကွက် (၁၀)ကွက်ရောင်းချခဲ့ရတာဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ မြေကွက်(၁၀) ကွက်ကိုတော့ ဒီနေ့ နိုဝင်ဘာလ(၅) ရက်နေ့မှာ ပြည်သူတစ်ဦးက ဒေါ်လာ (၂.၄) သန်းနဲ့ ဝယ်ယူသွားခဲ့တာပါ။

မန္တလေးမြို့ မန္တလေးတက္ကသိုလ်အနီး (၇၃) လမ်းနဲ့ (၇၈) လမ်းကြား (၃၈) လမ်း ဒေါ်အောင်ဆန်း စုကြည် လမ်းရဲ့ တောင်ဘက်မှာရှိတဲ့ မြေနေရာတွေကို ပေ(၁၀၀) ပတ်လည်မြေကွက် ဖော်ဆောင် ပြီး အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ရောင်းချခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနေရာဟာ ပြည်သူပိုင်နေရာတွေကို စစ်တပ်က မတရားသိမ်းယူထားတဲ့နေရာဖြစ်ပြီး ပြည်သူ တွေနဲ့ တက္ကသိုလ်ကျောင်းသားတွေကိုဖိနှိပ်ဖို့ စစ်တပ်တည်ထားတာဖြစ်တယ်လို့ မန္တလေး သပိတ် အင်အားစုအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Tin Tun Naing(FB)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.