ဝါရှင်တန် – နိုဝင်ဘာ(၆)

မြောက်ကိုရီးယားကို တရုတ်နဲ့ ရုရှားတို့က အကာအကွယ်ပေးနေတယ်လို့ အမေရိကန်က စွပ်စွဲ ခဲ့ပြီး ပြုံယမ်းရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွေကိုတုံ့ပြန်ဖို့ ငြင်းဆိုသွားကြတယ်လို့ ဆိုပါတယ်။ 

အမေရိကန်၊ဗြိတိန်၊ပြင်သစ်၊အယ်လ်ဘေးနီးယား၊အိုင်ယာလန်နဲ့ နော်ဝေးတို့က မြောက်ကိုရီးယား ရဲ့ တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် ဒုံးကျည်မျိုးစုံကို ပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး ကုလလုံခြုံ ရေးကောင်စီမှာ တွေ့ဆုံဖို့ တောင်းဆိုခဲ့ကြတာပါ။ 

“သင့်အနေနဲ့ ယူကရိန်းမှာ ရန်လိုတဲ့စစ်ပွဲကို အရှိန်မြှင့်ဖို့ မြောက်ကိုရီးယားက လက်နက်တွေ ရောင်းချပေးနေတာကြောင့် ဒါမှမဟုတ် သူတို့ဟာ အမေရိကန်ပြည်ထောင်စုအတွက် ဒေသ ဆိုင်ရာ ကြားခံကောင်းတစ်ခု ဖန်တီးနေတယ်လို့ သင်ထင်တာကြောင့် လုံခြုံရေးကောင်စီရဲ့ တာဝန်တွေကို စွန့်လွှတ်လို့ မရပါဘူး” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ရုရှားနဲ့ တရုတ်နိုင်ငံတို့ကို ရည်ညွှန်းပြီး ကောင်စီမှာ ပြောခဲ့ပါတယ်။ 

မြောက်ကိုရီးယားရဲ့ နောက်ဆုံးဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး ကောင်စီရဲ့ အရေးယူဆောင် ရွက်မှုကို ရုရှားနဲ့ တရုတ်တို့က သဘောမှာမဟုတ်ဘူးလို့ သံတမန်တွေက ဆိုပါတယ်။ 

“ကောင်စီအနေနဲ့ ဖိအားတွေကို အမြဲတမ်း အလေးပေးမယ့်အစား အပြုသဘောဆောင်တဲ့ အခန်း ကဏ္ဍမှာ ပါဝင်သင့်ပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးဆိုခဲ့ပြီး  “လက်ရှိ အခြေအနေအရ ကောင်စီသည် ထိပ်တိုက်ရင်ဆိုင်မှုများ လျော့ပါးစေရန်၊ တင်းမာမှုများ လျော့ပါးစေရန်နှင့် နိုင်ငံရေးအရ ပြေလည်မှုကို မြှင့်တင်ရန် အထူးကြိုးစားသင့်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။ 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချထားပြီး နောက်ထပ်ရန်စတဲ့ တုံ့ပြန်မှုမျိုးတွေကို ချက်ချင်းရပ်တန့် ဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

မြောက်ကိုရီးယားက ဒီအစီအစဉ်အတွက် ရန်ပုံငွေဖြတ်တောက်ဖို့ ကြိုးပမ်းတဲ့ နှစ်တွေအတွင်း ပိတ်ဆို့အရေးယူမှုတွေ ပိုမိုအားကောင်းလာခဲ့ကာ လုံခြုံရေးကောင်စီက နျူကလီးယားစမ်းသပ်မှု တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်တာကို ကာလရှည်ပိတ်ပင်ထားခဲ့တာပါ။ 

ပြီးခဲ့တဲ့ မေလက မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်အသစ် ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေက ကုလသမဂ္ဂမှာ အရေးယူပိတ်ဆို့မှုတွေတိုးမြှင့်ဖို့ ကြိုးပမ်းခဲ့ပေမယ့် တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တယ်လို့ သိရပါတယ်။ 

“လုံခြုံရေးကောင်စီအနေနဲ့ တိုးမြင့်လာမှုကို တားဆီးဖို့ တတ်နိုင်သမျှ လုပ်ဆောင်ဖို့ လိုအပ်ပါ တယ်” လို့ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက် အတွင်းရေးမှူးချုပ်က ကောင်စီကို ပြောခဲ့ ပါတယ်။  

တရုတ်နဲ့ ရုရှားတို့ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်နဲ့ မြောက်ကိုရီး ယားကို ပိတ်ဆိုအရေးယူမှုတွေ ဖြေလျှော့ဖို့ တွန်းအားပေးနေပြီး စေ့စပ်ညှိနှိုင်းမှုတွေမှာပြန်လည် လက်ခံလာနိုင်ဖို့ မျှော်လင့်ထားကြတယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.