November 6, 2022

လူသတ်သမားတွေ၊ မူးယစ်ဆေးရောင်းသူတွေ၊ အကျဉ်းသားဟောင်းတွေကို ပူတင်က စစ်သားအဖြစ်စုဆောင်း

ကိဗ်၊ နိုဝင်ဘာ(၆) မကြာသေးမီက ရုရှားအကျဉ်းထောင်က လွတ် မြောက် သွားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေနဲ့ လူသတ်မှု ကျူးလွန်သူတွေဟာ ပြောင်းလဲလိုက်တဲ့ ဥပဒေအရ ယူကရိန်းမှာ စစ်မှုထမ်းဖို့အရေးနဲ့ ရင်ဆိုင်နေရ ပါတယ်။ သမ္မတ ဗလာဒီမာပူတင်ဟာ မကြာသေးမီက အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ကြီးလေးတဲ့ ရာဇဝတ် မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားတွေကို အရန်တပ်သားတွေအဖြစ် ခေါ်ယူခြင်းဆိုင်ရာ…

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ မဟာဗျူဟာဗုံးကြဲလေယာဉ် B-1B ကို အသုံးပြုမယ်

ဆိုးလ်၊ နိုဝင်ဘာ (၆) မြောက်ကိုရီးယားက စစ်ရေးလေ့ကျင်မှုတွေမှာ လက်နက်စမ်းသပ်မှုတွေကို လုပ်ဆောင်လာ ပြီးတဲ့နောက်မှာ တော့ အမေရိကန်-တောင်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်နေတဲ့ စစ်ရေး လေ့ကျင့်မှုမှာ မဟာဗျူဟာ ဗုံးကြဲလေယာဉ် B-1B ကို အမေရိကန်လေတပ်ကနေ ထည့်သွင်း အသုံးပြုတော့မယ်လို့ သိရပါတယ်။ မြောက်ကိုရီးယား ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ရေးအတွက် ဆိုးလ်နဲ့ ဝါရှင်တန်အစိုးရဟာ (နိုးကြားပြီး သတိဝီရိယရှိတဲ့ မုန်တိုင်း) လို့…

တရုတ်နဲ့ ရုရှားတို့က ကုလတာဝန်တွေကို မြောက်ကိုရီးယားကိစ္စမှာ လစ်လျူရှုထားတယ်လို့ အမေရိကန်ဆို

ဝါရှင်တန် – နိုဝင်ဘာ(၆) မြောက်ကိုရီးယားကို တရုတ်နဲ့ ရုရှားတို့က အကာအကွယ်ပေးနေတယ်လို့ အမေရိကန်က စွပ်စွဲ ခဲ့ပြီး ပြုံယမ်းရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွေကိုတုံ့ပြန်ဖို့ ငြင်းဆိုသွားကြတယ်လို့ ဆိုပါတယ်။ အမေရိကန်၊ဗြိတိန်၊ပြင်သစ်၊အယ်လ်ဘေးနီးယား၊အိုင်ယာလန်နဲ့ နော်ဝေးတို့က မြောက်ကိုရီးယား ရဲ့ တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် ဒုံးကျည်မျိုးစုံကို ပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး ကုလလုံခြုံ ရေးကောင်စီမှာ တွေ့ဆုံဖို့ တောင်းဆိုခဲ့ကြတာပါ။ “သင့်အနေနဲ့ ယူကရိန်းမှာ ရန်လိုတဲ့စစ်ပွဲကို အရှိန်မြှင့်ဖို့ မြောက်ကိုရီးယားက…

သထုံမြို့နယ်မှာ PDF ရဲဘော် ၂ ဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံး

သထုံ၊ နိုဝင်ဘာ (၆) မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ HRS တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးဟာ မိုင်းမတော်တဆမှုကြောင့် ကျဆုံးသွားတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သထုံမြို့နယ်အခြေစိုက် Hawk Revolutionary Squad-HRS တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့မှာ…

ကိုဗစ်ချေးငွေယူထားတဲ့ လုပ်ငန်းရှင်တွေ အတိုး မဖြစ်မနေ ပြန်ဆပ်ကြဖို့ စစ်ကောင်စီ ဖိအားပေး

မော်လမြိုင်၊ နိုဝင်ဘာ (၆) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံတော်ကနေ ထုတ်ချေးပေးထားတဲ့ ချေးငွေတွေရဲ့ အတိုးနှုန်းတွေကို သတ်မှတ်ကာလ ပြန်ဆပ်မှသာ ဆိုင်းငံ့ကာလ တစ်နှစ် သက်တမ်း ထပ်မံရရှိမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ နိုင်ငံတော်ကနေ ချေးငွေထုတ်ပေးခဲ့တဲ့ ကုမ္ပဏီနဲ့လုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ် မတ်လ ၁၇…

လောင်းလုံးမြို့နယ်မှာ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်လို့ ဒေသခံ ၂ ဦး ဒဏ်ရာရ

လောင်းလုံး၊ နိုဝင်ဘာ (၆) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာနဲ့ခမောင်တောင်အနားမှာ နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရမ်းသမ်းပစ်ခတ်တာကြောင့် ခရီးသွား ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ ကင်းပုန်းဝပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၆…

ကယားပြည်နယ်ကို ထိန်းချုပ်ဖို့ စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းလာ

လွိုင်ကော်၊ နိုဝင်ဘာ (၆) နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်ကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီဘက်က အပြင်း အထန် ကြိုးပမ်းလာတယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ စစ်ရေးအရ အလွန်အရေးကြီးတဲ့ လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-မိုးဗြဲ ဒေသတွေမှာ ရှိတဲ့ ပြည်ထောင်စုလမ်းမကြီးကို တပ်အင်အားအလုံးအရင်း ဖြည့်တင်းပြီး ပုံစံမျိုးနဲ့ ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာပါ။ စစ်ကောင်စီတပ်က ထိန်းချုပ်ဖို့…

မွန်ပြည်နယ်မှာ စစ်တပ်နဲ့ ပေါင်းမယ့် ပြည်သူ့လုံခြုံရေးအဖွဲ့ကို အင်အား ၂၀၀ နဲ့ ဖွဲ့

မော်လမြိုင်၊ နိုဝင်ဘာ (၆) စစ်ကောင်စီက ဖိအားပေးဖွဲ့စည်းခိုင်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ကို အင်အား ၂၀၀ လောက်နဲ့ မွန်ပြည်နယ်အတွင်း ဖွဲ့စည်းပြီးသွားပြီလို့ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စစ်တပ်ကို ထောက်ခံသူတွေ၊ အရပ်သားတချို့နဲ့ ပြည်သူ့ လုံခြုံရေးအဖွဲ့ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့မတ်လမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီးဌာနကနေတဆင့်…

နွေဦးနှင်းဆီမြေကွက် စီမံကိန်းမှာ ဒေါ်လာ(၂.၄) သန်း ဖို့မြေကွက်တွေကို တစ်ဦးတည်းအကုန် ဝယ်ယူ

မန္တလေး – နိုဝင်ဘာ(၅) အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် စစ်တပ်သိမ်းယူထားတဲ့ မြေနေရာတွေကို အကွက်ရိုက်ရောင်းချနေတဲ့ နွေဦးနှင်းဆီ မြေကွက် စီမံကိန်းမှာ ကျန်ရှိနေတဲ့ မြေကွက် (၁၀) ကို တစ်ဦးတည်းကအမေရိကန်ဒေါ်လာ (၂.၄) သန်းဖိုးဝယ်ယူသွားတယ်လို့The End of Dictatorship ကအသိပေးထားပါတယ်။ အဲ့ဒီမြေကွက်တွေဟာ မန္တလေးမြို့ ဒေါ်အောင်ဆန်းစုကြည် လမ်းတောင်ဘက်က စစ်တပ်သိမ်းယူ ထားတဲ့ မြေနေရာတွေပါ။ “ပမာဏများများ…