ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေအားလုံးပါဝင်တဲ့ မျက်နှာစုံညီ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကို အခုနှစ်မကုန်ခင်ကျင်းပပြုလုပ်သွားဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST) ကကြိုးပမ်းနေတာပါ။ ဒါကြောင့် PPST ကျင်းပဖို့ စီစဉ်ထားတဲ့ မျက်နှာစုံညီ နိုင်ငံရေး ဆွေးနွေးပွဲက ဘယ်လိုပုံစံမျိုးလဲ။ လတ်တလောမှာရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး ပါဝင်တဲ့ ဆွေးနွေးဖြစ်ဖို့ ဘယ်လို ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး PPST ပြောခွင့်ရဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီ နိုင်ငံ ရေးဆွေးနွေးပွဲ တစ်ရပ်ကို အခုနှစ်မကုန်ခင် ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ဒီအခြေအနေ နဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဟုတ်ကဲ့ပါ။ အဲဒါကတော့ ကျွန်တော်တို့အနေနဲ့ နှစ်မကုန်ခင် တိုင်းရင်းသားများ၊ လက်နက်ကိုင် အားလုံး မျက် နှာစုံညီအစည်းအဝေးလို့ ခေါင်းစဉ်တပ်တာ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းများ အားလုံး ဒီလိုမျိုး ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ ပါဝင်လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ကျွန်တော်တို့ တစ်ပေါင်းတစ်စည်းတည်း စုပေါင်းဖော်ပြတာဖြစ်ပါတယ်။
EAOs မျက်နှာစုံညီ အစည်းအဝေးလုပ်ဖို့ ကျွန်တော်တို့ လုပ်ဖို့စဉ်းစားထားချက်ကို ကျွန်တော်တို့ မေ့ပျောက် သွားခြင်း မရှိသေးပါဘူး။ လက်ရှိ နိုင်ငံရေးအခင်းအကျဉ်း အရပေါ့လေ။ ကျွန်တော်တို့ PPST ကြားထဲမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာ ဒီလုပ်ငန်းစတင်ချဉ်း ကပ် ဆောင်ရွက်မှုကတော့ အမြင်တွေကတော့ အမျိုးမျိုးရှိကောင်း ရှိနေနိုင်ပါတယ်။ သို့သော်လည်းပဲ PPST မှာပါဝင်တဲ့ ဒီအဖွဲ့အစည်းတွေ အနေနဲ့ကတော့ PPSTရဲ့ခေါင်းစဉ်နဲ့ ဆိုတာထက် အဖွဲ့အစည်း တစ်ခုချင်းစီ တစ်ခုချင်းစီကနေပြီးတော့ သူနဲ့ ဆက်စပ်ပတ်သက်ရာ၊ နီးစပ်ရာ နယ်မြေအခြေအနေပေါ်မှာ သော်လည်း ကောင်း၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ သော်လည်းကောင်း၊ ဒါတစ်ဖွဲ့ချင်းစီအနေနဲ့ စတင်ချဉ်းကပ်မှုတွေ၊ ကြိုးပမ်းမှုတွေလုပ်ဖို့လည်း ဒါဆွေးနွေးညှိ့နှိုင်း သဘောတူခဲ့တာရှိတယ်။ လိုအပ်ရင်လည်း PPST အနေနဲ့ မဟုတ်သည့် တိုင်အောင်မှ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီးရဲ့ စုပေါင်းဆောင်ရွက်မှုတွေနဲ့ စတင်ပြီးတော့ စုစည်း အကောင်အထည်ဖော်လို့ ရအောင်ကြိုးပမ်း ဆောင်ရွက်ဖို့ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်လေးဆွေးနွေးသဘောတူမှုတွေရှိပါတယ်။
အချုပ်ပြောချင်တာကတော့ ဒီအခင်းအကျင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဒီနှစ်မကုန်ခင်မှာ လုပ်လိုတဲ့ တိုင်းရင်းသားညီလာခံလုပ်ဖို့ကတော့ ကိုယ့်ဆီမှာရှိနေတဲ့ အခြေအနေကနေပေါ်ကနေ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဆက်လက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ဆဲဖြစ်ပါတယ်ဆိုတာ ပြောချင်တယ်ခင်ဗျ။
-လတ်တလောမှာရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်ဖို့ ဘယ်လို ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေလဲ။
ဒါကလည်းပဲ အခြေအနေအရတော့ ကိုယ့်ရဲ့အဖွဲ့အစည်း တစ်ဖွဲ့တည်းမှာတောင်မှ တခါတလေကျရင် အမြင်မတူတာတို့ သဘောထား မတိုက်ဆိုင်တာတို့ ဆိုတာက ဒါရှိကြတယ်လေ။ ရှိလည်းရှိနေပါတယ်။ ဒါတွေကလည်း ပကတိအရှိတရား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့လက်ခံ ပေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက ကြိုးပမ်းဆောင်ရွက်တာကတော့ ခုဏက အဖွဲ့အစည်းတစ်ဖွဲ့ချင်းစီရဲ့ ဆက်စပ် ပတ်သက်ရာ လုပ်နိုင်စွမ်းအပေါ်မှာ လည်းကောင်း၊ ဒါမှမဟုတ် လူပုဂ္ဂိုလ်ကနေ အလွတ်သဘော စတင် ပြီးတော့ ချဉ်းကပ်ညှိနှိုင်းဆောင်ရွက်တဲ့ အပေါ်မှာလည်းကောင်း အဲဒီကနေ စတင်ကြိုးပမ်းမှု ရှိပါတယ်ဆိုတာ တော့ ပြောချင်ပါတယ်ခင်ဗျ။
-နောက်ဆုံးအနေနဲ့ EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီ နိုင်ငံရေးဆွေးနွေးပွဲအတွက် အချိန်နဲ့ နေရာတွေ သတ်မှတ်ပြီးပြီးလား။ ဘယ်လိုပုံစံတွေနဲ့ ကျင်းပသွားဖို့ စီစဉ်ထားပါသလဲ။
ဒီလိုမျိုး ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ ရိုးရိုးသားသား ပြောရမယ်ဆိုရင် တချို့ညီနောင်တွေ အနေနဲ့လည်း PPST အနေနဲ့ဆိုရင် အသွင်သဏ္ဏာန် အရ မတူညီတဲ့အကြားမှာ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်ဖို့ သူတို့အနေနဲ့လည်း အခက်အခဲရှိကောင်းရှိနိုင်တယ် ဆိုတာကလည်း ကိုယ်ချင်းစာလို့ ရတယ်လေ။ အဲဒါကြောင့်မို့လို့ နိဂုံးချုပ်အနေနဲ့ ဒီနှစ်မကုန်ခင် ကျွန်တော်တို့ မျက်နှာစုံညီအစည်းအဝေးလုပ်ဖို့ ကျွန်တော်တို့ ရည်မှန်းချက်အပေါ်မှာ ဒီတွေ့ဆုံပွဲက ကျွန်တော်တို့ ဖိတ်လို့လာရမျိုး မဟုတ်ပဲနဲ့ PPST ကစီစဉ်◌ဆောင်ရွက်လို့ပူးပေါင်းပါဝင် ဆောင်ရွက်ရတာမဟုတ်ပဲနဲ့ အားလုံးပါဝင်တဲ့ အခင်းအကျင်းဖြစ်အောင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးရဲ့ JOINT OWNERSHIP ဖြစ်အောင်ပေါ့လေ။ နေရာထိုင်ခင်း၊ အရပ်ဒေသ၊ အချိန်အခါ စသည့်ဖြင့်ပေါ့လေ။ အပြင်အဆင် အကြောင်းအရာတွေက အစ အကုန်လုံးက ကျွန် တော်တို့အားလုံး တန်းတူရည်တူညှိနှိုင်းဆွေးနွေးမှုနဲ့ လုပ်သွားဖို့စီစဉ် ဆောင်ရွက်ထားတဲ့ အပေါ်မှာကတော့ ဘယ်နေရာလောက်ဖြစ်နိုင်မလဲ၊ ဘယ်အချိန်လောက်ဖြစ်နိုင်မလဲ ဆိုတာကတော့ ကျွန်တော်တို့ ညှိနှိုင်း ဆွေး နွေးမှုကနေ ကျွန်တော်တို့အားလုံး လက်ခံသဘောတူနိုင်တဲ့ အခင်းအကျင်းကပဲ ဆက်သွားဖို့ပဲ ရှိပါတယ်လို့ ပြောလိုပါတယ်ခင်ဗျ။
တနင်္သာရီတိုင်းထဲမှာ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီဘက်က စားနှပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ကန့် သတ်ခံရတာ၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း မကြာခဏ ဖြတ်တောက်ထားတာ၊ တင်းကျပ်တဲ့ ပိတ်ဆို့စစ်ဆေးမှုတွေကြောင့် အကူအညီတွေ ရရှိဖို့ အခက်အခဲမျိုးစုံရင်ဆိုင်နေရပါတယ်။
ဒါကြောင့် တနင်္သာရီတိုင်းထဲက စစ်ရှောင်ပြည်သူတွေ လက်ရှိမှာ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်နေရပါ သလဲ။ စစ်ကောင်စီဘက်ကရော ဘယ်လို ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါသလဲ။ ဒီအခြေအနေတွေ နဲ့ ပတ်သက်ပြီး ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက် ။
-အရင်ဆုံး တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ ဘယ်လောက်ထိ ရှိလာပြီလဲ။ လက်ရှိမှာရော စစ်ရှောင်စခန်းတွေအလိုက် ဘာတွေ လိုအပ်ချက်တွေ ရှိနေလဲ။
ဘယ်မြို့နယ်မှာ ဘယ်လောက်ရှိတယ်ဆိုတာ တချို့မြို့နယ်တွေမှာ ကျွန်တော်တို့နဲ့ အဆက်အသွယ် မရသေး တော့ အတိအကျတော့ ပြောဖို့ခက်တယ်ဗျ။ ရေဖြူမြို့နယ်မှာဆို ၁၀၀၀ ဝန်းကျင်လောက်ရှိတယ်။ ထားဝယ်မြို့ နယ်အတွင်းမှာကျတော့ ရာဂဏန်းလောက်ရှိသေးတယ်။ အဲဒီ ရာဂဏန်းက ဘယ်လောက်လောက်ဖြစ်မယ် ဆို တာ ကျွန်တော်ခန့်မှန်းလို့ မရသေးဘူး။ ကျွန်တော်တို့အဖွဲ့ရဲ့ ခန့်မှန်းချက်ကတော့ ၅၀၀ နီးပါးလောက် ရှိမယ် ထင်တယ်။ သရက်ချောင်းမြို့နယ်ထဲမှာတော့ တိုက်ပွဲမရှိဘူးလို့ ယူဆတဲ့အတွက် ခန့်မှန်းချေ ၁၀၀ ဝန်းကျင် လောက်ရှိမယ်ထင်တယ်။ ပလောမှာကျတော့ ၃၀၀၀ နဲ့ အထက်ရှိနိုင်တယ်။ တနင်္သာရီမှာတော့ အခုလက်ရှိ ပြီးခဲ့တဲ့ ၁ရက်၂ရက်အတွင်း တိုက်ပွဲဖြစ်လာတဲ့အတွက် ၅၀၀နဲ့အထက်ရှိနိုင်တယ်။ ခန်မှန်းထားတာတော့ ရှိ တာပေါ့။ ဒီဟာသည် မြေပြင်ကဟာနဲ့ အဆက်အသွယ်ရတာတော့ ရေဖြူမြို့နယ်ရယ်၊ ပလောမြို့နယ်ရယ်ပဲ ရှိသေးတဲ့အတွက် ကျန်တဲ့မြို့နယ်တွေအတွက် ခန့်မှန်းအရေအတွက် ပြင်နေတယ်ပေါ့နော်။ စုစုပေါင်း ကျွန် တော် ခုဏက ဖြေထားသလိုပဲ ၅၀၀၀နဲ့ အထက်ရှိနိုင်တယ်။ ဒီ၅၀၀၀နဲ့ ၆၀၀၀အထိ ဖြစ်သွားနိုင်တယ်ပေါ့နော်။
-ဆောင်းတွင်းကာလလည်း ရောက်လာပြီဆိုတော့ စစ်ရှောင်ပြည်သူအဖို့ ဘယ်လို အခက်ကြုံရတာတွေ ရှိနေ လဲ။ ဒီနောက်ပိုင်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလှုပ်ရှားမှု အခြေအနေ ဘယ်လိုရှိလဲ။
တနင်္သာရီတိုင်းထဲမှာဆို စစ်ရှောင်စခန်းအများဆုံးပေါ့။ ၁၀၀၀နီးပါးစစ်ရှောင်စခန်းမှာ နေထိုင်တယ်ပေါ့နော်။ လူဦးရေများတဲ့အတွက် စားနပ်ရိက္ခာ လိုအပ်ချက်ကြီးမားတယ်ပေါ့။ တခြားစစ်ရှောင်တွေနေတဲ့နေရာကျတော့ ကိုယ့်ရွာအနီးနားမှာပဲ နေထိုင်တဲ့စစ်ရှောင်တွေရှိတယ်။ သူတို့ဆီမှာတော့ ကြိုတင်ပြင်ဆင်မှုအပိုင်းက ကွာခြား မှုရှိတယ်။ သူတို့မှာ စားနပ်ရိက္ခာသည် ဖူလုံမှုရှိနေတယ်။ ဒါပေမယ့် ဆေးဝါး လိုအပ်ချက်ရှိတယ်။ အဓိက စစ် ရှောင်ရဲ့ မြေပြင်လိုအပ်ချက်က ဆေးဝါးနဲ့ပတ်သက်ပြီး ဆေးဝါးအသုံးပြုပေးမယ့် ကျွမ်းကျင်မယ့် သူပေါ့။ စစ် ရှောင်တွေ နေရာဒေသအတော်များများမှာ ဒါတွေကြုံရတာပေါ့။ ဆေးဝါးရော၊ ကုသပေးမယ့် သူရောမရှိတာ ဖြစ်တယ်။ တချို့ဒေသမှာ ဆေးဝါးရှိရဲ့သားနဲ့ ကုသပေးမယ့်သူ မရှိတာက ပိုပြဿနာဆိုးတယ်ပေါ့။ ဆောင်း တွင်းမှာ တနင်္သာရီတိုင်းက ပင်လယ်နဲ့နီးလို့ မျှတတယ်လို့ တော်တော်များများက ယူဆကြတယ်။ စစ်ရှောင်ဆို တာက တောတွေ၊တောင်တွေထဲမှာ ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်တဲ့ထဲမှာ သွားရှောင်ရတာဖြစ်တဲ့အတွက် အေး မြတဲ့ရာသီဥတ ုခံစားရမှာပေါ့နော်။ ရွာမှာ စစ်တပ်မရှိတဲ့အချိန်မှာ ကိုယ့်အိမ်ကိုယ့်ယာ ခေတ္တပြန်တဲ့အခါ လိုအပ် တဲ့ အဝတ်အစားတွေ ပြန်ယူကြတာရှိတယ်။ ဒါပေမယ့် ကလောတို့လိုမျိုး စစ်ရှောင်စခန်းမှာကျတော့ ဒီလိုအ ဝတ်အစား ရှိလိမ့်မယ်လို့ ယူဆတယ်။ ရာသီဥတုက အေးမြတယ်။ ဒါပေမယ့် ဒီတောတောင်ထဲမှာကျ တော့ သွားယူလို့ ခုနက ကျွန်တော်ပြောသလို အိမ်ကိုသွားယူဖို့ အဆင်မပြေတဲ့သူတွေကျတော့ ကြံ့ကြံ့ခံရတာပေါ့။
-ပြီးတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲကရော ဘယ်လိုရှိနေလဲ။ စစ်ကောင်စီ ဘက်ကရော ဘယ်လို ကန့်သတ်မှုတွေ လုပ်ဆောင်ထားလဲ။
စစ်ကောင်စီဘက်က လှုပ်ရှားမှုအခြေအနေကတော့ ပြီးခဲ့တဲ့တပတ်အတွင်းမှာ သရက်ချောင်းမြို့နယ်ထဲကို စစ် ကြောင်းလည်း အနည်းငယ်ထိုးတာရှိတယ်။ တနင်္သာရီမြို့နယ်မှာဆိုရင် လွန်ခဲ့တဲ့ တစ်ရက်၊နှစ်ရက်အတွင်းမှာ တိုက်ပွဲ အကြီးအကျယ်ဖြစ်တယ်။ ထွက်ပြေးရသူ၄၀၀နဲ့ အထက်ရှိတယ်ပေါ့နော်။ ပြီးတော့ထားဝယ်မြို့နယ် အရှေ့ဘက်ကိုလည်း စစ်ကြောင်းထိုးမယ်လို့ သတင်းရထားတာရှိတယ်ပေါ့နော်။ တိုက်ပွဲတွေက အမြဲဖြစ်နေ တယ်ပေါ့နော်။ ပလောမြို့နယ်မှာလည်း စစ်ကောင်စီဘက်က ဒရုန်းတွေ တိုက်ခိုက်တာရှိနေတယ်ပေါ့။ တိုက်ပွဲမဟုတ်သော်လည်းပေါ့။
-အဲဒီအခြေအနေမှာ စာဝတ်နေရေးအတွက် ဘယ်လို အခက်အခဲတွေ ရှိနေကြလဲ။
စားနပ်ရိက္ခာကျတော့ သူတို့ဂိတ်တွေက စားနပ်ရိက္ခာကို ဆန်တွေ အများကြီးသယ်တာတွေ၊ ဆေးဝါးတွေ သယ် တာတွေ့ရင် စစ်ဆေးမေးမြန်းတာ ရှိတယ်ပေါ့။ ထားဝယ်မြို့နယ်မှာဆို အရှေ့တောဘက်ကို သယ်တဲ့ဟာတော့ ထားမြစ်ထားတာ ရှိတယ်လို့သိရတာပေါ့။ ဆန်သယ်တာတို့၊ ဆေးဝါး သယ်တာတို့ တားမြစ်ထားတာ ရှိတယ်။ တချို့ဒီပလောမှာဆိုရင် စစ်ရှောင်စခန်းတွေ အကြီးကြီးဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေ လူဦးရေအများကြီး ဖြစ်တဲ့အတွက် သူတို့တွေ စားနပ်ရိက္ခာလိုအပ်ချက်တွေ ဆေးဝါးလိုအပ်ချက်တွေက ပိုပြီးတော့ အခြားနေရာ ထက်ကြီးတယ်ဗျ။ ပြီးတော့ ဒီလိုပမာဏအများကြီးသယ်ဖို့က ဆေးဝါးသယ်ရင် ဘယ်မှာသုံးမှာလဲတို့၊ မေးမြန်း ကန့်သတ်တာတွေ ရှိတယ်။ ဒါကြောင့်မို့လို့ သယ်ရတာ ပိုပြီးခက်ခဲတာပေါ့။ လမ်းတွေပိတ်ဆို့ စစ်ဆေးတာ ကျတော့ သူတို့စစ်ကြောင်းထိုးတဲ့ အချိန်ကျတော့ သူတို့သည် မပြောလည်း ပိတ်လိုက်သလို ဖြစ်သွားတာပေါ့။ ဒါသည် ပိတ်တယ်လို့ ကြေငြာတာမဟုတ်လည်း ပိတ်တယ်လို့ ဖြစ်သွားတာပေါ့။ ပုံမှန်အချိန်တွေကျတော့ စစ် ဆေးရေး ဂိတ်တွေမှာ ပိတ်မယ်လို့ အမိန့်ကျတာမျိုးပေါ့။ အချိန်ပြည့်ပိတ်မယ်လို့တော့ မတွေ့ရသေးဘူး။ အခု ဆို ကျွန်တော်တို့ထားဝယ်မြို့နယ် အရှေ့ဘက်ကို စစ်ကြောင်းထိုးမယ်လို့ သတင်းရတာမျိုးဆို ထားဝယ်မြို့နယ် စစ်ဆေးဂိတ်ကို သူတို့ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ သူတို့လုပ်နေတယ်။ တကယ်တမ်း စစ်ကြောင်း ထိုး ရင် တနင်္သာရီတိုင်း အနေအထားအရ လမ်းကြောင်းသည် တစ်ကြောင်းတည်းရှိတဲ့ နေရာတွေက များတယ်။ အဲဒီတော့ သူတို့စစ်ကြောင်းထိုးပြီး ဝင်သွားတဲ့လမ်းကြောင်းသည် လုံးဝအပိတ်ဖြစ်သွားတယ်။ သယ်ယူပို့ဆောင် ရေး လုံးဝရပ်သလို ဖြစ်သွားတယ်။
-စစ်ကောင်စီဘက်က ဖုန်းလိုင်း၊ အင်တာနက်ဖြတ်တောက်ထားရှိမှု အခြေအနေကရော ဘယ်လိုရှိနေလဲ။ အဲဒီ လို ဖြတ်တောက်ထားတဲ့အတွက် စစ်ရှောင်အရေးအကူအညီပေးနေတဲ့သူတွေအတွက် ဘယ်လိုအခက်အခဲကြုံ တွေ့နေရ လဲ။
ထားဝယ်မြို့နယ် အရှေ့ဘက်မှာ ဖုန်းလိုင်းကို ဖုန်းပြောလို့မရတဲ့ အချိန်အထိရှိတယ်။ တချို့အင်တာနက် လည်းဖြတ်တယ်။ လုံးဝလိုင်းပြတ်သွားတဲ့ အချိန်လည်းရှိတယ်။ ပြီးတော့ အချိန်ပိုင်းလည်းရတဲ့ အချိန်လည်း ရှိတယ်။ ထားဝယ်မြို့နယ် အရှေ့ဘက်မှာ အဲဒီအခြေအနေ သုံးခုလုံးဖြစ်နေတယ်။ ကျန်တဲ့ ဒေသမှာကျတော့ တောတောင်အခြေအနေအရ အင်တာနက်မကောင်းတာ ဖုန်းလိုင်းမကောင်းတာတွေ ရှိတယ်ပေါ့။ တချို့နေရာ ကျတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖုန်းလိုင်းမကောင်းတဲ့ နေရာတွေ ရှိတယ်ပေါ့နော်။ ပြီးတော့ စကစဘက် က ဘယ်လိုလုပ်တတ်လဲဆိုတော့ စစ်ကြောင်းထိုးမယ့် အချိန်ကျမှ အဲ့ဒေသကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်လိုက်တာ။
တချို့ကျတော့ ဖြတ်ရင် တစ်ရက်နှစ်ရက် အမြဲတမ်းကြာလေ့ရှိတယ်။ တစ်ခါတလေဆို ၄၊၅၊၆ ရက် တစ်ပတ် လောက်ကြာတာရှိတယ်။ အဲဒါက အရှေ့က ကြုံခဲ့တာပေါ့နော်။ အခုက ဖုန်းလိုင်းထည့်လိုက်တဲ့ အခါကျရင် တစ်ရက်၊နှစ်ရက်၊တစ်မနက် အနည်းဆုံးကတော့ (၁၂)နာရီလောက်တော့ ကြာတာရှိတယ်ပေါ့။ ဖုန်းလိုင်း ဖြတ် ခံရတာ။ အဓိကက ဖုန်းလိုင်းဖြတ်ခံရတဲ့ စစ်ရှောင်တွေနဲ့ အဆက်အသွယ် ပြတ်သွားတာရှိတယ်။ သိပ်မသိရ တော့ဘူး။ သူတို့ ဘာတွေလိုအပ်တယ်။ ဘာတွေ ပြင်ဆင်ပေးရမလဲ ဒါတွေမသိရတော့ဘူး။
-နောက်ဆုံးအနေနဲ့ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ယောက်အနေနဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်တာ ရှိမလဲ။
တနင်္သာရီတိုင်းမှာတော့ သတင်းအမှားတွေက အရမ်းကို ကျယ်ပြန့်တယ်ပေါ့။ တိကျတဲ့ သတင်းအချက်အ လက် တချို့နေရာမှာမရဘူး။ ဒီနေရာမှာ စစ်ရှောင်တွေရှိပါတယ်။ ဘာဖြစ်ပါတယ်။ အဲဒီလိုကိစ္စတွေလည်း ကြုံရတာရှိတယ်။ စစ်ရှောင်တွေ အတွက်က ဆောင်းရာသီ၊နွေရာသီနှစ်ခုသည် ရှေ့လာမယ့်ကာလသည် ခြောက်လလောက်နီးပါးသည် ပွင့်လင်းရာသီဖြစ်တဲ့အတွက် တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်လို့ အကုန်လုံးက ယူဆနေကြတယ်ပေါ့။ စစ်ရှောင်တွေ များလာတာနဲ့အမျှ ကျွန်တော်တို့မှာ အကန့်အသတ်ရှိတဲ့ ဝယ်ယူထောက် ပံ့ရတဲ့ အရင်းအမြစ်တွေ သူတို့ကို လွှမ်းခြုံနိုင်မှု နည်းလာတာပေါ့နော်။ အဲဒီအတွက် စစ်ရှောင်တွေဘက်က ကြည့်ရင် သူတို့အတွက် ပိုပြီးခက်ခဲလာတယ်ပေါ့။