မော်လမြိုင် – နိုဝင်ဘာ(၅) အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဟာ ဒီနေ့ နိုဝင်ဘာလ(၅) ရက်နေ့မှာ ကျင်းပမယ့် Global Town Hall 2022 ပွဲကို တက်ရောက်ပြီး မိန့်ခွန်း ပြောမှာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် Global Town Hall 2022 ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ရုပ်သံမိန့်ခွန်းပြောမှာဖြစ်တယ်လို့ Global Town Hall 2022 အဖွဲ့က သတင်း ထုတ်ပြန်ထားသလို ဝန်ကြီးကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားတာပါ။

Global Town Hall 2022 ဆွေးနွေးပွဲကို ကို မြန်မာစံတော်ချိန် ည(၈) နာရီခွဲမှာ စတင်မှာဖြစ်ပြီး အွန်လိုင်းက တဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့ အခမဲ့ စာရင်းသွင်း တက်ရောက်ကြည့်ရှု့နိုင်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

“Sustaining Peace and Development in a Divided World” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပမယ့် Global Town Hall 2022 ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) ကျော်က ခေါင်းဆောင်တွေတက်ရောက် ကြမှာဖြစ်သလို အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာ၊ ရဝမ်ဒါသမ္မတ ပေါလ်ကာဂါမီ၊ အန်တီဂွာ၊ဘာဘူဒါနိုင်ငံဝန်ကြီးချုပ် ဂတ်စ်တွန်ဘရောင်းန်၊ ဖီဂျီနိုင်ငံဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဖရန့်ခ်ဘိုင်နီမာရာမာနဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း တို့လည်း တက်ရောက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.