ဝါရှင်တန်၊ နိုဝင်ဘာ (၅) 

မြောက်ကိုရီးယားကို လောင်စာဆီတင်ပို့မှုကြောင့် ကုလ ပိတ်ဆို့မှုတွေကို ချိုးဖောက်တယ်လို့ ဆိုကာ စင်ကာပူ နိုင်ငံအခြေစိုက် စီးပွားရေးသမားတစ်ဦးကို ဖမ်းမိလျှင် အမေရိကန်ဒေါ်လာ ၅ သန်းအထိ ဆုချီးမြှင့်သွားမယ်လို့ အမေရိကန်က ကမ်းလှမ်းလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ဆိပ်ကမ်းသင်္ဘော ဝန်ဆောင်မှုကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ ကွက်ကီဆန်ဟာ (လောင်စာဆီ) ပို့ဆောင်ရေးလုပ်ငန်းတွေကြောင့် ပြီးခဲ့တဲ့နှစ်က အမှုရင်ဆိုင်နေရပြီး ရှေ့နေတွေရဲ့  ပြောကြားချက်အရ အဲဒီကိစ္စကို ဖုံးကွယ်ဖို့ စာရွက်စာတမ်းအတုတွေကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားပြန့်ပွားရေးအစီအစဉ်ကို အကောင် အထည်ဖော်နိုင်ဖို့အတွက် မစ္စတာ ကွက်ကီဆန်က ကူညီခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန်အစိုးရဟာ အဲဒီပုဂ္ဂိုလ်ရဲ့ လောင်စာဆီတင်ပို့ဖို့ အတွက် အသုံးပြုတဲ့ သိုလှောင်သင်္ဘောတွေကို ချိတ်ပိတ်သိမ်းဆည်းခဲ့တာပါ။

အမေရိကန်ဒေါ်လာ ၁.၅ မီလီယမ်တန်ဖိုးရှိတဲ့ လောင်စာဆီကို မြောက်ကိုရီး သင်္ဘောတစ်စီးသို့ လွှဲပြောင်း ပေးအပ်ခဲ့တာကို ကောင်းကင်ဓါတ်ပုံတွေမှာ တွေ့ခဲ့ရတယ်လို့  ရှေ့နေတွေက ပြောပါတယ်။

အခုအခါမှာတော့ အသက် ၆၂ နှစ်အရွယ် မစ္စတာ ကွက် ကို ဖမ်းဆီးနိုင်ဖို့အတွက် ဝရမ်းထုတ်ထားပြီးလည်း ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ သူ့ရဲ့နေရာအတိအကျကို မသိရှိရသေးပဲ မြောက်ကိုရီးယား၊ ကမ္ဘောဒီးယား၊ ထိုင်ဝမ်နဲ့ ထိုင်း အပြင် ကမ်မီရွန်နှင့် ကာရီဘီယန်ရဲ့ နိုင်ငံငယ်ဖြစ်တဲ့ စိန့်ကစ်နှင့် နီးဗီစ့်နိုင်ငံတွေကိုလည်း ရောက်ရှိခဲ့တယ်လို့ အမေရိကန် အစိုးရအဖွဲ့က သတင်းရရှိထားပါတယ်။

မစ္စတာ ကွက်ဟာ လွန်ခဲ့တဲ့လအတွင်း အမေရိကန်ဘက်မှ ပိတ်ဆို့လိုက်တဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ် တွေအနက်တစ်ဦးဖြစ်ပြီး သူ့ကို ဖမ်းဆီးနိုင်လျှင် အမေရိကန်ဒေါ်လာ ၅ မီလီယမ်အထိ ဆုချီးမြှင့်သွားမယ်လို့  အမေရိကန်အစိုးရဘက်မှ နိုဝင်ဘာလ (၃) ရက်နေ့မှာ ပြောခဲ့တာပါ။

အဲဒီလို ဆုကြေးထုတ်တဲ့  ကိစ္စဟာ ပဲ့ထိန်းဒုံတွေကို ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တင်းမာချိန်မှာ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဘိုင်ဒန်အုပ်ချုပ်ရေးဟာ အမေရိကန်မြေနဲ့ တောင်ကိုရီးယား၊ ဂျပန်တို့ ရဲ့ လုံခြုံရေးကို သေချာစေဖို့ လိုအပ်တဲ့ အတိုင်းအတာတွေအားလုံးကို သတ်မှတ်ထားနိုင်ဖို့အတွက် လိုလားနေပြီး တကယ်လို့ မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ပါက သတ်မှတ်ချက်မရှိတဲ့ အကျိုးဆက်တွေနဲ့ ဖြစ်ရပ်တွေ ဖြစ်လာမယ်လို့ သတိပေးထားပါတယ်။

Ref;CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.