ဘန်ကောက် – နိုဝင်ဘာ(၅) 

ဘူမိသတင်းအချက်အလက်နဲ့ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(GISTDA) ဟာ ကောင်းကင်းက ဒုံးပျံအစိတ်အပိုင်းတွေပြုတ်ကျလာနိုင်တဲ့အတွက် သတိထားနေကြဖို့ ထိုင်းနိုင်ငံ ကပြည်နယ်(၁၁) ခုမှာ သတိပေးထုတ်ပြန်ထားပါတယ်။ 

GISTDA ရဲ့ ပတ်လမ်းစက်ကိရိယာဆိုင်ရာ ကျွမ်းကျင်သူနဲ့ ထိုင်းသုတေသီ စစ်ဖွန်က တရုတ် ဒုံးပျံ Longmarch 5B-4Yဟာ လာမယ့် နိုဝင်ဘာလ(၅) ရက်နေ့မှာ ကောင်းကင်က ပြုတ်ကျလာ နိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။ 

လက်ရှိမှာတော့ ဒုံးပျံဟာ မြေပြင်က (၁၇၇) ကီလိုမီတာအကွာမှာ ရှိတဲ့ ကမ္ဘာ့လေထုထဲမှာ တည်ရှိ နေပြီး အလေးချိန်(၂၁.၆) တန်ရှိပေမယ့် ဒုံးပျံအများစုဟာ လေထုထဲမှာ ကွဲအပ်ကာ လောင်ကျွမ်း သွားတက်တာကြောင့် ကျွမ်းကျင်သူတွေက ဒုံးပျံတစ်ခုလုံးထိုင်းနိုင်ငံမှာ ကျရောက်နိုင်မယ်လို့ မ ခန့်မှန်းထားပေမယ့် ပညာရှင်စစ်ဖွန်က ထိုင်းနိုင်ငံအပေါ် ဒုံးပျံကျရောက်နိုင်ခြေ(၁.၄ ရာခိုင်နှုန်း) ရှိတယ်လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃) ရက်နေ့မှာတော့ ဒုံးပျံဟာ ချင်းရိုင်၊ချင်းမိုင်တို့အပါအဝင် ထိုင်းနိုင်ငံက မြို့ တချို့ကို ဖြတ်ကျော်သွားတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုခဲ့ပြီး အဲ့ဒီဒုံးပျံဟာ မြေပြင် က ကီလိုမီတာ(၁၃၀) ခန့်အကွာရောက်ရှိချိန်မှာ ပြုတ်ကျနိုင်တဲ့ နေရာတွေကို အတိအကျခန့်မှန်း နိုင်မှာဖြစ်တယ်လို့ ပညာရှင်တွေက ပြောခဲ့ပါတယ်။ 

ဒုံပျံကို သမုဒ္ဒရာထဲကို ကျရောက်ဖို့ ခန့်မှန်းထားပေမယ့် ရာသီဥတုအခြေအနေတွေပေါ်မူတည်ပြီး ဦးတည်ချက်ပြောင်းလဲနိုင်တဲ့အတွက် GISTDA ဟာ ကောင်းကင်က ပြုတ်ကျတဲ့ အရာတွေကို သတိထားဖို့ ဒေသခံတွေကို အသိပေးထားတာဖြစ်ပါတယ်။ 

“ဒေသခံတွေက သတင်းနဲ့သတိပေးချက်တွေကို သေချာလိုက်နာရမယ်၊ အာကာသယာဉ်တွေဟာ ကျွန်ုပ်တို့ထင်တာထက်ပိုပြီး လူတို့ရဲ့ အသက်အန္တာရယ်ကို ထိခိုက်စေနိုင်တယ်” လို့ စစ်ဖွန်က ပြောပါတယ်။ 

လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ်က ရုရှားပိုင်ဂြိုလ်တု Cosmos 954 ဟာ ကနေဒါနိုင်ငံထဲကို ပြုတ်ကျပြီး နောက်လူသေဆုံးမှုနဲ့ ဒဏ်ရာရရှိမှု သတင်းတွေ မသိခဲ့ရပေမယ့် ဆိုဗီယက်ယူနီယံဟာ ကနေဒါ ဒေါ်လာ(၃) သန်းပေးချေခဲ့ရတယ်လို့ သိရပါတယ်။ 

ရုရှားက ကနေဒါကို ၁၉၈၁ ခုနှစ်တွင် လျော်ကြေးပေးခဲ့တဲ့ ဆိုဗီယက်ဂြိုလ်တု Cosmos 954 နိုင်ငံတွင်းသို့  ပြုတ်ကျပြီးနောက် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှု သတင်းများ မရရှိခဲ့သော်လည်း 

အရင်ကတော့ ထိုင်းနိုင်ငံထဲကို ဒုံးပျံအစိတ်အပိုင်းတွေ ကျရောက်ဖူးတာမရှိဘူးလို့ Thairath က ဖော်ပြထားပါတယ်။

Ref: Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.