November 5, 2022

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် Global Town Hall 2022 မှာ မိန့်ခွန်းပြောမယ်

မော်လမြိုင် – နိုဝင်ဘာ(၅) အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဟာ ဒီနေ့ နိုဝင်ဘာလ(၅) ရက်နေ့မှာ ကျင်းပမယ့် Global Town Hall 2022 ပွဲကို တက်ရောက်ပြီး မိန့်ခွန်း ပြောမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် Global Town Hall 2022 ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က…

ရန်ကုန်မှာ YBS တွေ ညနေပိုင်း မပြေးဆွဲတော့တာကြောင့် ပြည်သူတွေ သွားလာရေး အခက် ကြုံနေ

ရန်ကုန် ၊နိုဝင်ဘာ (၅) ရန်ကုန်မြို့က အများပြည်သူသုံး ယာဉ်လိုင်းစနစ်ဖြစ်တဲ့ YBS ယာဉ်လိုင်းတွေ ညနေပိုင်းမှာ ပြေးဆွဲမှုမရှိသ လောက် နည်းလာတာကြောင့် အလုပ်သွား၊ အလုပ်ပြန် လုပ်နေရတဲ့ ရန်ကုန်မြို့နေ ပြည်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ခရီးသွားပြည်သူတွေဟာ YBSကို အဓိကအားထား အသုံးပြုနေရပေမယ့် ညနေ၆နာရီနောက်ပိုင်းမှာ ဘတ်စ် ကားတွေ မထွက်တော့တာကြောင့် ကြား…

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပစ်ခတ်လုပ်ကြံခံရပေမယ့် အသက်ဘေးမှလွတ်မြောက်

ဝီဇီရာဘတ်၊ နိုဝင်ဘာ(၅) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ဝီဇီရာဘတ် Wazirabad မှာ ဆန္ဒထုတ်ဖော်နေတဲ့ ပါကစ္စတန်ရဲ့ အဖယ်ရှားခံ ဝန်ကြီးချုပ် အင်မ်ရန်ခန်ရဲ့ ယာဉ်တန်းကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ ပါတယ်။ ပစ်ခတ်မှုကြောင့် ဝန်ကြီးချုပ်ဟောင်း စီးနင်းလိုက်ပါလာတဲ့ ယာဉ်ကို ထိမှန်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်းရဲ့ ခြေ ထောက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ အခြားလူတစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း…

မြောက်ကိုရီးယားကို လောင်စာဆီတင်ပို့တဲ့ စင်ကာပူနိုင်ငံသားကိုဖမ်းမိဖို့ အမေရိကန်က ကန်ဒေါ်လာ ၅သန်း ဆုကြေးထုတ်

ဝါရှင်တန်၊ နိုဝင်ဘာ (၅) မြောက်ကိုရီးယားကို လောင်စာဆီတင်ပို့မှုကြောင့် ကုလ ပိတ်ဆို့မှုတွေကို ချိုးဖောက်တယ်လို့ ဆိုကာ စင်ကာပူ နိုင်ငံအခြေစိုက် စီးပွားရေးသမားတစ်ဦးကို ဖမ်းမိလျှင် အမေရိကန်ဒေါ်လာ ၅ သန်းအထိ ဆုချီးမြှင့်သွားမယ်လို့ အမေရိကန်က ကမ်းလှမ်းလိုက်ပါတယ်။ စင်ကာပူနိုင်ငံမှာ ဆိပ်ကမ်းသင်္ဘော ဝန်ဆောင်မှုကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ ကွက်ကီဆန်ဟာ (လောင်စာဆီ) ပို့ဆောင်ရေးလုပ်ငန်းတွေကြောင့် ပြီးခဲ့တဲ့နှစ်က အမှုရင်ဆိုင်နေရပြီး ရှေ့နေတွေရဲ့ ပြောကြားချက်အရ အဲဒီကိစ္စကို…

ထိုင်းနိုင်ငံရဲ့ ပြည်နယ် (၁၁) ခုမှာ တရုတ်ဒုံးပျံအစိတ်အပိုင်းတွေ ပြုတ်ကျနိုင်တယ်လို့ သတိပေး

ဘန်ကောက် – နိုဝင်ဘာ(၅) ဘူမိသတင်းအချက်အလက်နဲ့ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(GISTDA) ဟာ ကောင်းကင်းက ဒုံးပျံအစိတ်အပိုင်းတွေပြုတ်ကျလာနိုင်တဲ့အတွက် သတိထားနေကြဖို့ ထိုင်းနိုင်ငံ ကပြည်နယ်(၁၁) ခုမှာ သတိပေးထုတ်ပြန်ထားပါတယ်။ GISTDA ရဲ့ ပတ်လမ်းစက်ကိရိယာဆိုင်ရာ ကျွမ်းကျင်သူနဲ့ ထိုင်းသုတေသီ စစ်ဖွန်က တရုတ် ဒုံးပျံ Longmarch 5B-4Yဟာ လာမယ့် နိုဝင်ဘာလ(၅) ရက်နေ့မှာ ကောင်းကင်က ပြုတ်ကျလာ နိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။…

PPST ပြောခွင့်ရဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်

ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေအားလုံးပါဝင်တဲ့ မျက်နှာစုံညီ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကို အခုနှစ်မကုန်ခင်ကျင်းပပြုလုပ်သွားဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST) ကကြိုးပမ်းနေတာပါ။ ဒါကြောင့် PPST ကျင်းပဖို့ စီစဉ်ထားတဲ့ မျက်နှာစုံညီ နိုင်ငံရေး ဆွေးနွေးပွဲက ဘယ်လိုပုံစံမျိုးလဲ။ လတ်တလောမှာရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး ပါဝင်တဲ့ ဆွေးနွေးဖြစ်ဖို့ ဘယ်လို ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး…

KNU ဖာပွန်ခရိုင်က တစ်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ နီးပါး သေဆုံး

ဖာပွန်၊ နိုဝင်ဘာ(၅) ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ တစ်လအတွင်း စစ်ကောင်စီ တပ်နဲ့ KNLA တပ်မဟာ(၅)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF ဘက်က ၈၀ နီးပါးသေဆုံးခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ(၁)ရက်နေ့က (၃၁)ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်(၅)တပ်မဟာနဲ့ စစ်ကောင်စီတပ် ၊ နယ်ခြားစောင့်တပ်…

စစ်အာဏာသိမ်း (၆၄၂) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၄၁၃ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၅) AAPP ရဲ့ နိုဝင်ဘာလ (၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၄၂)ရက်အတွင်း ပြည်သူ (၂၄၁၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၀၈၉ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မှောင်ခိုဈေးကွက် ပိုမို ကြီးထွားပြီး ကုန်ဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်

မော်လမြိုင်၊ နိုဝင်ဘာ (၅) အာဏာသိမ်း စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးတွေမှာ ပို့ကုန်ဝင်ငွေ တင်ပြနိုင်မှ သွင်းကုန်ခွင့်ပြုပေးမယ်ဆိုတဲ့ ညွန်ကြားချက်ကြောင့် မှောင်ခိုဈေးကွက် ပိုမို ကြီးထွားပြီး ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်စပ်ဒေသက သွင်းကုန်ပစ္စည်း တင်သွင်တဲ့နေရာမှာ တဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းကနေ ရရှိတဲ့ ဝင်ငွေ ပြသပြီးမှ တင်းသွင်းရမယ်လို့ စစ်ကောင်စီ…