ဝါရှင်တန် – နိုဝင်ဘာ(၄)
ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ ငြင်းပယ်ခဲ့တဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တချို့ရဲ့ ခြိမ်းခြောက်မှုဟာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး သူတို့ကို လှုံ့ဆော်ခဲ့တဲ့ သမ္မတ ဟောင်းဒေါ်နယ်ထရန့်ကို လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
သမ္မတဘိုင်ဒင်က ဒီမိုကရက်တွေက အမေရိကန်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကို ချုပ်ကိုင်ထားမလား ဒါမှမဟုတ် ရီပတ်ဘလစ်ကန်တွေကို အာဏာလွှဲမလားဆိုတာ အမေရိကန် တွေမဆုံးဖြတ်ခင် ရက်ပိုင်းအလိုက “အမှားမလုပ်မိစေနဲ့ ငါတို့အားလုံးက ဒီမိုကရေစီအတွက် မဲပေးမှာပါ” လို့ ပြောခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီရဲ့ ခင်ပွန်းဖြစ်သူကို ဆန်ဖရန်စစ္စကိုနေအိမ်မှာ တိုက်ခိုက်ခံရပြီး နောက်အဲ့ဒီဖြစ်ရပ်ကို သက်သေအဖြစ်ကိုကားပြီး ဇန်နဝါရီလ(၆) ရက်နေ့နောက် ပိုင်း ယူအက်ကပ်ပီတို စီးနင်းခံရမှုအပြီးမှာတော့ ဒီမိုကရေစီဟာ ခြိမ်းခြောက်မှုအောက်မှာရှိနေ တယ်လို့ ဘိုင်ဒင်က ဆိုထားပါတယ်။
“ကျွန်ုပ်တို့ရောက်ရှိနေတဲ့ အခိုက်အတန့်ကို ရှည်ရှည်ဝေးဝေးတွေးပါလို့ မဲဆန္ဒရှင်တွေကို တိုက် တွန်းခဲ့ပြီး ဒီနေ့ ကျနော်ဒီမှာရပ်တည်နေတဲ့ အချိန်မှာ အမေရိကန် အစိုးရအတွက်၊ ကွန်ဂရက် အတွက်၊ ရှေ့နေချုပ်အတွက်၊ နိုင်ငံခြားရေးဌာနတွေအတွက် သူတို့ ရွေးကောက် ပွဲရလဒ်ကိုလက် ခံဖို့ ကတိကဝတ်ပြုမယ့် ကိုယ်စားလှယ်လောင်းတွေ ရှိနေပါတယ်” လို့ သမ္မတဘိုင်ဒင်က ပြောခဲ့ ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ထရန့်က လက်မခံခဲ့တဲ့အတွက် အမေရိကန်ဒီမိုကရေစီဟာ တိုက်ခိုက်ခံနေရတယ်လို့ ဘိုင်ဒန်ရဲ့ ပြောဆိုမှုကို သမ္မတဟောင်း ဘားရက်အိုဘားမားကလည်း ထောက်ခံခဲ့ပြီး ဒီမိုကရေစီနိုင်ငံတော်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကိုလည်း ထုတ်ဖော်ပြော ဆိုခဲ့ပါတယ်။
အရီဇိုးနားပြည်နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ဒီမိုကရက်တစ် စုဝေးပွဲတစ်ခုမှာ အိုဘားမားက အမျိုးသမီးတွေ အာဖရိကန်-အမေရိကန်တွေနဲ့ ဘေးဖယ်ခံ ထား ရတဲ့ တခြားသူတွေပါ ဒီမိုကရေစီမှာ ပါဝင်လာနိုင်ဖို့ သေချာစေမယ့် အတိတ်ကဖြစ်ရပ်တွေကို ပြန်ကြည့်ပြီး လက်ရှိအချိန်ဟာ အန္တရာယ်ကျရောက်နေပြီလို့ ပြောခဲ့ပါတယ်။
ရီပတ်ဘလစ်ကန်တွေကတော့ အောက်လွှတ်တော်ကို ချုပ်ကိုင်နိုင်ဖို့ သေချာသလောက်ရှိနေပြီး ကြိုတင်ခန့်မှန်းချက်အများစုမှာတော့ ရီပတ်ဘလစ်ကန်တွေ ပါဝင်နိုင် တယ်လို့ ခန့်မှန်းထား ကြတာဖြစ်ပါတယ်။
အမေရိကန်မှာ မဲလိမ်လည်မှုဟာ အလွန်ရှားပါးပေမယ့် အမေရိကန်နိုင်ငံသား အများစုက စိုးရိမ်မှု တွေရှိနေကြသလို တနင်္လာနေ့က ကောက်ယူခဲ့တဲ့ Reuters/Ipsos က စစ်တမ်းတစ်ခုအရ အမေရိကန် နိုင်ငံသား(၄၉) ရာခိုင်နှုန်းက မဲဆန္ဒရှင်လိမ်လည်မှုဟာ ကျယ်ပြန့်တဲ့ ပြဿနာတစ်ခု လို့ယူဆနေကြပြီး ဒီမိုကရက်(၂၈) ရာခိုင်နှုန်းနဲ့ ရိဘပတ်ဘလစ်ကန်(၆၂) ရာခိုင်နှုန်းအပါအဝင် (၄၄) ရာခိုင်နှုန်းက အမေရိကန်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေဖြစ်မှာကို စိုးရိမ်နေတယ်လို့ ပြောပါတယ်။
စိုးရိမ်မှုတွေရှိနေပေမယ့် ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန်တွေအပါအဝင် ဖြေဆိုသူ(၆၇) ရာခိုင်နှုန်းက သူတို့ရဲ့ မဲတွေကို တိကျစွာရေတွက်မှာဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ ကြပါတယ်။
Ref: CNA