ကိဗ်၊ နိုဝင်ဘာ (၄)

ယူကရိန်းရဲ့ ဧရိယာတွေကို နိုဝင်ဘာလ (၃) ရက်နေ့မှာ ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် ဥရောပကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးတဲ့ အကြီးဆုံး နျူကလီးယားစက်ရုံ အပါအဝင် ဒေသအများ အပြားမှာ ပြင်းထန်တဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ယူကရိန်းတောင်ပိုင်းရှိ ဇာပိုရီဇီဇီယာ နျူကလီးယားဓာတ်အားပေးစက်ရုံဟာ ရုရှားရဲ့ပစ်ခတ်မှုကြောင့် ကျန်ရှိ တဲ့ ဗို့အားမြင့်လိုင်းတွေ ပျက်စီးခဲ့ပြီး မဟာဓာတ်အားလိုင်းနဲ့ ထပ်မံချိတ်ဆက်မှု ရပ်ဆိုင်းခဲ့ရတယ်လို့ ယူကရိန်း နျူကလီးယားကုမ္ပဏီ အန်နာဂိုတွန်က ပြောကြားခဲ့ပါတယ်။

အဲဒီစက်ရုံဟာ ရုရှားလက်ထဲမှာရှိပြီး ယူကရိန်းအလုပ်သမားတွေနဲ့  လည်ပတ်နေပေမယ့်လည်း မီးစက်တွေ လည်ပတ်ဖို့အတွက် လောင်စာဆီ (၁၅) ရက်ခန့် သုံးစွဲထားရကြောင်း အဲဒီကုမ္ပဏီက ဆိုပါတယ်။

ယူကရိန်းအလယ်ပိုင်းနဲ့ အရှေ့မြောက်ဘက်ရှိ ဆမ်မီ ၊ ခါကိဗ်တို့မှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို အစီရင်ခံခဲ့ပြီး ရုရှားထိန်းချုပ်ထားတဲ့ အရှေ့ပိုင်းဒေသတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေတာပါ။

“ရန်သူက နယ်မြေအချို့မှာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို တားမြစ်ဖို့ အာရုံစိုက်နေပြီး ယာယီသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေတယ်” လို့ ယူကရိန်း စစ်ဦးစီးချုပ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်တပ်ကို ဖိနှိပ်ပြီး ရုရှားရဲ့လုံခြုံရေးကို ခြိမ်းခြောက်မှုအလားအလာရှိတဲ့အရာကို ဖယ်ရှားဖို့ အခြေခံအဆောက်အအုံတွေကို ရုရှားက ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ သူက ပြောပါသေးတယ်။

ရလဒ်အနေနဲ့ ယူကရိန်း အရပ်သားတွေဟာ မကြာသေးမီ ရက်သတ္တပတ်များအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ရေပေးဝေမှု လျှော့ချခြင်းကို ခံခဲ့ရပြီး ပဋိပက္ခကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

ဒီလိုသန်းနှင့်ချီတဲ့ ယူကရိန်းမြို့ကြီးအချို့ ပျက်စီးဆုံးရှုံးခဲ့ရပေမယ့် ရုရှားက အရပ်သားတွေကို ပစ်မှတ်မထားဘူး လို့ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

G7  နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဂျာမနီမှာတွေ့ဆုံစဉ် မကြာသေးမီက ရုရှားရဲ့ စွမ်းအင်အခြေခံ အဆောက် အအုံတွေကို တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းအတွက် နောက်ထပ်ပံ့ပိုးကူညီမှုတွေကို အကောင်းဆုံး ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးကြမှာဖြစ်ပါတယ်။
Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.