ရန်ကုန် – နိုဝင်ဘာ(၄)
ရန်ကုန်တိုင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီသိမ်းယူထားတဲ့ (YBS)ကားဝင်းကို HUMAN RIGHTS DEFENDERS (HRD) အဖွဲ့က မိုင်ခွဲတိုက်ခိုက်ခဲ့တယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မင်းရဲကျော်စွာလမ်းနဲ့ ကနောင်မင်းသာကြီးလမ်းထောင်က စစ်ကောင်စီ ပိုင်ကားဝင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃) ရက်နေ့ ညပိုင်းက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တာလို့ ဆိုထားပါတယ်။
ဒီတိုက်ခိုက်မှုအပြီး မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ ဘေးကင်းလုံခြုံတဲ့နေရာတွေမှာ ပြန်လည် ရောက် ရှိနေပြီဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
သံလွင်တိုင်းမ် အနေနဲ့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးနဲ့ လူထိခိုက်မှု အခြေအနေ တွေကိုအတည်ပြုနိုင်ဖို့ကြိုးစားခဲ့ပေမယ့် အတည်မပြုနိုင်ခဲ့ပါဘူး။
သတင်း – သံလွင်တိုင်းမ်