လန်ဒန်၊ အောက်တိုဘာ (၂၅)

ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေနဲ့ နိုင်ငံရေးလောကထဲ တကျော့ပြန်လာမှုကို စွန့်လွှတ်ဖို့ ဆုံးဖြတ် လိုက်ပြီးတဲ့နောက်မှာပဲ ဗြိတိန် ကွန်ဆာဗေးတစ်(ပါတီဝင်) ရီရှိ ဆူနက် Rishi Sunak ဟာ ဝန်ကြီးချုပ်ဖြစ်လာဖို့ အတွက် ရေပန်းစားနေပါတယ်။

သူသာ ဝန်ကြီးချုပ်ဖြစ်လာပါက နိုင်ငံရဲ့ ပထမဆုံး အိန္ဒိယသွေးနှော ခေါင်းဆောင် ဖြစ်လာဖို့ရှိနေတာပါ။

ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဟာ အောက်တိုဘာ (၂၄) မှာ လူတိုင်း ထင်မှတ်မထားတဲ့ ဆုံးဖြတ်ချက်ကို ချပြီးတဲ့ နောက်မှာ ဆူနက်အတွက် အံ့မခန်းပြောင်းလဲမှု တစ်ရပ်ကို ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ရက်နေ့က ခေါင်းဆောင် လစ်ဇစ် ထရက်စ် Liz Truss ရဲ့ နုတ်ထွက်မှုက နေ စတင် ခဲ့တဲ့ ဝန်ကြီးချုပ်အသစ်ခန့်အပ်ရေးဟာ ပြိုင်ပွဲတစ်ခုသဖွယ်ဖြစ်လာနေပြီး အနည်းဆုံး ကွန်ဆာလ်ဗေးတစ်ပါလီ မန် အမတ် ၁၀၀ရဲ့ ထောက်ခံမှုှကို ရယူဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။
ဆူနက်အနေနဲ့ လွှတ်တော်အမတ်တွေထံက မဲ၁၅၀ရရှိခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်ဖို့ အတွက် လျာထားချက်မဲအရေ အတွက်ကို  ကျော်လွန်ခဲ့တာပါ။

ဘောရစ်ဂျွန်ဆင် ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပြီးတဲ့နောက်မှာ ဆူနက်အတွက် အစိုးရအဖွဲ့ဝင်ထဲမှာ တစ်ဦး တည်း သောပြိုင်ဘက်အဖြစ် ပင်နီမော်ဒန့်သာ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။

သူမဟာ အတော်လေးကို ကြိုးစားရုန်းကန်ခဲ့ရပေမယ့်လည်း ပါလီမန်အမတ်တွေကြားမှာ ထောက်ခံအားပေးသူ ၂၄ဦးကိုသာ ဆွဲဆောင်နိုင်ခဲ့တာပါ။

ဗြိတိန်မှာ အကျပ်အတည်းတွေများစွာ ရင်ဆိုင်နေရချိန်မှာ  မော်ဒန့် အနေနဲ့လည်း ဖိအားများစွာ ရင်ဆိုင်နေရပြီး ခေါင်းဆောင်မှုဆိုင်ရာ ကမ်းလှမ်းချက်တွေကို စွန့်လွှတ်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ နှစ်လကတည်းက အဖွဲ့ဝင်တွေဟာ  ပါလီမန်အမတ်တွေကြား ထောက်ခံမှုပိုရသူ ဆူနက်ကို ရွေးချယ်ထားခဲ့ပြီး မော်ဒန့် ကတော့ အခြေခံလူတန်းစားများကြားမှာ ရေပန်းစားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Ref; CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.