ကဘူးလ် – အောက်တိုဘာ(၂၃) 

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ အောက်တိုဘာလ (၂၂) ရက်နေ့ ညက စစ်ဆင်ရေးတစ်ခု မှာတာလီဘန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အိုက်အက်စ်အဖွဲ့ဝင်(၆) ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အာဏာရ အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကြီးမားတဲ့ တိုက်ခိုက်မှု နှစ်ခုမှု IS အဖွဲ့ဝင်တွေ ခိုအောင်းနေတဲ့ နေရာကို စီးနင်းခဲ့တဲ့ မြို့တော်ဗလီဖြစ်ရပ်အပြီး နောက်ထပ်ဖြစ်ရပ်တစ်ခုမှာ အမျိုးသမီး ကျောင်းသူ ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေဖြစ်ပွားခဲ့တာရှိတယ်လို့ သိရပါ တယ်။

သံရုံးတွေနဲ့ နိုင်ငံခြား အခြေစိုက်စခန်းတွေရှိတဲ့ ဝါဇဲအက်ဘာခန် က ဗလီတစ်ခုအနီး မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၃) ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ(၇) ဦးသေဆုံးပြီး (၄၀) ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စက်တင်ဘာလ(၃၀) ရက်နေ့က ပညာရေးစင်တာဗုံးပေါက်ကွဲမှုမှာလည်း ကျောင်းသား/ ကျောင်းသူ (၅၃) ဦးသေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ မိန်းကလေးငယ်တွေဖြစ်ပါတယ်။ 

စစ်ပွဲအပြီး ဆယ်စုနှစ်များစွာကြာပြီးနောက် တာလီဘန်တွေက ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်း ပြီး နောက်ပိုင်း အရင်အချိန်က ဖြစ်ရပ်တွေဟာ နိုင်ငံလုံခြုံရေးကြောင့်သာ ဆောင်ရွက်ခဲ့တာ ဖြစ် တယ်လို့ ဆိုကြပါတယ်။ 

ကုလသမဂ္ဂ က မကြာသေးခင်လတွေအတွင်း မြို့တော်နဲ့ တခြားမြို့ပြတွေ မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအခြေအနေဆိုးရွားလာတယ်လို့ပြောခဲ့ပါတယ်။ 

အစ္စလာမ္မစ်နိုင်ငံတော်ကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ စတင် ပေါ်ပေါက်လာတာဖြစ်ပြီး နောက်ပိုင်းတခြားနယ်မြေတွေအထိ ခြေကုပ်ယူခဲ့ကြတာဖြစ်ပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.