October 22, 2022

စစ်ကောင်စီ လင်းကတောစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေ ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်

မြိုင် – အောက်တိုဘာ(၂၂) မကွေးတိုင်း မြိုင်မြို့နယ်က လင်းကတောစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲအဖြစ်ဒုတိယအကြိမ်တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်မှုနဲ့ လက်နက်ခဲယမ်းလိုအပ်ချက်တွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရေစကြိုမြို့နယ်က ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၁) ရက်နေ့က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား (၇) ဦးထက်မနည်းသေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ခုက…

FATF ရဲ့ အမည်ပျက်စာရင်းသွင်းမှုကြောင့် ဒေါ်လာဈေး အဆမတန်တက်လာပြီး အရောင်းအဝယ်တွေခေတ္တရပ်နားထားရ

မော်လမြိုင်၊ အောက်တိုဘာ ၂၂ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ – Financial Action Task Force-(FATF) က မြန်မာနိုင်ငံကို အမည်ပျက် စာရင်း (Black list) ထည့်သွင်းခံရတဲ့ တတိယမြောက်နိုင်ငံအဖြစ် ကြေညာချက်အပြီး ဒီနေ့နံနက်မှာ ဒေါ်လာဈေးထိုးတက်သွားတာကြောင့် အရောင်း အဝယ်ကိစ္စတွေကို ရပ်နားထား လိုက်ရတယ်လို့ ကုန်သည်တွေထံမှ သိရပါတယ်။ FATF က အောက်တိုဘာလ(၂၁)ရက်နေ့မှာ အမည်ပျက်စာရင်း…

ရုရှားသင်္ဘောသားတွေနဲ့ ယူကရိန်း အမျိုးသမီးအကျဉ်းသားတွေကို လဲလှယ်

မော်စကို၊ အောက်တိုဘာ (၂၂) ယူကရိန်းနိုင်ငံက ဖမ်းဆီးထားတဲ့ ရုရှားနိုင်ငံသား (၁၁၀) ဦးအတွက် စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းထားတဲ့ ယူကရိန်း အမျိုးသမီး (၁၀၈) ဦးကို ရုရှားက လဲလှယ်ပေးခဲ့တယ်လို့ နှစ်ဖက်အရာရှိတွေက ပြောပါတယ်။ အဲဒီအမျိုးသမီးတွေထဲက ၃၇ယောက်ဟာ မေလက ပြီးဆုံးခဲ့တဲ့ မာရီယိုပူးလ်မြို့က တိုက်ပွဲအတွင်း အဇိုစတယ်သံမဏိကနေ လက်နက်ချခဲ့သူတွေ ဖြစ်ပါတယ်။ လွတ်မြောက်လာသူ အများစုဟာ ယူကရိန်းဖက်က…

ထိုင်းရဲစခန်းတစ်ခုမှာ သေနတ်အလက်ပေါင်း ၁၀၀ ပျောက်ဆုံးပြီး ခိုးသူမှာ ရဲအရာရှိဖြစ်နေ

ဘန်ကောက်၊ အောက်တိုဘာ (၂၂) ထိုင်းနိုင်ငံ ပက်ကရက်ခရိုင် ဒေသန္တရမှာ ရဲအရာတစ်ဦးဖြစ်တဲ့ ချောင်ဝါလစ် ဖွမ်ကန်ဂျွန်ဟာ စခန်းကနေ သေနတ် အလက်ပေါင်း ၁၀၀ ကို ခိုးယူပြီး ပြင်ပမှာ ပြန်လည်ရောင်းချခဲ့ပြီး အခုအခါမှာတော့ ပျောက်ဆုံးသွားတဲ့ လက်နက်အချို့ ပြန်လည်ရရှိပြီလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတပ်ဖွဲ့အနေ ပျောက်ဆုံးနေဆဲ လက်နက်တွေကို ဆက်လက်ရှာဖွေနေတာပါ။ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ အရာရှိ ချောင်ဝါလစ်…

ယူကရိန်းကိုလေကြောင်းတိုက်ခိုက်မှုတွေမှာ ရုရှားမြေပြင်က အီရန်လေ့ကျင့်ရေးမှူးတွေ ကူညီခဲ့ တယ်လို့အမေရိကန်ပြော

ကီးယက် – အောက်တိုဘာ(၂၂) ယူကရိန်းက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် အီရန်စစ်တပ်လေ့ကျင့်ရေးမှူးတွေက ရုရှား တပ်ဖွဲ့ဝင်တွေကို ကူညီပေးနေတဲ့အတွက် တင်းမာမှုတွေ တိုးမြင့်လာတဲ့ စစ်ပွဲတစ်ခုမှာ စိုးရိမ် ဖွယ်အခြေအနေတစ်ခုကို ထပ်ပေါင်းထည့်လိုက်တာဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။ စစ်ပွဲစတင်ချိန်ကစပြီး ယူကရိန်းမှာ ဓာတ်အားပြတ်တောက်မှု ပထမနေ့ကို ကျော်ဖြတ်ခဲ့ရပြီး ဆောင်းရာသီ နီးကပ်လာတာကြောင့် ပျက်စီးနေတဲ့ စွမ်းအင်စက်ရုံတွေကို ပြန်လည်ပြုပြင်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။…

လိင်ဖျော်ဖြေရေးအရုပ်မတွေကို ရွှေတိဂုံစေတီ ကားပါကင်မှာ ကန်တော့ခိုင်းနေတဲ့ ဘိုးတော် ဆိုသူအမှုဖွင့်ခံရ

ရန်ကုန် – အောက်တိုဘာ(၂၂) ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားမှာ လိင်ဖျော်ဖြေရေး အရုပ်မ(၂) ခုကို မယ်တော်ကြီး လို့အမည်တပ်ပြီး ကန်တော့ခိုင်းနေတဲ့ ဘိုးတော်ဆိုသူကို ဗဟန်းရဲစခန်းမှာ အမှုဖွင့်အရေးယူထား တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သံလွင်တိုင်မ်းကိုပြောပါတယ်။ အင်းဝိဇ္ဇာဓိုရ် ဆိုသူက တစ်ရုပ်ကို အမေရိကန်ဒေါ်လာ (၂၄၀၀) တန် တရုတ်ထုတ် လိင်ဖျော်ဖြေ ရေး အရုပ်(၂) ရုပ်ကို မြန်မာအဝတ်အစားတွေဝတ်ပေးပြီး…

မြို့ပြ စစ်ဆင်ရေးအတွက် တော်လှန်ရေးအထူးကွန်မန်ဒိုတပ်ဖွဲ့ရဲ့ လေ့ကျင့်နေမှု

မော်လမြိုင် – အောက်တိုဘာ(၂၂) အနောက်ပိုင်းတိုင်း တပ်မဟာ တပ်ရင်း ၇၀၃ အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့က အထပ်မြင့် အဆောက်အဦးတွေမှာ တိုက်ပွဲဖော်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ သူတို့ရဲ့ လေ့ကျင့်မှုတွေကို ထုတ်ပြန် ခဲ့ပါတယ်။ ကွန်မန်ဒိုတပ်ဖွဲ့ဟာ အချိန်ယူလေ့ကျင့်သင်ကြားပေးရတဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုတွေမရှိမဖြစ်လိုအပ်တဲ့အတွက် ငွေကြေးနဲ့ လက်နက်ခဲယမ်းလိုအပ်ချက်တွေကို ကူညီပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဓာတ်ပုံ – တပ်ရင်း ၇၀၃၊ တပ်မဟာ…

နောက်ခံလူ ဂါဘရီယဲလ်ကို အာဆင်နယ်အသင်း နှစ်ရှည်စာချုပ် ချုပ်ဆို

မော်လမြိုင်၊ အောက်တိုဘာ ၂၂ ပရီးမီးယားလိဂ်ကလပ်အသင်း အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိက နောက်ခံလူ ဂါဘရီယဲလ်ကို ၂၀၂၇ ခုနှစ်ထိ သက်တမ်းရှိတဲ့ နှစ်ရှည်စာချုပ် ထပ်မံချုပ်ဆိုလိုက်တယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဘရားဇီလ်နောက်ခံလူ ဂါဘရီယဲလ်ဟာ အခုဘောလုံးရာသီမှာ အာဆင်နယ်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားနေတဲ့အတွက် အာဆင်နယ်အသင်းက နှစ်ရှည် စာချုပ် ချုပ်ဆိုလိုက်တာပါ။ ဂါဘရီယဲလ်ကလည်း အာဆင်နယ်အသင်းနဲ့…

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ ရိုဟင်ဂျာ (၁၀၀) ကျော်ဖမ်းဆီးခံရ

ရန်ကုန် – အောက်တိုဘာ(၂၂) ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ မြန်မာ(၄)ဦးအပါအဝင်ရိုဟင်ဂျာ (၁၂၁) ဦး ကိုအောက်တိုဘာလ(၂၀) ရက်နေ့က ဖမ်ဆီးခံခဲ့ရတယ်လို့ အရှေ့ဒဂုံမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေ ကသံလွင်တိုင်းမ်ကိုပြောပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အမျိုးသား (၇၈) ဦးနဲ့ အမျိုးသမီး(၃၉) ဦးတို့ဖြစ်ကြပြီး စုစုပေါင်း (၁၁၇) ဦး ဖြစ်တယ်လို့ သိရပါတယ်။ “ရိုဟင်ဂျာတွေကို သွားလာလှုပ်ရှား၊ လုပ်ကိုင်စားသောက်ခွင့် အားလုံးကန့်သတ်ထားပြီး…