ကော့ကရိတ် – အောက်တိုဘာ(၂၁)
ကရင်ပြည်နယ် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာ ကော့ကရိတ်ရဲစခန်းအချုပ်ထောင်ကိုဖွင့်ပေး လိုက်ပြီး အချုပ်သားတွေကို လွှတ်ပေးလိုက်တယ်လို့ ကျားဖြူတပ်ခွဲ-၁ သတင်းနဲ့ ပြန်ကြားရေးက တရားဝင် ထုတ်ပြန်လာပါတယ်။
ဒီနေ့မနက်အစောပိုင်းက ကော့ကရိတ်မြို့နယ်မှာ ကော်သူးလေ Army က Lion Battalion၊ KNLA ပူးပေါင်းတပ်၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades Federal Wings၊ ကျားဖြူစစ်ကြောင်း မဟာမိတ်ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မြို့ ပတ်လည်ကို ပူးပေါင်းတပ်ဖွဲ့က ဝိုင်းထားပြီး လုံခြုံရေးလှည့်ကင်းတွေနဲ့ ကင်းလှည့်နေပြီဖြစ်တယ် လို့ ဆိုထားတာပါ။
လက်ရှိအချိန်မှာ စစ်ကောင်စီဘက်က အထိနာနေတဲ့အတွက် ရန်ကုန်မှော်ဘီလေတပ်က လေယာဉ် (၂) စင်းနဲ့ ပစ်ကူဗုံးကြဲတာတွေလုပ်နေတယ်လို့ သိရပြီး တော်လှန်ရေးအင်အားစုတွေဘက်ကဒီအခြေ အနေအတွက် ကြိုတင်ပြင်ဆင်မှုတွေအားကောင်းကောင်းနဲ့ ကော့ကရိတ်မြို့ကို သိမ်းဖို့ စတင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ချက်တွေရှိနေသေးတဲ့အတွက် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ လည်းတိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ