ဖမ်းဆီးခံ ဒီပဲယင်း လက်ယက်ကုန်းကျေးရွာ ဒေသခံ နှစ်ဦး ပြန်လွတ်လာ

ဒီပဲယင်း၊ အောက်တိုဘာ (၁၆)

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက ဖမ်းဆီးခံ ပြည်သူတွေအနက် အမျိုးသား နှစ်ဦးဟာ အောက်တိုဘာ ၁၅ ရက်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီလောက်မှာ လေယာဉ်နဲ့ လက်ယက်ကုန်းကျေးရွာကို ဝေဟင်ကနေ တစ်နာရီနီးပါး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး အဲဒီပစ်ခတ်မှု ဖြစ်စဉ်မှာ ဆရာ၊ ဆရာမတွေ အပါအဝင် လူ ၁၇ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ကားသမားနှစ်ဦးကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဝေဟင်တိုက်ခိုက်မှုအပြီးမှာ ဒဏ်ရာရတဲ့ ဆရာ၊ဆရာမတွေ အပါအဝင် ကလေးသူငယ်တွေကို ဆေးကုသပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရေဦးတိုက်နယ် ဆေးရုံနဲ့ မုံရွာစစ်ဆေးရုံဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ရေဦး တိုက်နယ်ဆေးရုံဘက်ကို ခေါ်သွားတဲ့ကလေးတွေကိုတော့ ဒီနေ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဘဲ အဲဒီအထဲက ကလေးငယ်တစ်ဦးကို မုံရွာတိုက်နယ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့က ဆိုပါတယ်။

ဒီပဲယင်းမှာ စစ်ကောင်စီဖမ်းဆီးထားတဲ့ ကလေးငယ်နဲ့ ဆရာ ဆရာမတွေအပါအဝင် ဒေသခံ စုစုပေါင်း (၁၁)ဦး ကျန်ရှိနေသးပြီး အခုအချိန်ထိ သက်ဆိုင်သူတွေထံ အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့လည်း သိရပါတယ်။

ဒီပဲယင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားကလေးငယ် ၇ ဦး အရပ်သား ၆ တစ်ဦးစုစုပေါင်း ၁၃ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင် သွားတဲ့သူ ၁၇ ယောက်မှာတော့ တစ်ယောက်အသတ်ခံထားရပြီး၊ ကျန်တဲ့သူတွေကိုလလည်း အခုအချိန်အထိ ပြန်မလွှတ်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

5145142 comments15 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.