ဘန်ကောက် – အောက်တိုဘာ (၁၆)

ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်၊အရှေ့ဘက်နဲ့  အလယ်ပိုင်းဒေသတွေမှာ ဒီနေ့ အောက်တိုဘာ (၁၅) ရက်နေ့မှာ ဝင် ရောက် တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Sonca ကြောင့် မိုးသည်းထန်စွာ ရွာသည်းနိုင်ချေရှိနေပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွားနိုင် တယ်လို့ ထိုင်းမိုးလေဝသဌာန (TMD)က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီမိုးလေဝသထုတ်ပြန်ချက်မှာ မုန်တိုင်းဟာ ထိုင်းနိုင်ငံ ခွန်ခန်း၊မဟာဆာရာခန်နဲ့ ယူဘွန်ရတ်ချာသနီ စတဲ့ဒေသတွေအပါအဝင် ထိုင်းအရှေ့မြောက်ပိုင်းက ပြည်နယ် အများအပြားမှာ မိုးသည်းထန်ရုံမက၊ လေပြင်းပါ တိုက်ခိုက်မယ်လို့ ဖော်ပြထားတာပါ။

မုန်တိုင်းရဲ့ အရှိန်ကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း အောက်တိုဘာ ၁၆ရက်ကနေ ၂၀ ရက်နေ့အထိ မိုးသည်းထန်နိုင်တယ် လို့ ခန့်မှန်းထားပါတယ်။  တစ်နိုင်ငံလုံးမှာရှိတဲ့ ဆည်တွေနဲ့ ရေ လှောင်ကန်တွေမှာလည်း စိုးရိမ်ရေမှတ်အထိ မြင့်တက်လာနေတဲ့ အတွက် ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်ပိုင်းက ရေလွှမ်းမိုးမှုအခြေအနေ ပိုမိုဆိုးရွားလာနေတာပါ။

မုန်တိုင်းမိုးကြောင့် နိုင်ငံမြောက်ဘက်ရှိ ကျောက်ဖရားမြစ်ဆီ စီးဝင်တဲ့ မြစ်လက်တက်တွေထဲမှာ  ရေပမာဏတိုး လာတဲ့အတွက် ကျောက်ဖရားမြစ်ဝှမ်းတလျှောက် ရေလွှမ်းမိုးမှု ဖြစ်လာမယ့် အခြေအနေကို စိုးရိမ်နေရတယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ပထမပတ်တုန်းက တိုက်ခိုက်ခဲတဲ့ နိုရူမုန်တိုင်းကြောင့ ်ထိုင်းအရှေ့မြောက်ပိုင်း၊ မြောက်ပိုင်း နဲ့ ဗဟိုအလယ်ပိုင်းဒေသ ၂၈ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာပါ။ အခုနှစ်ထဲ မှ ထိုင်းနိုင်ငံတစ်လွှား ရေလွှမ်းမိုးမှုကြောင့်မိ သားစုသုံးသိန်းခန့် ရေဘေးသင့်ခဲ့ရပါတယ်။

Ref; Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.