October 5, 2022

ပြည်သူ့ပညာရေးကျောင်း တစ်ထောင်ကျော် နဲ့ အွန်လိုင်းကျောင်းပေါင်း (၆၀) ကျော်ဖွင့်လှစ် နိုင်ပြီလို့ NUG ဆို

မော်လမြိုင် – အောက်တိုဘာ(၅) ပြည်သူ့ပညာရေးကျောင်း(၁) ထောင်ကျော်နဲ့ အွန် လိုင်း စာသင်ကျောင်းပေါင်း(၆၀) ကျော်ကို ဖွင့် လှစ်နိုင်ပြီဖြစ်သလို တက္ကသိုလ်အသွင်နဲ့ သင်ကြား ပို့ချနိုင်တဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ အောက်တိုဘာလ(၅) ရက်နေ့မှာ ကျရောက်တဲ့ (၅၅) နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ မိန့်ခွန်း မှာအခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။ “အားလုံးရဲ့ကြိုးစားအားထုတ်မှုဖြင့်…

မြဝတီ အာရှလမ်းမှာ ပွင့်နေခြည်ဇာတ်ပွဲကားတိမ်းမှောက်ပြီး ခြောက်ဦးသေဆုံး

ကော့ကရိတ် – အောက်တိုဘာ(၅) ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြဝတီ-ကော့ကရိတ်အာရှလမ်း ကွမ်းခြံကုန်းအဆင်းမှာ ဇာတ်ပွဲ ကားတိမ်းမှောက်ပြီး (၆) ဦးသေဆုံးကာ (၁၅) ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ညနေ(၄) နာရီကျော်က ပွင့်နေခြည်ဇာတ်သဘင်ကားဟာ ဘရိိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာပါ။ “ကားကလမ်းအဆင်းမှာ ဘရိတ်ပေါက်ပြီးမှောက်သွားတာ။ ကားချင်းတိုက်တာမဟုတ်ဘူး။ ဘရိတ်ပေါက်တော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဘောင်နဲ့ တိုက်ပြီးမှောက်တာ။…

ချန်ပီယံလိဂ်မှာ ဘိုင်ယန်နဲ့လီဗာပူးလ် အနိုင်ရပြီး ဘာစီလိုနာ ရှုံးပွဲကြုံ

မော်လမြိုင်၊ အောက်တိုဘာ (၅) ဒီကနေ့ မနက်ပိုင်းနဲ့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်(၃) အပြီးမှာတော့ နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ လီဗာပူးလ်အသင်းတွေဟာ ပြိုင်ဘက်အသင်းတွေကို အနိုင်ရခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ ရှုံးပွဲကြုံခဲ့ရတာပါ။ ပရီးမီးယားလိဂ်ကလပ်အသင်း လီဗာပူးလ်အသင်းဟာ စကော့တလန်ကလပ်အသင်း ရိန်းဂျားစ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုး မရှိ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။ လီဗာပူးလ်အသင်းအတွက်…

ကဗျာဆရာကြည်ဇော်အေးရဲ့ နောက်ဆုံးခရီး

ရန်ကုန် – အောက်တိုဘာ(၅) ဦးနှောက်သွေးကြောပေါက်ကာ ပြီးခဲ့တဲ့ အောက်တိုဘာ လ(၃) ရက်နေ့က ကွယ်လွန်ခဲ့တဲ့ ကဗျာဆရာ ကြည်ဇော်အေးကို မနက်(၁၁)နာရီမှာ ရေဝေးသုသာန်မှာသင်္ဂြိုလ်ခဲ့ပါတယ်။ ဆရာကြည်ဇော်အေးရဲ့ နောက်ဆုံးခရီးကို သူ့ရဲ့ ပရိသတ်တွေ သူ့ကို ချစ်ခင်ကြတဲ့ ကဗျာဆရာ တွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ကွယ်လွန်သူကို ရည်စူးပြီး အောက်တိုဘာလ(၇) ရက်နေ့ မနက်(၁၀) နာရီမှာ ဗဟန်းမြို့နယ် လိပ်ပြာ…

နွေဦးတော်လှန်ရေးမှာ ထိခိုက်နစ်နာခဲ့ရတဲ့ ပညာရေးဝန်ထမ်းတွေကို မော်ကွန်းဝင်သူရဲကောင်း အဖြစ် NUG ဂုဏ်ပြု

မော်လမြိုင် – အောက်တိုဘာ(၅) နွေဦးတော်လှန်ရေးမှာ အာဏာရှင်ကို ခုခံတော်လှန်ရေး ထိခိုက်ကျဆုံးမှုတွေကြုံတွေ့ခဲ့တဲ့ ပညာရေး နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေကို မော်ကွန်းဝင်တော်လှန်ပညာသူရဲကောင်းတွေအဖြစ် သတ်မှတ် ဂုဏ်ပြုတယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ရဲ့ လူမဆန်စွာရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ကျောင်းသူ/ကျောင်းသားတွေလည်း ပါဝင်တယ်လို့ ဆိုထားပါတယ်။ NUG အစိုးရက မော်ကွန်းဝင် သူရဲကောင်းအဖြစ်ကြေညာတာဟာ…

ဆီးရီးယားဒုက္ခသည်တွေကို ကူညီပေးခဲ့တဲ့ ဂျာမနီအဓိပတိဟောင်း အိန်ဂျလာမာကယ် UNHCR ရဲ့ အမြင့်ဆုံးဆု ရရှိ

ဂျီနီဗာ၊ အောက်တိုဘာ (၅) ဆီးရီးယား ဒုက္ခသည်တွေကို ဂျာမနီနိုင်ငံအတွင်းသို့ ဝင်ခွင့်ရရှိအောင် ကြိုးပမ်းမှုတွေအတွက် UNHCR Nansen Refugee Award ဆုကို ဂျာမနီ အဓိပတိဟောင်း အိန်ဂျလာမာကယ်က ရရှိခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ပြောရေးဆိုခွင့်ရှိသူ က ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ အေဂျင်စီကနေ နှစ်စဉ်ပေးအပ်တဲ့ Nansen ဒုက္ခသည်ဆုအတွက်…

အင်ဒိုမှာ ဘောလုံးပွဲအတွင်းလူအုပ်ဖြစ်စေခဲ့တဲ့ အကြောင်းကို စတင်စုံစမ်းနေပြီး ရဲတွေကိုလည်း စစ်ဆေးနေ

အင်ဒိုမှာ ဘောလုံးပွဲအတွင်းလူအုပ်ဖြစ်စေခဲ့တဲ့ အကြောင်းကို စတင်စုံစမ်းနေပြီး ရဲတွေကိုလည်း စစ်ဆေးနေ ဂျာကာတာ – အောက်တိုဘာ(၅) ပြီးခဲ့တဲ့ အောက်တိုဘာ ၂ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရဲ့ ဘောလုံးပွဲတစ်ခုအတွင်း ဖြစ်ပွားခဲ့တဲ့ လူအုပ်ပိမှုကြောင့် လူပေါင်း ၁၂၅ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ဟာ အားကစားကွင်းအတွင်း ကမ္ဘာ့အသေအပျောက် အများဆုံး ဖြစ်စဉ်တွေအနက် တစ်ခုဖြစ်ခဲ့တာ ကြောင့် ပါဝင်ပတ်သက်ခဲ့တဲ့ အင်ဒိုနီးရှားရဲ အရှာရှိတွေကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။…

အာဆီယံထိပ်သီးအစည်းအဝေးကို ဘုံသဘောတူညီချက်တွေမလိုက်နာတဲ့ စစ်ကောင်စီကို ဖိတ်မှာမဟုတ်

အာဆီယံထိပ်သီးအစည်းအဝေးကို ဘုံသဘောတူညီချက်တွေမလိုက်နာတဲ့ စစ်ကောင်စီကို ဖိတ်မှာမဟုတ် ဖနွမ်းပင် – အောက်တိုဘာ(၅) ကမ္ဘောဒီးယားနိုင်ငံက မြန်မာ့ပဋိပက္ခအရေးနဲ့ ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် တွေကို လိုက်နာဆောင်ရွက်တာမရှိတဲ့ အာဏာသိမ်းစစ်အုပ်စုကို ဖနွမ်းပင်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်း အဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ဖိတ်ကြားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားပြုမှုမပါတဲ့ ကိုယ်စားလှယ်တွေကို အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားမှာဖြစ်ပြီး ဘုံသဘောတူညီချက်(၅) ချက် ကို အကောင်အထည်ဖော်ချိန်မှာ…

လွိုင်ကော်အရှေ့ဘက်ခြမ်း ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ဝင်ရောက်မွှေနောက်နေ

လွိုင်ကော်၊ အောက်တိုဘာ (၅) ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ဝင်ရောက်မွှေနောက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၃) ရက်နေ့ ညကစပြီး လွိုင်ကော်မြို့ အရှေ့ခြမ်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး စစ်ကြောင်းထိုး ဝင်လာတာပါ။…