အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့” အပြစ်မဲ့ ရဟန်းရှင်လူ ၃၆၀၀ ခန့်ကို NUG/PDF အဖွဲ့က တောတွင်းဥပဒေကျင့်သုံးပြီး သတ်ဖြတ်ထား”ဆိုတဲ့သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက အောက်တိုဘာ၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ကို ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ Myanmar Informer လူမှုစာမျက်နှာတွေနဲ့ အကောင့်တွေကနေ ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။

“အပြစ်မဲ့ ရဟန်းရှင်လူ ၃၆၀၀ ခန့်ကို NUG/PDF အဖွဲ့က တောတွင်းဥပဒေကျင့်သုံးပြီး သတ်ဖြတ်ထား” ဆိုတဲ့ ခေါင်းစဉ်နှင့်အတူ Videoနှင့် ရေးသား ဖြန့်ဝေခဲ့ကြတာပါ။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တွေကတော့-

https://fb.watch/fWtlII3F9s/

ဒီအကြောင်းအရာကို သံလွင်တိုင်းမ်က စိစစ်ကြည့်ရာမှာတော့ စစ်ကောင်စီ လော်ဘီပေ့ချ် တွေကနေ ဖြန့်ဝေနေတာဟာ သတင်းအမှားသာဖြစ်တာတွေ့ရပါတယ်။

ဖြစ်စဉ်အမှန်မှာ စစ်အာဏာသိမ်း (၆၁၀) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၃၂ ဦး အထိရှိနေကြောင်း အောက်တိုဘာ (၃)ရက်က AAPP က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်ကောင်စီတပ်သားတွေရဲ့မတရား သဖြင့်သတ်ဖြတ်ခံရတဲ့ ပြည်သူ၂၃၃၂ ဦး ရှိနေတယ်လို့ သိရပါတယ်။

ဒီသတင်းအချက်အလက်နဲ့ပက်သက်ပြီး AAPPရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်းသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

AAPPရဲ့ သတင်းထုတ်ပြန်ချက် လင့်

https://www.facebook.com/321873771205260/posts/5641898559202728/

Than lwin Time သတင်းဌာနနဲ့DVBသတင်းဌာနတွေရဲ့ဖော်ပြချက် အပြည့်အစုံကို အောက်ပါလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

Than lwin Time သတင်းဌာနရဲ့ သတင်းလင့်

https://www.facebook.com/163055077152350/posts/4178157552308729/

DVBသတင်းဌာနရဲ့ သတင်းလင့်

https://m.facebook.com/story.php?story_fbid=5908109585894159&id=191574990881009

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” အပြစ်မဲ့ ရဟန်းရှင်လူ ၃၆၀၀ ခန့်ကို NUG/PDF အဖွဲ့က တောတွင်းဥပဒေကျင့်သုံးပြီး သတ်ဖြတ်ထား”ဆို တဲ့ သတင်းဟာ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ သတင်းတုတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.