ဝါရှင်တန်၊ စက်တင်ဘာ (၃၀)
ဒေသအတွင်း တရုတ်လွှမ်းမိုးမှုမြင့်တက်လာတာကို ရင်ဆိုင်နေရချိန်မှာ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ပစိ ဖိတ်ကျွန်းဆွယ်ခေါင်းဆောင်တွေအတွက် ကောဇောနီးခင်းတဲ့ ဆက်ဆံရေးကို ပြောင်းလဲလိုက်ပါတယ်။
ဝါရှင်တန်မှာ ကျင်းပတဲ့ ပထမဦးဆုံး ထိပ်သီးအစည်းအဝေးပွဲမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ အနိမ့်ပိုင်းမှာ တည်ရှိနေ တဲ့ ကျွန်းနိုင်ငံတွေကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတွေဖြစ်သော ကပ်ဘေးတွေ၊ ရာသီဥတုပြောင်းလဲခြင်းတွေနဲ့ ပင်လယ်ရေကြောင်း လုံခြုံရေးကနေ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာရပ်တွေကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကူညီပေးနိုင်ဖို့နဲ့ သံတမန်ရေးစေ့စပ်မှုတွေကို လုပ် ဆောင်ဖို့ ကတိပြုခဲ့တာပါ။
နှစ်ရက်တာကျင်းပခဲ့တဲ့ အဲဒီ အစည်းအဝေးမှာ ခေါင်းဆောင် ၁၂ ဦးနဲ့ အခြားသော နိုင်ငံက ကိုယ်စားလှယ်နှစ်ဦးတက်ရောက် ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က နေ့လည်စာနဲ့ တည့်ခင်းဧည့်ခံခဲ့ပါတယ်။ အမေရိကန်ပြည် ထောင်စုဟာ သင်တို့နဲ့ မိတ်ဖက်ပြုဖို့ လိုလားနေကြောင်း၊ အမေရိကန်ကို ယုံကြည်လို့ ရပါကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတွေဟာ ကြီးကြီး ငယ်ငယ် ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒိုပစိဖိတ် ဒေသဖြစ်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
ဘလင်ကန်ရဲ့ ထိပ်သီးအစည်းအဝေးပွဲ ထုတ်ပြန်ချက်မှာ “ကျွန်ုပ်တို့အကြား သဘောတူညီမှုရရှိခဲ့သလို ဒီသဘောတူညီချက်ဟာ အနာဂတ်ကာလမှာ အတူတကွ လုပ်ဆောင်နိုင်မယ့် လမ်းပြမြေပုံတစ်ရပ်ကို ပေးလိုက်တာပါ”လို့လည်း ပါရှိခဲ့တာပါ။
ဆော်လမွန်ကျွန်းနိုင်ငံတွေဟာ အခုကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ လေ့လာသူအဖြစ်ပါဝင်တဲ့ ဩစတြေးလျနဲ့ နယူးဇီလန်အပြင် အမေရိကန်ပြည်ထောင်စုရဲ့ သတိပေးချက်များကို ရင်ဆိုင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလတုန်းက တရုတ်နိုင်ငံနဲ့လည်းလျှို့ဝှက် လုံခြုံရေးစာချုပ်ကို ချုပ်ဆိုထားခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
Ref: CNA