ဟာဗားနား ၊ စက်တင်ဘာ (၂၈)
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာ လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုဖို့ ကျူးဘား မဲဆန္ဒရှင် ၆၆ရာခိုင်နှုန်း က ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
အငှားကိုယ်ဝန်ဆောင်ခွင့်နဲ့ လိင်တူစုံတွဲတွေကို ကလေးမွေးစားခွင့် ပြုပေးနိုင်မယ့် မိသားစုစည်းမျဉ်း သစ်ထဲက ပြုပြင်ပြောင်းလဲမှု တွေကို အတည်ပြုနိုင်ဖို့ နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံက မဲပေးခဲ့ကြတာပါ။
၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာ လိင်တူချစ်သူတွေကို ညှင်းပန်းနှိပ်စက်ပြီး အလုပ်ကြမ်း စခန်းတွေကို ပို့ဆောင်ခဲ့တဲ့ ကျူးဘား နိုင်ငံအတွက်ကတော့ ဒီဖြစ်ရပ်ဟာ ကြီးမားတဲ့ ပြောင်းလဲမှုအခိုက်အတန့်လည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ရှေးရိုးစွဲတွေကတော့ အဲဒီပြောင်းလဲမှုတွေကို သိသိသာသာကို ဆန့်ကျင်ခဲ့ကြတာပါ။
စာမျက်နှာ ၁၀၀ ပါဝင်တဲ့ မိသားစုစည်းမျဉ်း အသစ် သတ်မှတ်နိုင်ရေးအတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ရက်နေ့က ကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲတွေမှာ မူကြမ်း ပေါင်းနှစ်ဒါဇင်ကျော်ပြင်ဆင်ခဲ့ရပြီး ဒေသတွင်းအဆင့် ဆွေးနွေးငြင်းခုံမှုတွေကလည်း နာရီပေါင်းများစွာ ဖြစ်ခဲ့ရပါတယ်။
ကျူးဘားအစိုးရက အဲဒီဥပဒေပြောင်းလဲမှုကို ထောက်ခံပြီး ဥပဒေအတည်ပြုနိုင်ရန် အတွက်ကိုတော့ နိုင်ငံလုံးကျွတ်ကမ်ပိန်း လှုံ့ ဆော်မှုတွေ ပြုလုပ်ကာ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
ဥပဒေကြောင်းအရ ဒီလိုလိင်တူလက်ထပ်ခွင့် အကျုံးဝင်လာခြင်းဟာ ကျူးဘားမှာရှိတဲ့ လိင်တူချစ်သူအရေး တက် ကြွလှုပ်ရှားသူတွေရဲ့ အမြင့်ဆုံးအောင်မြင်မှုလည်း ဖြစ်ပါတယ်။
အဲဒီဆန္ဒခံယူပွဲတွေအားလုံး ပြုလုပ်နေချိန်မှာ ကျူးဘားမှာ ကြီးမားတဲ့ စွမ်းအင်အကျပ်အတည်းကြောင့် လူသန်းပေါင်းများစွာ နေ့စဉ်ဓာတ်အားပြတ်တောက်မှုနဲ့ ကြုံတွေ့နေရချိန်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။
Ref,BBC