September 27, 2022

ဆွန်ဇာလန်နိုင်ငံမှာ မိုဒန်နာ ကိုဗစ်ကာကွယ်ဆေး (၁၀) သန်းကျော်ကို ဖျက်ဆီးမယ်

ဇူရစ် – စက်တင်ဘာ(၂၇) ဆွစ်ဇာလန်နိုင်ငံမှာ မိုဒန်နာကိုဗစ်ကာကွယ်ဆေး (၁၀.၃) သန်းကို ဒီသီတင်းပတ်မှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ဖျက်ဆီးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြာခဲ့ ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၁) ရက်နေ့က ဆေးတွေ သက်တမ်းကုန်ဆုံးပြီးနောက် ဖယ်ရှား ဖျက်ဆီးလိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူးလို့ ဝန်ကြီးဌာနက ပြောဆိုခဲ့တယ်လို့ Keystone-ATS သတင်းဌာနက ထုတ်ပြန်ထားတာပါ။ ဆေးပမာဏ(၂.၅)သန်းကို ဆွစ်ဇာလန်စစ်တပ် ထောက်ပံ့ပို့ဆောင်ရေးစခန်းမှာ…

သမ္မတရှီ အာဏာသိမ်းခံရတဲ့သတင်းထွက်ပေါ်နေပေမယ့် တရုတ်ဖက်က တုံ့ပြန်ပြောဆိုခြင်း မရှိသေး

ပေကျင်း၊ စက်တင်ဘာ(၂၇) တရုတ်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားပြီး သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားတယ်လို့ အိန္ဒိယနိုင်ငံရှိ မီဒီယာတွေမှာ ဖော်ပြနေကြပေမယ့် တရုတ်ဖက်ကတော့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဘေးဂျင်းလေဆိပ်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းလိုင်း ၆၀၀၀ ကျော်ကို ခရီးစဉ်ပယ်ဖျက်ထားလိုက်ပြီး နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားပြေးဆွဲမှုတွေကိုလည်း ဆိုင်းငံ့လိုက်တဲ့အတွက် တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ဟာ နေအိမ်အကျယ်ချုပ်…

အမေရိကန် ဒုတိယသမ္မတ ကင်မလာ ဟားရစ် ကိုရီးယား စစ်မဲ့ဇုန်ကို သွားရောက်မယ်

တိုကျို၊ စက်တင်ဘာ (၂၈) အမေရိကန် ဒုတိယ သမ္မတ ကင်မလာ ဟားရစ်ဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြားမှာရှိတဲ့ စစ်မဲ့ ဇုန် (Demilitarised Zone – DMZ) ကို စက်တင်ဘာ ၂၉ ရက်နေ့မှာ သွားရောက်မှာ ဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီခရီးစဉ်ကို တိုကျိုမြို့မှာ စက်တင်ဘာ ၂၇ရက်နေ့က…

ကျူးဘားမှာ လိင်တူချင်းထိမ်းမြားခွင့်ကို တရားဝင်ခွင့်ပြုဖို့ ပြည်သူတွေတခဲနက် မဲပေးခဲ့

ဟာဗားနား ၊ စက်တင်ဘာ (၂၈) မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာ လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုဖို့ ကျူးဘား မဲဆန္ဒရှင် ၆၆ရာခိုင်နှုန်း က ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ အငှားကိုယ်ဝန်ဆောင်ခွင့်နဲ့ လိင်တူစုံတွဲတွေကို ကလေးမွေးစားခွင့် ပြုပေးနိုင်မယ့် မိသားစုစည်းမျဉ်း သစ်ထဲက ပြုပြင်ပြောင်းလဲမှု တွေကို အတည်ပြုနိုင်ဖို့ နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံက မဲပေးခဲ့ကြတာပါ။ ၁၉၆၀ နဲ့ ၁၉၇၀…

မြောက်ကိုရီးယားနဲ့ တရုတ်ကြား နယ်စပ်ဖြတ်ကျော် ကုန်တင်ရထား ပြန်လည် ပြေးဆွဲ

ဆိုးလ်၊ စက်တင်ဘာ (၂၇) ငါးလကြာ ဆိုင်းငံ့ထားတဲ့ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး ရထားပြေးဆွဲမှုကို ပြန်လည်စတင်နေပြီလို့ တောင်ကိုရီးယား ယွန်ဟပ် သတင်းဌာနက စက်တင်ဘာ ၂၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ဒန်ဒေါင်းက ကုန်တင်ရထားတစ်စီးဟာ မြောက်ကိုရီးယားနိုင်ငံ စင်ယူဂျူးမြို့သို့ နယ်စပ်ဖြတ်ကျော်တံတားမှ ဖြတ်သန်းသွား ခဲ့တယ်လို့ အဲဒီသတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ မြောက်ကိုးရီးယားနဲ့ ထိစပ်နယ်စပ်မြို့…

ဂန့်ဂေါမင်းရွာက ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ်က သုံးရက်ဆက်ခိုးယူတာတွေလုပ်နေ

ဂန့်ဂေါ – စက်တင်ဘာ(၂၆) မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာက ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက (၃) ရက်ဆက်တိုက် ဖောက်ထွင်းခိုးယူတာတွေလုပ်နေတယ်လို့ ပြည်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၄) ရက်နေ့ကစပြီး စစ်ကောင်စီလက်အောက်ခံရဲနဲ့ စစ်တပ်ပူးပေါင်း အဖွဲ့ ဟာ မင်းရွာဒေသခံတွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေ၊ဆိုင်ကယ်နဲ့ ဖုန်းတွေကို ဗြောင်ကျကျသယ်ဆောင် တာတွေလုပ်ဆောင်နေတာပါ။ “ဒီနေ့ခိုးယူတဲ့ပစ္စည်းစာရင်းတွေအချက်လက်တွေကိုစုစည်းနေတယ်ဗျ။ တိတိကျကျ မသိရသေး ဘူး။”လို့…

စစ်တွေပွိုင့်မှာ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦး ပင်လယ်ထဲခုန်ချ

စစ်တွေ စက်တင်ဘာ ၂၆ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နာမည်ကျော် အပန်းဖြေစခန်းဖြစ်တဲ့ စစ်တွေပွိုင့်ကမ်းခြေမှာ အသက် ၁၈ နှစ် အရွယ်အမျိုးသမီးငယ်တစ်ဦး ပင်လယ်ထဲသို့ ဒီကနေ့ နံနက်ပိုင်းက ခုန်ချခဲ့ပြီး ညနေပိုင်းအထိရှာမရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ “ခုန်ချသွားတာတော့ သေချာတယ်။ မိုးရာသီကာလလည်းဖြစ်တယ်။အဲဒီနေရာမှာ အဲဒီလိုဖြစ်စဉ်မျိုး’က သိပ်ပြီးအသက်ရှင် စရာ အကြောင်းတော့မရှိတော့ဘူး။ ညနေတောင် စောင်းသွားပြီဆိုတော့ အလောင်းဆိုရင်လည်း…

စစ်ကောင်စီခေါင်းဆောင်နဲ့ တိုင်းရင်းသားလက်နက်ကိုင် (၃) ဖွဲ့ဒုတိယအကြိမ်တွေ့ဆုံ

နေပြည်တော် – စက်တင်ဘာ(၂၆) အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်မှုနဲ့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးဖို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ အမျိုးသားဒီမိုကရက် တစ်မဟာမိတ်အဖွဲ့(NDAA/မိုင်းလား)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တာဝန်ရှိသူတွေ စက်တင်ဘာလ(၂၅) ရက်နေ့က နေပြည်တော်ကို ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ “ဝ” တပ်ဖွဲ့ကို ဒုဥက္ကဌဖြစ်သူ ဦးလော့ယာကု၊NDAA အဖွဲ့ကို ဒုဥက္ကဌ ဦးစန်ပေ့နဲ့ SSPP အဖွဲ့ကို ဒုဥက္ကဌ-၂ စပ်ခွန်ဆိုင်တို့က…

စစ်အာဏာသိမ်း ရက် (၆၀၃) အတွင်း သတ်ဖြတ်ခံရသူ ၂၃၁၉ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၂၇) AAPP ၏ စက်တင်ဘာလ (၂၆) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၆၀၃)အတွင်း ပြည်သူ (၂၃၁၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၆၄၃ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၂၁) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…