တူရင်း၊ စက်တင်ဘာ (၂၀)
အီတလီစီရီးအေကလပ်၊ ဂျူဗင်တပ်စ်အသင်းဟာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို နည်းပြအဖြစ် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြနေကြတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံနေရတဲ့အတွက် နည်းပြဖြစ်သူ အယ်လီဂရီကို ရာထူးကနေ ထုတ်ပယ်ပြီး ဇီဒန်းကို အစားထိုး ခန့်အပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အသက် ၅၀ နှစ်အရွယ် ပြင်သစ်လူမျိုး နည်းပြ ဇီဒန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ နှစ်ဦးသဘော တူလမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။
ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား ၁၁ လုံးထိ ရယူပေးထားတဲ့အတွက် မန်ယူ အပါအဝင် ဥရောပထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူဖို့ ကြိုးပမ်းတာတွေ ရှိခဲ့တာပါ။
ဒါပေမယ့် နည်းပြဇီဒန်းကတော့ ဘယ်အသင်းရဲ့ ကမ်းလှမ်းမှုတွေကိုမှ လက်မခံဘဲ ငြင်းဆိုထားတာတပါ။
တဖက်မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ ရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ချဲလ်ဆီးနည်းပြဟောင်း ဖြစ်သူ တူဟယ်လ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
နည်းပြ အယ်လီဂရီရဲ့ ဂျူဗင်တပ်စ်အသင်းကတော့ ဒီရာသီအီတလီစီရီးအေပွဲစဉ် ၇ ပွဲကစားအပြီးမှာတော့ ၂ ပွဲနိုင်၊ ၄ ပွဲသရေ၊ ရှုံးပွဲ တစ်ပွဲ၊ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေသလို ချန်ပီယံလိဂ်မှာပွဲ ၂ ပွဲကစားရာမှာ ၂ ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်