မော်လမြိုင်၊ စက်တင်ဘာ (၁၉)

အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇) မှာ ဘရန့်ဖို့ဒ်အသင်းကို ဂိုးပြတ် အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဂျေးဇူး၊ ဆာကာ၊ မာတီနယ်လီ ၊ ပါတေး အပါအဝင် အဓိကကစားသမား အများစုနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ဘရန့်ဖိုဒ်အသင်းကလည်း အမာခံ ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့တာပါ။

ဒါပေမယ့် ဘရန့်ဖို့ဒ်အသင်းဟာ အာဆင်နယ်အသင်းကို အဘက်ဘက်က ယှဉ်ပြိုင်နိုင်စွမ်းမရှိတာကြောင့် အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိ ရလဒ်နဲ့ ဂိုးပြတ် အရှုံးပေးလိုက်ရတာပါ။

အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၁၇ မိနစ်မှာ ဆာလီဘာ၊ ပွဲချိန် ၂၈ မိနစ်မှာ ဂျေးဇူး ၊ ပွဲချိန် ၄၉ မိနစ်မှာ ဗီယာရာတို့က အသီးသီး သွင်းယူပေးခဲ့တာပါ။

ဒီပွဲရဲ့ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုကိုတော့ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးခဲ့တဲ့ အာဆင်နယ် တိုက်စစ်ကစားသမား ဆာကာ ရရှိခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၇) အပြီးမှာတော့ ၆ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.