စစ်တွေ – စက်တင်ဘာ(၁၉)

ရက္ခိုင့်တပ်တော်(AA) မှာ စစ်ကောင်စီတပ်သားတွေလက်နက်နဲ့ လာရောက်ပူးပေါင်းတဲ့ အရာရှိ၊ စစ်သည် ရာဂဏန်းရှိတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာလ(၁၉) ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောဆို ခဲ့တာပါ။

“လက်နက်ယူပြီး ကျနော်တို့ဆီမှာ လာရောက်ပူးပေါင်းတာရှိပါတယ်။ ဒါက တိုက်ပွဲမဖြစ်ခင်က လည်း ရှိတယ်။ တိုက်ပွဲ ကာလမှာလည်း ဆက်ရှိတယ်။ လာဖို့ရှိတဲ့သူတွေလည်း ဆက်သွယ် လာတာရှိတယ်။ အရေအတွက်ကတော့ ရာဂဏန်းလောက်ရှိတယ်”လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ လာရောက်ပူးပေါင်းသူ ပိုမိုများလာခဲ့ ပြီး ထပ်မံလာရောက်ဖို့ ဆက်သွယ်နေသူတွေလဲ ရှိတယ်လို့ သူက ပြောပါသေးတယ်။

လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ စစ်ကောင်စီဘက်က လက်နက် တွေနဲ့ ပူးပေါင်းလာတဲ့ အရာရှိစစ်သည် (၁၀) ဦးထပ်မနည်းရှိနေပြီး တခြားမြို့နယ်တွေမှာ အခြေစိုက်တဲ့ စစ်တပ်လက်အောက်ခံတပ်ဖွဲ့တွေလည်း လာရောက်ပူးပေါင်းတာရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိအခိုက် အသေအဆုံးများနေတဲ့အတွက် လက်နက်ကြီး၊လေယာဉ်တွေနဲ့ တိုက်ခိုက်တာတွေ အဆက်အပြတ်လုပ်ဆောင်နေပေမယ့် ရက္ခိုင့်တပ်တော်က စစ်ကောင်စီခြေကုပ်စခန်းတွေကို ဆက်တိုက်သိမ်းပိုက်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို စွန့်ခွါပြီး ပြည်သူတွေဘက်ကို အလင်းဝင်လာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်ထောင်နဲ့ချီရှိနေသလို တခြားဌာနဆိုင်ရာ ဝန်ထမ်း တွေ သိန်းနဲ့ချီရှိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.