September 19, 2022

မိုးမိတ်မှာ SSPP နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက် ထိခိုက် သေဆုံး ရှိခဲ့

မိုးမိတ် – စက်တင်ဘာ(၁၉) ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က (၃) ဦးသေဆုံးကာ (၅) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၇) ရက်နေ့ မနက်(၇) နာရီလောက်က မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာ မြောက်ဘက် ဟွေခမ်းတောင်ကြောမှာ SSPP/SSA နဲ့…

လက်ယက်ကုန်း ကျေးရွာက စစ်ကောင်စီဖမ်းသွားတဲ့ ဆရာနဲ့ ကလေးငယ်တွေရဲ့ အသက် အန္တရာယ်စိုးရိမ်နေရ

ဒီပဲယင်း – စက်တင်ဘာ(၁၉) စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ် ကလေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ပြီးနောက် အသက်ရှင်ကျန်ခဲ့တဲ့ ဆရာနဲ့ ကလေးငယ်တွေ ကိုဖမ်းဆီးသွားတဲ့အတွက် သူတို့တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၆) ရက်နေ့က တိုက်ပွဲဖြစ်ပွားတာမရှိပဲ စာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရရှိထားတဲ့ ဆရာမ(၂)ဦးနဲ့ ကလေးငယ်အယောက်(၂၀) ကို…

ရဟန်းသံဃာတော်တွေ ဝိနည်းသိက္ခာပုဒ်နဲ့အညီ စစ်ကောင်စီကို သပိတ်မှောက်ကြဖို့ တိုက်တွန်း

ထားဝယ်၊ စက်တင်ဘာ ၁၉ ပြည်သူလူထုအပေါ် အကြမ်းဖက် နှိမ်နင်းဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်တွေကို ရွှေဝါရောင်တော်လှန်ရေးစိတ်ဓာတ်နဲ့ ရဟန်းသံဃာတော်တွေက ဝိနည်းသိက္ခာပုဒ်နဲ့အညီ ပတ္တနိကုဇ္ဇနကံဆောင် သပိတ်မှောက်ကြဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ပန်ကြားလိုက်ပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ ပြည်သူလူထု ထိခိုက်နစ်နာမှုရှိတိုင်း ရဟန်းသံဃာတွေအနေနဲ့ ပြည်သူဘက်က ရပ်တည်ပြီး နိုင်ငံရေးမှာ ဦးဆောင်ဦးရွက်ပြု လှုပ်ရှားမှုတွေရှိခဲ့ပေမယ့် အခုအခါမှာတော့ ပါဝင်လှုပ်ရှားမှုနည်းလာသလို ဆရာတော်သံဃာတော်ကြီး‌တချို့ကလည်း စစ်ကောင်စီနဲ့ပူးပေါင်းနေတာမျိုးတွေရှိနေတာကြောင့် ရဟန်းသံဃာတွေအနေနဲ့…

စစ်ကောင်စီတပ်သားရာနဲ့ချီ ရက္ခိုင့်တပ်တော် AA တပ်တော်မှာ လက်နက်နဲ့ အလင်းဝင်လာ

စစ်တွေ – စက်တင်ဘာ(၁၉) ရက္ခိုင့်တပ်တော်(AA) မှာ စစ်ကောင်စီတပ်သားတွေလက်နက်နဲ့ လာရောက်ပူးပေါင်းတဲ့ အရာရှိ၊ စစ်သည် ရာဂဏန်းရှိတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ ဒီနေ့ စက်တင်ဘာလ(၁၉) ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောဆို ခဲ့တာပါ။ “လက်နက်ယူပြီး ကျနော်တို့ဆီမှာ လာရောက်ပူးပေါင်းတာရှိပါတယ်။ ဒါက တိုက်ပွဲမဖြစ်ခင်က လည်း ရှိတယ်။ တိုက်ပွဲ…

ဘရန့်ဖို့ဒ်အသင်းကို အနိုင်ယူပြီး အာဆင်နယ်အသင်း ဇယားထိပ်မှာ ဆက်လက် ဦးဆောင်

မော်လမြိုင်၊ စက်တင်ဘာ (၁၉) အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇) မှာ ဘရန့်ဖို့ဒ်အသင်းကို ဂိုးပြတ် အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဂျေးဇူး၊ ဆာကာ၊ မာတီနယ်လီ ၊ ပါတေး အပါအဝင် အဓိကကစားသမား အများစုနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ဘရန့်ဖိုဒ်အသင်းကလည်း အမာခံ ကစားသမားအများစုနဲ့…

ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

ဘီးလင်း၊ စက်တင်ဘာ ၁၉ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာ၊ အနောက်ရွာကြီးရွာလမ်းပေါ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီခန့် အလူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်းဟာ သူရဲ့ရော်ဘာခြံကို ဆိုင်ကယ်နဲ့သွားစဉ် အမည်မသိသေနတ်သမား ၂ ဦးက လာရောက်ပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးလှမင်းဟာ…

စစ်တပ်အုပ်စိုးနေတဲ့ ပြင်ဦးလွင်မှာ ငါးလောင်ပြိုင်လူသတ်မှုဖြစ်ခဲ့

ပြင်ဦးလွင် – စက်တင်ဘာ(၁၈) ပြင်ဦးလွင်မြို့မှာ ကလေးငယ်တစ်ဦးအပါအဝင် (၅) လောင်းပြိုင်လူသတ်မှု ဒီနေ့ စက်တင်ဘာလ (၁၈) ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြင်ဦးလွင်အနီးစခန်းနားစည်ကားရွာက ကြက်ခြံမှာဖြစ်ခဲ့တာဖြစ်ပြီး အမျိုးသား (၂)ဦး၊ အမျိုးသမီး(၂) ဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ဆီကို နေ့လည်(၁၂) နာရီမှာ ဆက်သွယ်လာလို့ သွားသယ်တာပါ…